Wednesday, July 22, 2015

"ကုသိုလ်​​တော်​ ဘုရားဝင်းထဲက ပြဇာတ်​များ"



"ကုသိုလ်​​တော်​ ဘုရားဝင်းထဲက ပြဇာတ်​များ"


မန္တလေးမြို့က ဘုရားအမည်
ကုသိုလ်တော်မှာ
ခပ်ငယ်ငယ်ညီမအရွယ်
သစ်ရွက်ပုံသနပ်ခါးပါးကွပ်
ကျောင်းဝတ်စုံအင်္ကျီလေးနဲ့
ဈေးဗန်းလေးခေါင်းပေါ်တင် 
ခရေပန်းသည်လေး သူ့ဘဝ

တစ်ခါတစ်ခါ ကလေးငယ်လေးက 
သူ့အလွတ်ကျတ်ထားတဲ့
သမိုင်းလေးကြောင်းလေးတွေနဲ့
ဧည့်လမ်းညွှန်လည်းလုပ်တယ် 

တစ်ခါတစ်ခါ ကလေးငယ်က
ခရေပင်ကြီးတွေရှိနေသ၍
မနက်စာဈေးဖိုးမပြောက်ဘူးပြောတယ်
ကျောက်စာကြီးတွေရှိနေသ၍
သူမမုန့်ဖိုးရကြောင်းပြောတယ် 

တစ်ခါတစ်ခါ ကလေးငယ်က
ဆင်းရဲသားပပျောက်ရေးဆိုတာ
ဘာမှန်းမသိကြောင်းပြောတယ်
ကော်ဇောနီခင်းထားတဲ့နေ့ဆို
နေ့တွက်မကိုက်ကြောင်းပြောတယ် 

တစ်ခါတစ်ခါ ကလေးငယ်က
မြို့ကြီးပြောက်မှာကို စိုးရိမ်မိကြောင်းပြောတယ်
သူတို့တွေမြို့ပြင်ထွက်နေရကြောင်းပြောတယ်

တစ်ခါတစ်ခါ ကလေးငယ်က
သူ့မိသားစု ညစာ နောက်မကျဖို့
မီးပွိုင့်တွေမှာ 
ခရေပန်းရောင်းရတဲ့အကြောင်းပြောတယ်

တစ်ခါတစ်ခါ ကလေးငယ်က
သူပညာတက်ကြီးဖြစ်ချင်တဲ့အကြောင်းပြောတယ်
သူ့အဖေအရက်သမားကြီးအကြောင်းပြောတယ် 
တစ်လသားသူ့မောင်လေးအကြောင်းပြောတယ်

တစ်ခါတစ်ခါ
ကလေးငယ်ရဲ့ မျက်ဝန်းမှာ 
မျက်ရည်စတွေ စီးလို့။ ။

(10.7.2015)စံတော်ချိန်သတင်းစာ
လေးစားစွာဖြင့်
ချမ်းမြ

"မြန်မာမလေး"

"မြန်မာမလေး"
===========ချမ်းမြ

ကိုယ်နေဟန် အချိုးကျ
တစ်မျိုးလှတဲ့ မြန်မာမလေး
ဦးခေါင်းပေါ် ဆံထုံး
နက်မှောင်နေတဲ့ ဆံကေသာအလှနဲ့
နူးညံ့တဲ့ပါးပြင်ပေါ်မှာ
မွေးရနံ့တွေကြိုင်ကြိုင်သင်းတဲ့
မြန်မာသနပ်ခါးလိမ်းကာထား
ကိုယ်ပေါ်မှာ ရိုးရိုးဆင်
မြင်ရသူရင်မှာ
မရိုးရအောင်လှပတဲ့
အို....မြန်မာမလေး။ ။


(6.7.2015)မန္တလေးနေ့စဉ်သတင်းစာ
လေးစားစွာဖြင့်
ချမ်းမြ

Tuesday, July 21, 2015

"သံမဏိ ကြယ် ပြာ"


ချမ်းမြ ။ "သံမဏိ ကြယ် ပြာ"
ဧပြီ ၂၂ ရက်​ ၊ ၂၀၁၅ ရက်​​နေ့ထုတ်​ စံ​တော်​ချိန်​သတင်းစာ

သူဟာ ခေတ် ဝန် ကိုထမ်း၍
ခေတ် လမ်းကို လျှောက် တဲ့သူ
မြန် မာစာ ပေ လောကရဲ့
အ တောက် ပဆုံး သော က လောင် ရှင်
မိခင် မြန် မာရဲ့ သား ကောင်းရတနာ
“အများပြည် သူ သ ဘောမတူသည့် 
အမိန့် အာဏာမှန် သမျှ တာဝန် အရဖီဆန် ကြ”ဆိုတာ
သူ့ရဲ့ တိုက် ပွဲခရာသံ…
.
နိုင် /ကျဉ်း အားလုံးကိုစာနာမှုနဲ့
ထောင် ဝတ် စုံပြာကို ကွယ် လွန် တဲ့အထိဝတ် ပြခဲ့သူ
ဟုတ် တယ် ….”သူ”ဆိုတာက
ကျွန် တော် တို့အားလုံးရင် ထဲက ဘဘဦးဝင် တင်
ဟံသာဝတီ ဦးဝင် တင်
NLD ဦးဝင်းတင်
မန္တ လေး ဦးဝင်းတင်
ဘယ် တော့မှ မ ကြွေတဲ့
သံမဏိ ကြယ် ပြာ….။  ။
 
{ဘဘဦးဝင်းတင် (၁၉၃၀ – ၂၀၁၄) ကွယ် လွန် ခြင်းတစ် နှစ် ပြည့် အလွမ်း ပြေ}