Sunday, March 27, 2016

"နေပြည်တော် - (၂)"

"နေပြည်တော် - (၂)"

သမ္မတအိမ်တော်ရှေ့က
ဖြတ်လျှောက်မိတိုင်း
ဖြတ်လျှောက်မိတိုင်း
လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်ကို
နာနာကျင်ကျင်ပြန်တွေ့ရတယ်....။ ။

ချစ်ခြင်းအားဖြင့်
ချမ်းမြ

Sunday, March 13, 2016

"အင်းဝ"

"အင်းဝ"

ခေတ်​အဆက်​ဆက်
စာ​ပေပညာရှိ​တွေ​မွေးထုတ်​​ပေးတဲ့မြို့

သူရဲ​ကောင်းတို့​အော်​သံအစား
သပိတ်​ထုသံ​ နဲ့ ပနံရ​နေတဲ့မြို့

ဒုဌဝတီမြစ်​က​ဘေးက
နေဝင်​ချိန်​နဲ့အလှခြင်းပြိုင်​​နေတဲ့မြို့

မယ်​နုအုတ်​​ကျောင်း ၊ ဗားကရာ​ကျောင်း
ရှေး​ဟောင်းယဉ်​​ကျေးမှု​တွေနဲ
ယ​နေ့တိုင်​​မော်​ကြွား​နေဆဲမြို့

ချစ်​ခြင်းအားဖြင့်
ချမ်းမြ

"အ​ဖေ"


"အ​ဖေ"

ကျွန်​​တော်​ငယ်​ငယ်​က
ညညဆို ရွာမှာသူတက်​ခဲ့တဲ့
ဘုန်း​တော်​ကြီးစာသင်​​ကျောင်း​လေးအ​ကြောင်း
သူ့ဆရာ ဆရာ​တော်​ဘုရား​တော်​ဘုရားအ​ကြောင်း
ပြော​ပြောပြပြီး​ချော့သိပ်​တယ်

ကျွန်​​တော်​အရွယ်​​ရောက်ပြီး
တော်​လှန်​​ရေး​တွေစလုပ်​​တော့
ဖေ​ဖေက ညညဆို သူ​ထောင်​ထဲမှာ
ရှစ်​လ​နေခဲ့ရတဲ့အ​ကြောင်း​တွေ
ပြော​ပြောပြပြီး​ချော့သိပ်​တယ်

ကျွန်​​တော်​ အိမ်​ပြန်​လာတဲ့အခါတိုင်း
လိုင်းမ​ကောင်းတဲ့​ရေဒီယိုကြီးက​နေ
လွှင့်​​နေတဲ့ မြန်​မာနိုင်​ငံအ​ကြောင်းကို
ညညဆို သားအဖနှစ်​​ယောက်​​ပြောဖြစ်​ကြတယ်
   
 (မြန်မာနိုင်ငံတွင်ကျင်းပမည့် အဌမအကြိမ်မြှောက် အဖေနေ့သို့)

ချစ်ခြင်းအားဖြင့်
ချမ်းမြ

Saturday, March 5, 2016

"သူမထွက်သွားပြီးနောက်....ကျွန်တော်"

"သူမထွက်သွားပြီးနောက်....ကျွန်တော်"

ငါ့အတွက်တော့
မင်းနှုတ်ခမ်း နီတွေ စွန်းထင်သွားတဲ့
ကော်ဖီခွက်ကို ဆက်သောက်ခွင့်ရနေတာ
အချစ်ပေါ့.....။ ။

ကဗျာမဆန်ချင်တော့ပါဘူး
သစ်ရွက်ခြောက်တွေကိုကြည့်ရင်း
လွမ်းချင်သလိုလိုဖြစ်မိတာလွဲလို့ပေါ့....။ ။

ကံမကုန်သေးရင် ထိုင်နေကြ
ထိုင်ခုံလေးမှာ မင်းအတွက်ရေးထားတဲ့
ကဗျာတွေကိုရွတ်ပြချင်သေးတယ်.....။ ။

ချစ်ခြင်းအားဖြင့်
ချမ်းမြ

ချမ်းမြ – “ရုပ်​​သေးရုပ်​”


ချမ်းမြ – “ရုပ်​​သေးရုပ်​” 

လိုသလိုကြိုးဆွဲ ကခိုင်းလို့ရတယ်
ဘုရင်​လည်းရှိတယ်
ဘီလူးလည်းရှိတယ်
ဝန်​ကြီးလည်းရှိတယ်
လူကြမ်း​တွေလည်း ရှိတယ်

စိတ်​တိုင်းက ဖြစ်​​စေတယ်
လိုအပ်​သလို ခိုင်းလို့ရတယ်
ကြိုးဆွဲတိုင်းပဲ ကတယ်
ခိုင်းတာပဲ လုပ်​တယ်

အဓိက က
ဘုရင်​​ပဲဖြစ်​ဖြစ်​ ၊ ဘီလူးပဲဖြစ်​ဖြစ်
ဝန်​ကြီးပဲဖြစ်​ဖြစ် ၊ လူကြမ်းပဲဖြစ်​ဖြစ်
ကြိုးကိုင်​တတ်​ဖို့​ပဲ….။ ။

ချစ်​ခြင်းအားဖြင့်
ချမ်းမြ၊ ၁၈ ရက်​ ၊ ဖေ​ဖော်​ဝါရီလ ၊ ၂၀၁၆
(ပုဂံ ​​ရှေး​ဟောင်းယဉ်​​ကျေးမှုနယ်​​မြေ၌)

"ငြိမ်းချမ်းရေး FM"

"ငြိမ်းချမ်းရေး FM"

ဒိုင်း...ဒိုင်း...ဒိုင်း
ဒတ်..ဒတ်...ဒတ်
ဝုန်း...ဟောဟိုမှာ
ဂျိုးဖြူငှက်လေးတစ်ကောင်
သွေးရဲ သန်ရဲပျံလာနေပြီ....။  ။

ချစ်ခြင်းအားဖြင့်
ချမ်းမြ

Friday, March 4, 2016

ချမ်းမြ – “​သတင်းစာ”

ချမ်းမြ – “​သတင်းစာ” 

နောက်​​ကျောစာမျက်​နှာက ​နာ​ရေးသတင်းကို
အဖွင့်​ အမှာစကား ​ပြောကြားပြီး
စက်​ခလုပ်​နှိပ်​၍ ဖွင့်​လှစ်​ခဲ့သည်

လင်​မယားနှစ်​ဦး ကွာရှင်းပြတ်​စဲခြင်းကို
ဝန်​ကြီးများ မိတ်​ဆုံစားပွဲ ကျင်းပခဲ့သည်

အမျိုးသားပြည်​သူ့လွှတ်​​တော်​မှ
ဥပ​ဒေအသစ်​တစ်​ခု ပြဌာန်း​လိုက်​ကြောင်း
သတင်းကို စုံစမ်း​မေးမြန်းခြင်း သီးခံပါ​ ။     ။