Wednesday, July 22, 2015

"မြန်မာမလေး"

"မြန်မာမလေး"
===========ချမ်းမြ

ကိုယ်နေဟန် အချိုးကျ
တစ်မျိုးလှတဲ့ မြန်မာမလေး
ဦးခေါင်းပေါ် ဆံထုံး
နက်မှောင်နေတဲ့ ဆံကေသာအလှနဲ့
နူးညံ့တဲ့ပါးပြင်ပေါ်မှာ
မွေးရနံ့တွေကြိုင်ကြိုင်သင်းတဲ့
မြန်မာသနပ်ခါးလိမ်းကာထား
ကိုယ်ပေါ်မှာ ရိုးရိုးဆင်
မြင်ရသူရင်မှာ
မရိုးရအောင်လှပတဲ့
အို....မြန်မာမလေး။ ။


(6.7.2015)မန္တလေးနေ့စဉ်သတင်းစာ
လေးစားစွာဖြင့်
ချမ်းမြ

No comments:

Post a Comment