Saturday, May 7, 2016

ချမ်းမြ – “ခေတ်မှီ ဖွံ့ဖြိုးသောနိုင်ငံတော်သစ်”


ချမ်းမြ – “ခေတ်မှီ ဖွံ့ဖြိုးသောနိုင်ငံတော်သစ်” 

(မိုးမခ) ဧပြီ ၃၀၊ ၂၀၁၆

ဖေဖေက
ညညဆို ဖယောင်းတိုင်မီးထွန်းပြီး
စာရင်းလုပ်တယ်

မေမေက
ညညဆို ဖယောင်းတိုင်မီးထွန်းပြီး
မေတ္တာသုတ်ရွတ်တယ်

ညီလေးက
ညညဆို ဖယောင်းတိုင်မီးထွန်းပြီး
စာကျက်တယ်

ပြည်သူတွေက
ညညဆို ဖယောင်းတိုင်မီးထွန်းပြီး
ခေတ်မှီ ဖွံ့ဖြိုးသောနိုင်ငံတော်သစ်ဆီကို သွားကြတယ်

No comments:

Post a Comment