Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, May 7, 2016

ချမ်းမြ – “ခေတ်မှီ ဖွံ့ဖြိုးသောနိုင်ငံတော်သစ်”


ချမ်းမြ – “ခေတ်မှီ ဖွံ့ဖြိုးသောနိုင်ငံတော်သစ်” 

(မိုးမခ) ဧပြီ ၃၀၊ ၂၀၁၆

ဖေဖေက
ညညဆို ဖယောင်းတိုင်မီးထွန်းပြီး
စာရင်းလုပ်တယ်

မေမေက
ညညဆို ဖယောင်းတိုင်မီးထွန်းပြီး
မေတ္တာသုတ်ရွတ်တယ်

ညီလေးက
ညညဆို ဖယောင်းတိုင်မီးထွန်းပြီး
စာကျက်တယ်

ပြည်သူတွေက
ညညဆို ဖယောင်းတိုင်မီးထွန်းပြီး
ခေတ်မှီ ဖွံ့ဖြိုးသောနိုင်ငံတော်သစ်ဆီကို သွားကြတယ်

Friday, April 22, 2016

"မန်းသင်္ကြန်"

Chan Mya's photo.
(၁၃.၄.၂၀၁၆) မန္တလေးနေ့စဉ်သတင်းစာ

"မန်းသင်္ကြန်"

သင်္ကြန်မိုး ရဲ့ မန္တလေး
ငွေငန်းကြီး ရဲ့ မန္တလေး
ရှာပုံတော်မင်းသားကြီး ရဲ့ မန္တလေး
တူးပို့တူးပို့ နဲ့ မန္တလေး
မြနန္ဒာ နဲ့ မန္တလေး
မန်းဟန် နဲ့ မန်းသင်္ကြန်ကို
ဒီနှစ်....နန်းဆန်စေချင်တယ်။ ။


ချစ်ခြင်းအားဖြင့်
ချမ်းမြ

Sunday, March 27, 2016

"နေပြည်တော် - (၂)"

"နေပြည်တော် - (၂)"

သမ္မတအိမ်တော်ရှေ့က
ဖြတ်လျှောက်မိတိုင်း
ဖြတ်လျှောက်မိတိုင်း
လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်ကို
နာနာကျင်ကျင်ပြန်တွေ့ရတယ်....။ ။

ချစ်ခြင်းအားဖြင့်
ချမ်းမြ

Sunday, March 13, 2016

"အင်းဝ"

"အင်းဝ"

ခေတ်​အဆက်​ဆက်
စာ​ပေပညာရှိ​တွေ​မွေးထုတ်​​ပေးတဲ့မြို့

သူရဲ​ကောင်းတို့​အော်​သံအစား
သပိတ်​ထုသံ​ နဲ့ ပနံရ​နေတဲ့မြို့

ဒုဌဝတီမြစ်​က​ဘေးက
နေဝင်​ချိန်​နဲ့အလှခြင်းပြိုင်​​နေတဲ့မြို့

မယ်​နုအုတ်​​ကျောင်း ၊ ဗားကရာ​ကျောင်း
ရှေး​ဟောင်းယဉ်​​ကျေးမှု​တွေနဲ့
ယ​နေ့တိုင်​​မော်​ကြွား​နေဆဲမြို့

ချစ်​ခြင်းအားဖြင့်
ချမ်းမြ

"အ​ဖေ"


"အ​ဖေ"

ကျွန်​​တော်​ငယ်​ငယ်​က
ညညဆို ရွာမှာသူတက်​ခဲ့တဲ့
ဘုန်း​တော်​ကြီးစာသင်​​ကျောင်း​လေးအ​ကြောင်း
သူ့ဆရာ ဆရာ​တော်​ဘုရား​တော်​ဘုရားအ​ကြောင်း
ပြော​ပြောပြပြီး​ချော့သိပ်​တယ်

ကျွန်​​တော်​အရွယ်​​ရောက်ပြီး
တော်​လှန်​​ရေး​တွေစလုပ်​​တော့
ဖေ​ဖေက ညညဆို သူ​ထောင်​ထဲမှာ
ရှစ်​လ​နေခဲ့ရတဲ့အ​ကြောင်း​တွေ
ပြော​ပြောပြပြီး​ချော့သိပ်​တယ်

ကျွန်​​တော်​ အိမ်​ပြန်​လာတဲ့အခါတိုင်း
လိုင်းမ​ကောင်းတဲ့​ရေဒီယိုကြီးက​နေ
လွှင့်​​နေတဲ့ မြန်​မာနိုင်​ငံအ​ကြောင်းကို
ညညဆို သားအဖနှစ်​​ယောက်​​ပြောဖြစ်​ကြတယ်
   
 (မြန်မာနိုင်ငံတွင်ကျင်းပမည့် အဌမအကြိမ်မြှောက် အဖေနေ့သို့)

ချစ်ခြင်းအားဖြင့်
ချမ်းမြ

Saturday, March 5, 2016

"သူမထွက်သွားပြီးနောက်....ကျွန်တော်"

"သူမထွက်သွားပြီးနောက်....ကျွန်တော်"

ငါ့အတွက်တော့
မင်းနှုတ်ခမ်း နီတွေ စွန်းထင်သွားတဲ့
ကော်ဖီခွက်ကို ဆက်သောက်ခွင့်ရနေတာ
အချစ်ပေါ့.....။ ။

ကဗျာမဆန်ချင်တော့ပါဘူး
သစ်ရွက်ခြောက်တွေကိုကြည့်ရင်း
လွမ်းချင်သလိုလိုဖြစ်မိတာလွဲလို့ပေါ့....။ ။

ကံမကုန်သေးရင် ထိုင်နေကြ
ထိုင်ခုံလေးမှာ မင်းအတွက်ရေးထားတဲ့
ကဗျာတွေကိုရွတ်ပြချင်သေးတယ်.....။ ။

ချစ်ခြင်းအားဖြင့်
ချမ်းမြ

ချမ်းမြ – “ရုပ်​​သေးရုပ်​”


ချမ်းမြ – “ရုပ်​​သေးရုပ်​” 

လိုသလိုကြိုးဆွဲ ကခိုင်းလို့ရတယ်
ဘုရင်​လည်းရှိတယ်
ဘီလူးလည်းရှိတယ်
ဝန်​ကြီးလည်းရှိတယ်
လူကြမ်း​တွေလည်း ရှိတယ်

စိတ်​တိုင်းကျ ဖြစ်​​စေတယ်
လိုအပ်​သလို ခိုင်းလို့ရတယ်
ကြိုးဆွဲတိုင်းပဲ ကတယ်
ခိုင်းတာပဲ လုပ်​တယ်

အဓိက က
ဘုရင်​​ပဲဖြစ်​ဖြစ်​ ၊ ဘီလူးပဲဖြစ်​ဖြစ်
ဝန်​ကြီးပဲဖြစ်​ဖြစ် ၊ လူကြမ်းပဲဖြစ်​ဖြစ်
ကြိုးကိုင်​တတ်​ဖို့​ပဲ….။ ။

ချစ်​ခြင်းအားဖြင့်
ချမ်းမြ၊ ၁၈ ရက်​ ၊ ဖေ​ဖော်​ဝါရီလ ၊ ၂၀၁၆
(ပုဂံ ​​ရှေး​ဟောင်းယဉ်​​ကျေးမှုနယ်​​မြေ၌)

"ငြိမ်းချမ်းရေး FM"

"ငြိမ်းချမ်းရေး FM"

ဒိုင်း...ဒိုင်း...ဒိုင်း
ဒတ်..ဒတ်...ဒတ်
ဝုန်း...ဟောဟိုမှာ
ဂျိုးဖြူငှက်လေးတစ်ကောင်
သွေးရဲ သန်ရဲပျံလာနေပြီ....။  ။

ချစ်ခြင်းအားဖြင့်
ချမ်းမြ

Friday, March 4, 2016

ချမ်းမြ – “​သတင်းစာ”

ချမ်းမြ – “​သတင်းစာ” 

နောက်​​ကျောစာမျက်​နှာက ​နာ​ရေးသတင်းကို
အဖွင့်​ အမှာစကား ​ပြောကြားပြီး
စက်​ခလုပ်​နှိပ်​၍ ဖွင့်​လှစ်​ခဲ့သည်

လင်​မယားနှစ်​ဦး ကွာရှင်းပြတ်​စဲခြင်းကို
ဝန်​ကြီးများ မိတ်​ဆုံစားပွဲ ကျင်းပခဲ့သည်

အမျိုးသားပြည်​သူ့လွှတ်​​တော်​မှ
ဥပ​ဒေအသစ်​တစ်​ခု ပြဌာန်း​လိုက်​ကြောင်း
သတင်းကို စုံစမ်း​မေးမြန်းခြင်း သီးခံပါ​ ။     ။

Thursday, February 11, 2016

" သို့......ကဗျာဆရာ"

" သို့......ကဗျာဆရာ"

သို့/
ကဗျာဆရာ
အခုချိန်မှာ အချစ်အတွက် စစ်ခင်းမှာလား???

ကဗျာဆရာ
အခုချိန်မှာ ဘဝအတွက် စစ်တိုက်မှာလား???

ကဗျာဆရာ
အခုချိန်မှာ သမိုင်းအတွက်ဆို
နှောင်းပြနေပြီလား???

ကဗျာဆရာ
မြို့ကိုမေးကြည့်လိုက်
မြို့ဟာရွှေခြေကျင်းဝတ်သေးလားလို့

ကဗျာဆရာ
မြို့ကိုမေးကြည့်လိုက်
မြို့မှာလူမျိုးခြားဘယ်နှစ်ယောက်ပါလဲလို့

ကဗျာဆရာ
မြို့ကိုမေးကြည့်လိုက်
မြို့ကိုရေရောထားလားလို့

ကဗျာဆရာ
နန်းတော်ကြီးကိုမေးကြည့်လိုက်
လမ်းဘေးရေချမ်းအိုးစဉ်လေးတွေ
ရှိသေးလားလို့

ကဗျာဆရာ
ဈေးချိုတော်ကြီးကိုမေးကြည့်လိုက်
နာရီစင်ကြီးအချိန်မှန်သေးလားလို့

ကဗျာဆရာ ရေ.......
ကျုံးရေတွေခမ်းခြောက်စပြုနေချိန်မှာ
မန္တလေးတောင်ဟာ
အမောက်ထောင်ပြတော့မှာမဟုတ်တော့ဘူး။

ကဗျာဆရာ ရေ......
မြို့ဟာ ဆိုင်ကယ်သံတွေ ၊ ပြိုင်ကားသံတွေနဲ့
မနက်ဖြန်တိုင်းအတွက် မရေရာခဲ့တာကြာပြီ

ကဗျာဆရာ
မြို့ကို ဆက်မေးကြည့်လိုက်
ဘယ်နှစ်ခါ ငိုကြွေးပြီးသွားပြီလဲလို့....

ကဗျာဆရာရေ......မေးကြည့်လိုက်
မေးကြည့်......မေးလိုက်
သေချာတာတစ်ခုက
မြို့ဟာအရင်လိုမဟုတ်တော့ဘူး......

ချမ်းမြ
 စံတော်ချိန်သတင်းစာ (12.12.2014)

"ခ​ရေရိပ်​ ကဗျာဝိုင်းကို ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး"




"ခ​ရေရိပ်​ ကဗျာဝိုင်းကို ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး"

ခ​ရေရိပ်​ကဗျာဝိုင်းကို ဟို​ကောင်​​တွေကတစ်​ဆင့်
သမ္မတကြီးသိလို့ကိုမဖြစ်​ဘူး
တော်​ကြာ ​မောင်​​ဆောင်းခ လို့
လူအင်​အားသုံးပြီးလိုက်​ရှာလိမ့်​မယ်
ခ​ရေရိပ်​မှာ ​ဖောင်​တိန်​​​ကျည်​ဆံ ​တွေရှိတယ်
ဓားထက်​ ထက်​တဲ့က​လောင်​တံ​တွေရှိတယ်
စကားလုံး လက်​ပစ်​ဗုံး​တွေရှိတယ်
ခ​ရေရိပ်​ကဗျာဝိုင်းကို သမ္မတကြီးသိလို့မဖြစ်​ဘူး
တနင်္ဂ​နွေ​နေ့တိုင်း ကုသိုလ်​​တော်​ဘုရားထဲမှာ
ကဗျာလာရွတ်​ကြတဲ့ ကဗျာဆရာ​တွေကို
ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး
အဓိက က ဆရာ​နေမိုးညို
သူ့ကိုသိလို့မဖြစ်​ဘူး
သူက စစ်​တပ်​တစ်​​တပ်​အားနဲ့ညီမျှတယ်
အသံတိုးသ​လောက်​ ​ပေါက်​ကွဲအားပြင်းတဲ့
ဟီရိုရှီးမားက အနုမြူဗုံးတစ်​လုံးပဲ
သမ္မတကြီးသိလို့မဖြစ်​ဘူး
ဆရာဖြိုးဟံသာကိုလည်းသိလို့မဖြစ်​ဘူး
သူက လူသိနည်းဗိုလ်​ချုပ်​အ​ကြောင်းကိုသိတယ်
ဟို​ကောင်​​တွေ စိတ်ဝင်​​စားတဲ့ နာမည်​မရှိကြယ်​တစ်​လုံး​ပဲ
သမ္မတကြီးသိလို့မဖြစ်​ဘူး
ဆရာမိုးဇက်​လင်းလက်​ကိုလည်း
ခ​ရေရိပ်​ကဗျာဝိုင်းကလို့သိလို့မဖြစ်​ဘူး

ဆရာမှူး​ဝေကိုသိလို့မဖြစ်​သလို
ကို​ဇော်​ကြီးကိုလည်းသိလို့မဖြစ်​ဘူး
ကျည်​ဆံ​တွေအစား
ငြိမ်​ချမ်း​ရေးပန်း​တွေပွင့်​​စေခြင်​တဲ့
ဆန်း​ကျော်​စွာဝင်းကိုလည်းသိလို့မဖြစ်​ဘူး
နက္ခ​တွေအိတ်​ထဲထည့်
ရာသီဂြိုလ်​ခွင်​​တွေအ​ရေကြို​သောက်
အတိတ်​ကို ပစ္စုပ္ပန်​နဲ့ခြစားတာကျွမ်းတဲ့
ဆရာမဇင်​နှင်း နဲ့ ကိုသူရ​ကျော်​ ကိုလည်းသိလို့မဖြစ်​ဘူး
ဒီကဗျာ​ရေးတဲ့ ကျုပ်​(ချမ်းမြ) ကိုလည်းသိလို့မဖြစ်​ဘူး
မသိ​စေနဲ့ မသိ​စေနဲ့ နည်းနည်း​လေးမှမရိပ်​မိ​စေနဲ့
ခ​ရေရိပ်​ကဗျာဝိုင်းကိုလာရင်
ကဗျာဆရာပုံစံမျိုးမလာနဲ့
ဟို​ကောင်​​တွေက​တစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး
ဆရာ​မောင်​​ချောနွယ်​ ဝိဥာဏ်​​တွေရှိ​ကြောင်း
ဆရာလှသန်း လိပ်​ပြာ​​တွေပူးကပ်​​နေ​ကြောင်း
တစ်​ခါတစ်​ခါ ​ရွှေဘုန်းလူ ရဲ့ ​ကျောင်းဖွင့်​ချိန်​ကဗျာ​ ရွတ်​​ကြောင်း
သမ္မတကြီးသိလို့မဖြစ်​ဘူး
ISO 9001/2015  နဲ့ GMP လက်​မှတ်​ရထားတာမဟုတ်​ဘူး

ခ​ရေရိပ်​ကဗျာဝိုင်းကိုလာလို့ ​ပေါက်​စီစားရင်​​တောင်
သမ္မတကြီး ခုနှစ်​လွှာ​ပေါက်​စီကို မစားမိ​စေနဲ့
ခေတ်​အဆက်​ဆက်​ လာခြင်းမ​ကောင်းခဲ့ကြတဲ့
ကျုပ်​တို့ကဗျာဆရာ​တွေအ​ကြောင်း တီး​တိုးပြောကြ
ခ​ရေရိပ်​ကဗျာဝိုင်းကို ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး

ခ​ရေရိပ်​အ​ကြောင်း​ရေးထားတဲ့ ဒီကဗျာကိုလည်း
Facebook ​ပေါ် Status မတင်​ဘူး
ဖတ်​ချင်​ရင်​စကားဝှက်​နဲ့လှမ်း​တောင်း
Message Box က​နေ​ပေးဖတ်​မယ်
သိန်း(သိမ်း) မထားနဲ့
စိန်​ ​တွေ​ပေးလည်း ဒီကဗျာကို​ပေးမဖတ်​နဲ့
ပြီးရင်​ Delete လုပ်​ပစ်​ကြ
ခ​ရေရိပ်​ကဗျာဝိုင်းကို ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး
ခ​ရေရိပ်​ကဗျာဝိုင်းကို ပြည်​သူ​တွေသိ​အောင်​လုပ်​မယ်
ဒီကဗျာ​ကိုလည်း လူစည်​တဲ့​နေရာ​တွေမှာရွတ်​ပါ
ပြီးရင်​အဲ့ဒီ​နေရာက အမြန်​ထွက်​သွားပါ
ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး
ကဗျာဆရာဆိုတာ
ကဗျာဆရာတစ်​​ယောက်​ရဲ့ဘဝထက်
ပိုပြီးလိုချင်​တဲ့တခြားဘဝမရှိဘူး
ကဗျာဆရာပဲဖြစ်​ချင်​တယ်​ဆိုတာကို
ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး
ပိပိရိရိရှိကြ
ကဗျာအစဆုံးဖတ်​ပြီးရင်​ ​ခေါင်းစဉ်​ကိုတစ်​​ခေါက်​ပြန်​ဖတ်​ပါ
အသဲထဲထိစွဲ​အောင်​မှတ်​ထားပါ
ခ​ရေရိပ်​ကဗျာဝိုင်းကို ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး

ချစ်​ခြင်းအားဖြင့်
ချမ်းမြ

Tuesday, February 9, 2016

"ငါ့တို့ ​ခေတ်​မှာ နိုင်​ငံတကာအဆင့်​မှီဖို့အတွက်​....."



"ငါ့တို့ ​ခေတ်​မှာ နိုင်​ငံတကာအဆင့်​မှီဖို့အတွက်​....."

ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီ ဖို့အတွက်
မျိုးဆက်​သစ်​လူ​ငယ်​​တွေ
နိုက်​ကလပ်​ ၊ KTV ၊ မာဆက်​​တွေမှာ အပြည့်​ပဲ

ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီ ဖို့အတွက်
မိန်းမပျို​လေး​တွေ
ပျော်​​တော်​ဆက်​ဘဝ​ရောက်​နေတယ်

ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီ ဖို့အတွက်
မော်​ဒယ်​​တွေဖင်​​ပေါ်ပြီး
ပြိုင်​ပွဲဝင်​​နေတယ်

ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီ ဖို့အတွက်
ဝမ်​​ပေါင်​ဆီကို ဧရာဝတီပို့ထားတယ်
ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီ ဖို့အတွက်
ပြည်​သူ​တွေကို ဓားစာခံ ဖမ်းပြ​နေတယ်

ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီ ဖို့အတွက်
နိုင်​ငံတကာမှာ ​တောင်းစား​နေတယ်

ချမ်းမြ
၂၀၁၄ ဒီဇင်​ဘာလ မိုးမခမဂ္ဂဇင်း အတွဲ ၁ ၊ အမှတ်​ ၉

"​အောင်​ဆန်း ..... မ​သေဘူး"



"​အောင်​ဆန်း ..... မ​သေဘူး"

တောင်​တန်း​တွေက
အ​လေးပြုရတဲ့  ​အောင်​ဆန်း
အနှစ်​တစ်​ရာတင်​မဟုတ်​ဘူး
ကမ္ဘာပျက်​သုဉ်းအ​မှောင်​ဖုံး​တောင်
ပြည်​သူ​တွေရင်​ထဲ ကျွန်​​တော့်​ရင်​ထဲ
အောင်​ဆန်း ဘယ်​​တော့မှမ​သေဘူး။

ချမ်းမြ

အာရှအလင်း ၊ သူရိယ​နေဝန်း
အတွဲ ၁ ၊ အမှတ်​ ၂၁ ၊
ဒီဇင်​ဘာ ၂၀ ရက်​ ၊ ၂၀၁၄

"အငြိမ့်​ပွဲ သွားမယ်​"


"အငြိမ့်​ပွဲ သွားမယ်​"

မန္တ​လေးသား​တွေ
စက်​ဘီး​လေး နဲ့ လိမ့်​လို့
လာ...အငြိမ့်​ပွဲသွားမယ်

အိမ်​​တော်​ဘုရား​တောင်​​ပေါက်​က
"သစ်​လွင်"အငြိမ့်
ရွှေမန်းသူမြင့်​မြင့်​သန်း ကသိမ့်​သိမ့်​တုန်​​အောင်
ညပွဲခင်းမှာ ​"​ရွှေမန်းဆီသို့"သီချင်းဆိုပြီးကမယ်
မြောက်​ဘက်​က "မြတရာ"အငြိမ့်
ဦးဒီပါ နဲ့ ​လေးချစ်​စရာကြီးလည်းပါသဗျ
  
မန္တ​လေးကအငြိမ့်​ပွဲ
တစ်​လမ်းဝင်​ တစ်​လမ်းထွက်
တစ်​ပွဲပြီး တစ်​ပွဲ
တစ်​ငြိမ့်​ပြီး တစ်​ငြိမ့်​ နဲ့

ဟုတ်​ပ...အခု​တော့
မန္တ​လေးအငြိမ့်​တစ်​​ခေတ်
လွမ်းလို့ကျန်​ရစ်​ပြီ....။  ။

လေးစားလျှက်
ချမ်းမြ
၂၀၁၅ ​မေလ ၁၅ ၊ စံ​တော်​ချိန်​​သတင်းစာ