"ကဗျာတွေထဲက
မန္တလေး"
၂၀၁၄ ဒီဇင်ဘာ
၂၆ ၊ စံတော်ချိန်သတင်းစာ
ကြည်နူးဆွတ်ပျံ့ဖွယ် အလှတရားများဖြင့်ပြည့်နက်သော မန္တလေးကို ရှေးခေတ်ကဗျာစာဆိုပညာရှိတော့အစ
ယနေ့ခေတ် ခေတ်ပေါ်ကဗျာဆရာတွေထိ အသိမ်မွေ့ဆုံးအတွေး အလှဆုံးသောစိတ်ကူး ကျစ်လစ်သောစကားလုံးများဖြင့်
မန္တလေးကိုအမျိုးမျိုး ကဗျာ မရိုးနိုင်အောင်ဖွဲ့ဆိုသွားကြသည်။မန္တလေးကို ကဗျာဖွဲ့ဆိုကြသူထဲတွင်
အချုပ်တန်းဆရာဖေ က မန္တလေးဆောင်းအအေးလွန်ကဲပုံကို အခုလိုလှပစွာသရုပ်ဖော်ဖွဲ့ထားတယ်လေသည်။
"ငွေနှင်းရယ်မှုန် ၊ လေညင်းရယ်တသုန်သုန်နှင့်
ချမ်းပုံမှာကမ်းကုန်ရစ်တာမို့
မန်းတုန်အောင်လမ်းဆုံကဟစ်ချင်တော့"
ဆရာဖေသည်
မန္တလေးဆောင်းရာသီကို ပီပြင်စွာခံစားသရုပ်ဖော်ပြသွားလို ဆရာမောင်နွေထက် ကလည်း
"မန္တလေးတောင် နဲ့ စကားပြောခြင်း"လို့ ကဗျာခေါင်းစီးပေးပြီး မန္တလေးကို
သူမြင်သည့်အတိုင်း ကဗျာရှည်တစ်ပုဒ်ကိုလှပစွာရေးဖွဲ့ပြလေသည်။ဆရာမောင်နွေထက်၏
"မန္တလေးတောင်
နဲ့ စကားပြောခြင်း"ကဗျာလေးထဲမှ ကျွန်တော်နှစ်သက်သည့်အပိုဒ်လေးအားတင်ပြလိုက်ပါတယ်။
"အရီးတောင်းတစ်ထုပ်
ထိုးမုန့်ထုပ်နဲ့လဲ
ငါ့မန္တလေးတောင်က
မျက်နှာမလုပ်တက်ပါဘူး...
.......................................
.......................................
မန္တလေး ရဲ့ ရွှေကဗျာခေတ်
အနာဂတ်မှာသစ်တော့မယ်
( မန္တလေးတောင် နဲ့ စကားပြောခြင်း - ကဗျာမှ)
မန္တလေးတောင်နဲ့စကားပြောပြီးဆရာမောင်နွေထက်က သူ၏မန္တလေးက မျက်နှာမလုပ်တက်ကြောင်းကိုလှပစွာဖွဲ့ဆိုပြသွားလေသည်။မန္တလေးကို
ကဗျာများဖွဲ့ဆိုသည့်အထဲတွင်ပြည်တွင်းက ကဗျာဆရာများသာမက နိုင်ငံခြသားကဗျာဆရာ မစ္စတာ
Rudyard Kipling ရေးသားသော "The Road to Mandalay" ကဗျာတွင်
မန္တလေးကို သူမြင်တွေ့ခံစားသည့်အတိုင်းဖွဲ့ထားသည်။
"ပူလောင်ပြီးဖုန်တထောင်းထောင်းဖြင့်
ဗရပွဖြစ်နေသော်လည်း
အပေါ်ယံရဲ့အောက်လှပ်ကြည့်လိုက်လျှင်
လှုပ်ရှားတက်ကြွနေတဲ့မြို့တော်
ထင်ရှားနက်စောက်တဲ့သမိုင်းကြောင်းတွေရှိတဲ့မြို့တော်
ခေတ်မီမြို့တော်ဖြစ်ရန်အတွက်လည်းလျင်မြန်စွာပြောင်းလည်း .... နေတဲ့မြို့တော်"
(The
Road to Mandalay - ကဗျာမှ)
စသည်ဖြင့်မန္တလေးမြို့၏ကြည်နူးဆွတ်ပျံ့ဖွယ်အလှတရားများသည်တစ်ခါတွေ့ဖူးရုံဖြင့်ပျောက်ကွယ်သွားနိုင်မှာမဟုတ်သည့်အကြောင်းကို
ကဗျာဆရာ မစ္စတာ Rudyar Kipling ကအမွှန်းတင်ဖွဲ့ဆိုပြသွားသည်။ကဗျာဆရာတွေတင် မန္တလေးကိုကဗျာဖွဲ့ကြမဟုတ်
ကျွန်တော်၏သူငယ်ချင်းဖြစ်သူ ကဗျာဆရာမသဇင်မွန်ဟန်ကလည်း"ငါသိပ်မုန်းတယ်
မန္တလေး"လို့ခေါင်းစဉ်ပေးပြီး သူမ မန္တလေးကိုဘယ်လောက်ချစ်ကြောင်းပြောပြသွာသည်။
"ငါသိပ်မုန်းတယ် မန္တလေး
အဲ့ဒါတွေကြောင့်
အဲ့ဒါတွေကြောင့်ပေါ့
ငါသိပ်မုန်းတယ် မန္တလေး
မုန်းတယ် မုန်းတယ် လို့
အသက်ထွက်မတက်ပြောတာတောင်
သံယောဇဉ်တွေပိုပိုတိုး
ငါ့မှာသေမလောက်ချစ်လာလို့
ဒီတစ်ခါနင်ရှေ့ရောက်ရင်
မျက်စိစုံမှိတ်အံကိုကြိတ်
ငါ့ကိုယ်ငါပဲ ပြောင်လိမ်ပစ်လိုက်မယ်
ငါသိပ်မုန်းတယ် မန္တလေး"
(ငါသိပ်မုန်းတယ် မန္တလေး - ကဗျာမှ)
ကိုး(ခရေရိပ်)ကလည်း "မသေသောမြို့က မသေသောအမေ"ဟုခေါင်းစဉ်ပေးပြီး
မန္တလေးရဲ့သမိုင်းမရိုင်းဖို့ သမိုင်းပေးတာဝန်ကျေပွန်ဖို့ သူအမေကို ကတိပေးထားလေသည်။
"အမေက မန္တလေးကို ကာကွယ်သလို
ကျွန်တော်တို့လည်းကာကွယ်တယ်
အမေပေးတဲ့
သမိုင်းပေးတာဝန်ကျေပွန်ဖို့
ဒီမြို့နဲ့ဒီမြို့သမိုင်း
Made In China မဖြစ်စေရဘူး....အမေ"
(မသေသောမြို့က မသေသောအမေ - ကဗျာမှ)
ကဗျာတွေထဲကမန္တလေး
အကြောင်းကိုရေးလျှင်ပြီးနိုင်ဖွယ်မရှိပေ။အထက်ဖော်ပြခဲ့သော ကဗျာဆရာ ၊ ဆရာမ
တို့သည် သူတို့တွေ့ကြုံနေရသည် မန္တလေး ၊ သူတို့မြင်နေရတဲ့ မန္တလေးကို အလှဆုံးစိတ်ကူးတွေနဲ့ရိုးသားစွာရေးဖွဲ့သွားကြလေသည်။ကဗျာဆရာတွေကဗျာဖွဲ့လို့မကုန်တဲ့
မန္တလေးမြို့ကြီး ကျန်မာ ၊ ချမ်းသာပါစေ။ ။
လေးစားစွာဖြင့်
ချမ်းမြ
၂၀၁၄ ဒီဇင်ဘာ
၂၆ ၊ စံတော်ချိန်သတင်းစာ
No comments:
Post a Comment