Saturday, May 7, 2016

ချမ်းမြ – “ခေတ်မှီ ဖွံ့ဖြိုးသောနိုင်ငံတော်သစ်”


ချမ်းမြ – “ခေတ်မှီ ဖွံ့ဖြိုးသောနိုင်ငံတော်သစ်” 

(မိုးမခ) ဧပြီ ၃၀၊ ၂၀၁၆

ဖေဖေက
ညညဆို ဖယောင်းတိုင်မီးထွန်းပြီး
စာရင်းလုပ်တယ်

မေမေက
ညညဆို ဖယောင်းတိုင်မီးထွန်းပြီး
မေတ္တာသုတ်ရွတ်တယ်

ညီလေးက
ညညဆို ဖယောင်းတိုင်မီးထွန်းပြီး
စာကျက်တယ်

ပြည်သူတွေက
ညညဆို ဖယောင်းတိုင်မီးထွန်းပြီး
ခေတ်မှီ ဖွံ့ဖြိုးသောနိုင်ငံတော်သစ်ဆီကို သွားကြတယ်

“မန္တလေး စာအုပ်ငှားဆိုင်များ အလွမ်း”



“မန္တလေး စာအုပ်ငှားဆိုင်များ အလွမ်း”

        အခုဆိုရင် မန္တလေးမြို့မှာ  စာအုပ်ငှားဆိုင်လေးတွေပပြောက်ပြီး မြို့ရဲ့ နေရာတော်တော်များများကို ဖုန်းဆိုင်များစတိုးဆိုင်များနှင့်စူပါမားကတ်မိနီမတ်တွေကစိုးမိုးမိုးထားလိုက်သည်နှစ်အနည်းငယ်ကြာခဲ့ပြီဖြစ်သည်။အရမ်းလည်းနှမြောမိသည်။ဝမ်းလည်းနည်းသည်။မှတ်မိပါသေးသည်။ကျွန်တော်ကျောင်သားဘ၀ တုန်းဆိုအိမ်တော်ရာဘုရား မြောက်မုဒ်နားက ရွှေဟသာင်္စာအုပ်ငှားလေးကိုလွမ်းမိသည်။ထိုစာအုပ်ငှားဆိုင်လေးက ကျွန်တော်တို့ဦးလေးကျောင်းဆရာလက်ထက်ကတည်းရှိသည်စာအုပ်ငှားဆိုင်လေးဖြစ်သည်။ကျွန်တော်ဆယ်တန်းကျောင်းသားဘ၀ထိ ထိုစာအုပ်ဆိုင်လေးရှိသေးသည်။အဲဒီအချိန်တုန်းက ကာတွန်းစာအုပ်အသစ်ဆို သုံးဆယ် ၊ ၀တ္ထုစာအုပ်ဆို ငါးဆယ်၊မဂ္ဂဇင်းစာအုပ်ဆိုခုနှစ်ဆယ်စသည်ဖြင့်ပေါ့စာအုပ်နည်းနည်းဟောင်းသွားရင် ဈေးရော့လာသည်။ဘိုဘိုကာတွန်းစာအုပ် ၊မြိုင်ရာဇာတွက်ပီတို့၊ ထွေးမွန်လေးမွန်တို့ဆိုတာကအခုလိုနွေရာသီကျောင်းပိတ်ရက်လက်မလည်အောင်ငှားရတာပေါ့။ဆယ်ကျော်သက်တွေက အချစ်ဝတ္ထုတွေဖြစ်တဲ့ရှင်နှောင်းတို့၊လွန်ထားထား၊မောင်လှမျိုးတို့လက်မလည်ဘူးလေ။ညဆိုရင်ရပ်ကွပ်ထဲကသူငယ်ချင်းတွေစုပြီး လက်ဖက်ရည်ဆိုင်ထိုင်ပြီး အရင်နေ့ကငှားထားတဲ့စာအုပ်တွေ သွားအပ်ကြသည်။အဲဒီမှာ ဟိုဘက်အရပ်ကမိန်းကလေးတွေနဲ့စာအုပ်ငှားဆိုင်မှာတွေ့ဇာတ်လမ်းတွေဖြစ်ကြတာပေါ့။သိပ်ပျော်ဖို့ကောင်းတဲ့အချိန်ကာလလေးတွေပေါ့။
         ထိုအချိန်တွေကိုအမှတ်ရနေမိသည်။ဟိုတစ်ပတ်ကလည်း အလုပ်ကိစ္စနဲ့ အောင်ပန်း ကိုခရီးထက်ရတယ်။ညပိုင်းကြ သူငယ်ချင်းတွေ ထမင်းစားပြီး ကွမ်းယာလေးဝါးချင်လို့ ကွမ်းဝင်ဝယ်တယ်။အဲအချိန်မှာစာအုပ်ငှားတဲ့အန်တီတစ်ယောက်ရောက်လာတယ်။ကွမ်းယာဆိုင်ကကောင်မလေးကို “မိနန်း စာအုပ် အပ်တော့မှာလား ၀တ္ထု စာအုပ်သစ်ပါတယ်။”ကျွန်တော်ကလည်း ထိုအန်တီကို ၀င်ပြီးနည်းနည်းအင်တာဗျူးလိုက်သည်။အန်တီက စာအုပ်ငှားတာလား။ကျွန်တော်တို့ မန္တလေးမှာဆို အခုလိုစာအုပ်ငှားတဲ့သူတွေမရှိတော့ဘူး။ငှားရောငှားရရဲ့လားအန်တီ။ 

”ငှားတော့…ငှားရပါတယ်။နာမည်ကြီးစာရေးဆရာဝတ္ထုတွေ ၀ယ်ရတာဈေးတော့ကြီး တစ်အုပ်ကို တစ်ထောင့်ရှစ် လောက်ပေးရတယ်။ချုပ်ခနဲ့ဘာနဲ့ဆို နှစ်ထောင့်ငါးရာလောက်အရင်းကြတယ်လေ။အဆင်ပြေမလားဆိုပြီးအိမ်မှာခွေရောင်းဆိုင်လေးဖွင့်ထားသေးတယ်။ဒါပေမယ့် ဟမ်းဖုန်းတွေပေါ်လာတော့ အခွေဆိုင်ကပိတ်လိုက်ရပြီ။မဂ္ဂဇင်းတွေဆို တစ်လခါထွက်တော့ အကုန်မ၀ယ်နိုင်ဘူးလေ။ပြီးတော့ မဂ္ဂဇင်းက မိန်းကလေး နဲ့ ဆယ်ကျော်သက်ယောကျာင်္း လေးတွေဖတ်တော့နာမည်ရှိတဲ့ မဂ္ဂဇင်းလေးတွေပဲ ရွေးဝယ်ရတာပေါ့။”

         အခုဆိုမန္တလေးမြို့မှာ စာအုပ်ငှားလေးတွေသေဆုံးသွားကြသည်။ကျွန်တော်တို့လို စာပေချစ်သူအတွက် ထွန်းဦးတို့၊နဂါးစာပေတို့၊စိတ်ကူးချိုချိုတို့ရှိနေလို့တော်သေးသည်ဟုပြောရမည်။အခုခေတ်လူငယ်လေးတွေစာမဖတ်ကြတော့ပေ။ကျွန်တော်အနေနှင့်ကနေ “မအ”အောင်စာဖတ်ကြပါလို့ပြောချင်သည်။ဖုန်းဘေတွေ တစ်သောင်းဖိုးမနှမြောကြဘူးစာအုပ်တစ်တစ်ထောင့်ငါးရာနှစ်ထောင်ပေးရမှာကိုနှမြောနေကြသည်။
ဝယ်မဖတ်ချင်ဘူးရတယ်ထားတော့။စာကြည့်တိုက်တွေရှိသည်။၈၄ လမ်းမှာဆို လူထုစာကြည့်တိုက် ၈၆ လမ်း ၂၂×၂၁ကြားတွင်လည်းစာကြည့်တိုက်တစ်ခုရှိသည်။ပြီးတော့လမ်းဘေးတွေလက်ဖက်ရည်ဆိုင်တွေမှာဆိုလည်းစာပေရေချမ်းစဉ်လေးတွေရှိသည်။လူငယ်တွေစာဖတ်ဖို့လိုပြီ။အခုတော့အဲလိုမဟုတ်ဘူး။လက်တစ်ဝါးစာလောက်အရာဝတ္ထုလေးရယ် ဆိုရှယ်နက်ဝေါ့ တစ်ခုဖြစ်သည့် Facebook ဆိုတဲ့အရာက ဖုန်းလွှမ်းသွားလေသည်။

ချစ်ခြင်းအားဖြင့်
ချမ်းမြ
မိုးမခ မဂ္ဂဇင်း အတွဲ ၃ ၊ အမှတ် ၄ ၊ ဧပြီလ ၊ ၂၀၁၆




“မန္တလေး ဘုရားကြီးက အချဉ်ပေါင်း”


“မန္တလေဘုရားကြီးက အချဉ်ပေါင်း”

မန္တလေး မဟာမြတ်မုနိဘုရားမှာရောင်းတဲ့အချဉ်ပေါင်းဟာလည်းနာမည်ကြီးပါတယ်။
ဘုရားရဲ့အ၀င်ပေါက်မှာဆိုအချဉ်ပေါင်သည်တွေဆိုအများကြီးပဲ။လက်ရာကလည်းအတူတူပါပဲ။
အထူးသဖြင့်ရန်ကုန်ကလာတဲ့သူတွေဆိုသိကြတယ်။ကိုယ့်မြို့မှာနေသူကသိပ်မသိလှဘူး။
တချို့ကလည်းသိကြပါတယ်။အချဉ်ပေါင်းပဲဘာထူးလို့လည်းပေါ့လို့မေးကောင်းမေးလိမ့်မယ်။
ဘာမှမထူးပါဘူးလို့ပဲဖြေရပါမယ်။မက်မန်းသီးရယ်၊ဂွေးသီးလေးရယ်၊ဇီးပူသီးတွေကိုညက်အောင်ထားပြီးတော့
ထည့်တယ်။ငပိရည်လေးနဲ့ငရုပ်သီးစပ်စပ်စားချင်သူစပ်စပ်လေးပေါ့။ဒီလိုရိုးရိုးတန်းတန်းလေးပဲသုတ်တာပါ။
အဲဒါကို နာမည်ကြီးကဘာလို့ကြီးတယ်လို့မသိဘူး။ကျွန်တော်ငယ်ငယ်ကဆိုလည်း ဘုရားကြီးကိုရောက်ရင်ကျန်တဲ့မုန့်ပြီးမှတောင်တယ်။အချဉ်ပေါင်းအရင်ဝယ်ခိုင်းတယ်။
တစ်ထုပ်တည်းမဟုတ်ဘူး နှစ်ထုပ်ဝယ်တာ။တစ်ထုပ်ကဘုရားမှာပဲစားတယ်။ေ
နာက်တစ်ထုပ်ကတော့အိမ်မှာစားတယ်လေ။တစ်ခါတစ်လေဆိုရင်တော့ ရပ်ကွပ်ထဲကအသိတွေကမှာလို့လည်းဝယ်ခဲ့ရသေးတယ်။
”ဟေ့….ဟို မိသားစုဘယ်သွားမလို့လည်း ဘုရားကြီးလား။ဒါဆို အပြန်ဘုရားကြီးအချဉ်ပေါင်းလေးဝယ်ခဲ့ပါအုံး”
အဲဒီလိုမှာကြတယ်။ကိုယ်မြို့မို့ကိုယ်ပြောတယ်။ကိုယ်ငါးချဉ်ကိုယ်ချဉ်ဖြစ်မှာလည်းဆိုးတယ်။
ဘယ်မြို့မှာမှအခုလိုမျိုးဘုရားသွားရင်အချဉ်မှာတယ်ဆိုတာသိပ်မကြားဘူးပါဘူး။
ဒါပေမယ့်ကျွန်တော်တို့မန္တလေးကသူမန္တလေးသားတွေကတော့ ဘုရားသွားရင်အချဉ်ပေါင်းမှာကြပါတယ်။မန္တလေးလာတဲ့ဧည့်သည်တွေ မသိသေးတဲ့သူတွေသိသွားပြီဆိုတော့ ဘုရားကြီးကိုရောက်ရင် အချဉ်ပေါင်းလေးဝယ်စားဖြစ်အောင်စားကြပါလို့ အကြံပေးပါရစေ။

ချစ်ခြင်းအားဖြင့်
ချမ်းမြ
မန္တလေးနေ့စဉ်သတင်းစာ (၂၆.၄.၂၀၁၆)
 

Friday, April 22, 2016

"မန်းသင်္ကြန်"

Chan Mya's photo.
(၁၃.၄.၂၀၁၆) မန္တလေးနေ့စဉ်သတင်းစာ

"မန်းသင်္ကြန်"

သင်္ကြန်မိုး ရဲ့ မန္တလေး
ငွေငန်းကြီး ရဲ့ မန္တလေး
ရှာပုံတော်မင်းသားကြီး ရဲ့ မန္တလေး
တူးပို့တူးပို့ နဲ့ မန္တလေး
မြနန္ဒာ နဲ့ မန္တလေး
မန်းဟန် နဲ့ မန်းသင်္ကြန်ကို
ဒီနှစ်....နန်းဆန်စေချင်တယ်။ ။


ချစ်ခြင်းအားဖြင့်
ချမ်းမြ

Sunday, March 27, 2016

"နေပြည်တော် - (၂)"

"နေပြည်တော် - (၂)"

သမ္မတအိမ်တော်ရှေ့က
ဖြတ်လျှောက်မိတိုင်း
ဖြတ်လျှောက်မိတိုင်း
လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်ကို
နာနာကျင်ကျင်ပြန်တွေ့ရတယ်....။ ။

ချစ်ခြင်းအားဖြင့်
ချမ်းမြ

Sunday, March 13, 2016

"အင်းဝ"

"အင်းဝ"

ခေတ်​အဆက်​ဆက်
စာ​ပေပညာရှိ​တွေ​မွေးထုတ်​​ပေးတဲ့မြို့

သူရဲ​ကောင်းတို့​အော်​သံအစား
သပိတ်​ထုသံ​ နဲ့ ပနံရ​နေတဲ့မြို့

ဒုဌဝတီမြစ်​က​ဘေးက
နေဝင်​ချိန်​နဲ့အလှခြင်းပြိုင်​​နေတဲ့မြို့

မယ်​နုအုတ်​​ကျောင်း ၊ ဗားကရာ​ကျောင်း
ရှေး​ဟောင်းယဉ်​​ကျေးမှု​တွေနဲ
ယ​နေ့တိုင်​​မော်​ကြွား​နေဆဲမြို့

ချစ်​ခြင်းအားဖြင့်
ချမ်းမြ

"အ​ဖေ"


"အ​ဖေ"

ကျွန်​​တော်​ငယ်​ငယ်​က
ညညဆို ရွာမှာသူတက်​ခဲ့တဲ့
ဘုန်း​တော်​ကြီးစာသင်​​ကျောင်း​လေးအ​ကြောင်း
သူ့ဆရာ ဆရာ​တော်​ဘုရား​တော်​ဘုရားအ​ကြောင်း
ပြော​ပြောပြပြီး​ချော့သိပ်​တယ်

ကျွန်​​တော်​အရွယ်​​ရောက်ပြီး
တော်​လှန်​​ရေး​တွေစလုပ်​​တော့
ဖေ​ဖေက ညညဆို သူ​ထောင်​ထဲမှာ
ရှစ်​လ​နေခဲ့ရတဲ့အ​ကြောင်း​တွေ
ပြော​ပြောပြပြီး​ချော့သိပ်​တယ်

ကျွန်​​တော်​ အိမ်​ပြန်​လာတဲ့အခါတိုင်း
လိုင်းမ​ကောင်းတဲ့​ရေဒီယိုကြီးက​နေ
လွှင့်​​နေတဲ့ မြန်​မာနိုင်​ငံအ​ကြောင်းကို
ညညဆို သားအဖနှစ်​​ယောက်​​ပြောဖြစ်​ကြတယ်
   
 (မြန်မာနိုင်ငံတွင်ကျင်းပမည့် အဌမအကြိမ်မြှောက် အဖေနေ့သို့)

ချစ်ခြင်းအားဖြင့်
ချမ်းမြ