Sunday, March 13, 2016

"အ​ဖေ"


"အ​ဖေ"

ကျွန်​​တော်​ငယ်​ငယ်​က
ညညဆို ရွာမှာသူတက်​ခဲ့တဲ့
ဘုန်း​တော်​ကြီးစာသင်​​ကျောင်း​လေးအ​ကြောင်း
သူ့ဆရာ ဆရာ​တော်​ဘုရား​တော်​ဘုရားအ​ကြောင်း
ပြော​ပြောပြပြီး​ချော့သိပ်​တယ်

ကျွန်​​တော်​အရွယ်​​ရောက်ပြီး
တော်​လှန်​​ရေး​တွေစလုပ်​​တော့
ဖေ​ဖေက ညညဆို သူ​ထောင်​ထဲမှာ
ရှစ်​လ​နေခဲ့ရတဲ့အ​ကြောင်း​တွေ
ပြော​ပြောပြပြီး​ချော့သိပ်​တယ်

ကျွန်​​တော်​ အိမ်​ပြန်​လာတဲ့အခါတိုင်း
လိုင်းမ​ကောင်းတဲ့​ရေဒီယိုကြီးက​နေ
လွှင့်​​နေတဲ့ မြန်​မာနိုင်​ငံအ​ကြောင်းကို
ညညဆို သားအဖနှစ်​​ယောက်​​ပြောဖြစ်​ကြတယ်
   
 (မြန်မာနိုင်ငံတွင်ကျင်းပမည့် အဌမအကြိမ်မြှောက် အဖေနေ့သို့)

ချစ်ခြင်းအားဖြင့်
ချမ်းမြ

No comments:

Post a Comment