Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Thursday, February 11, 2016
"ကျုပ်တို့ ဗိုလ်ချုပ် မန္တလေးရောက်တုန်းက...."
၁၂ ရက် ၊ ဖေဖော်ဝါရီ ၊ ၂၀၁၆ (သောကြာနေ့)
စံတော်ချိန်နေ့စဉ်သတင်းစာ
Chan Mya's photo.
"ကျုပ်တို့ ဗိုလ်ချုပ် မန္တလေးရောက်တုန်းက...."
ချမ်းမြ
၂၀၁၆ ဖေဖော်ဝါရီလ၁၃ရက်နေ့ဟာဗိုလ်ချုပ်အောင်ဆန်းရဲ့တစ်ရာ့တစ်နှစ်မွေးနေ့ပါ။အရင်နှစ်တုန်းကလည်းဗိုလ်ချုပ်ရာပြည့်ပွဲတော်ကိုတစ်တိုင်းပြည်လုံးမှာစည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုသည့်မှာမင်္ဂလာတစ်ပါးပင်ဖြစ်သည်။ကဗျာဆရာစာရေးဆရာတို့ကလည်းဗိုလ်ချုပ်ရာပြည့်ကိုစာပေများဖြင့်ဂုဏ်ပြုကြသလိုပန်းချီဆရာ၊သဘင်အဖွဲ့၊ရုပ်ရှင်သရုပ်ဆောင်အဖွဲ့ တို့စသည် ဖြင့်ကိုယ်ကျွမ်းကျင်ရာအပိုင်းလေးတွေနဲ့တွေတင်ဆက်ဂုဏ်ပြုကြလေ။ဗိုလ်ချုပ် အောင်ဆန်းဘ၀ကို တော်တော်များများသိလာသည်။အခြားလူသိနည်းသည်အကြောင်းများကို ပြည်သူလူထုကသိရှိလာသည်။
ဗိုလ်ချုပ် အောင်ဆန်း ဒေါ်ခင်ကြည်ကိုပါးရိုက်တဲ့ကစ္စ၊သူ့တပ်သားလေကမင်္ဂလာလက်ဖွဲ့တဲ့ ငွေသော်တာရောင်ခြည်သီချင်းအကြောင်း ၊စသည့်လူသိနည်းတဲ့အကြောင်းအရာတွေကိုသိရှိလာရသည့်အတွက်ကျေးဇူးအထူးတင်မိသည်။ဒီထဲတွင်မတွေ့မိသည့်ဗိုလ်ချုပ်အကြောင်းကဗိုလ်ချုပ်အောင်ဆန်းမန္တလေးကို ဒေါ်ခင်ကြည်အလည်လာတာကို တင်ပြထားမတွေ့မိခဲ့ဘူး။ကျွန်တော်တို့ဗိုလ်ချုပ်မန္တလေးကိုရောက်ဖူးပါတယ်။မန္တလေးကိုချစ်တဲ့သူတစ်ယောက်အနေနဲ့လည်းဂုဏ်ယူမိပါသည်။ကိုယ်နေတဲ့မြို့လေးကိုလွပ်လပ်ရေးရဲ့ဖခင်ကြီးလာဖူးတယ်ဆိုပြီး နောက်လူငယ်တွေလည်းပြောပြလို့ရသွားပြီ။မန္တလေးကိုဗိုလ်ချုပ်လာတုန်း က နိုင်ငံအကြီးအကဲမဟုတ်သေးပါဘူး။ပြည်သူ့ရဲဘော်ဥက္ကဌပဲရှိပါသေးတယ်။အလည်လာတယ်ဆိုလို့ဒီအတိုင်းလာသွားတာမဟုတ်ဘူးပါဘူး။ကျွန်တော့်တို့အတွက်မန္တလေးအတွက် မိန့်ခွန်းတွေကိုပြောသွားပါသေးတယ်။အညာသားကြီးအရမ်းချစ်ဖို့ကောင်းတယ်။ပွင့်လင်းတယ်။ဟန်ဆောင်မှုကင်းတယ်။ဂုဏ်တွေပကာသနတွေမရှိဘူး။ဘာလို့ဒီလိုပြောရတာလည်းဆိုတဲ့အကြောင်းကို ဗိုလ်ချုပ်မိန့်ခွန်းလေးကိုနည်းနည်းပြောပြပါမယ်။
        မန္တလေးသူ၊မန္တလေးသားတွေကဗိုလ်ချုပ်အောင်ဆန်းမန္တလေးလာတယ်လို့ကြားကတည်းကထိပ်လန့်နေကြပြီ။ကြောက်နေကြပြီ။မန္တလေးသူ၊မန္တလေးသားတွေ ကိုတာဝန်မကြေဘူးဆိုပြီးဆူတော့မယ် ငေါက်တော့မယ်။ပြောတော့မယ်လို့အားလုံးကတွက်ထားခြင်းဖြစ်သည်။သို့ပေမယ့်လည်းဒီလိုမဟုတ်ပေ။ကျွန်တော်တို့ဗိုလ်ချုပ်အညာသားကြီးပြောသွားတဲ့ စကားက - 
“အဲ…..ကျုပ် မန္တလေးကိုမရောက်ဖြစ်တာကြာ ပြီ ။ မရောက်ဆို မွေးကတည်းကပဲ။ဟာ…ဟား…ဟား..။”
 မန္တလေးသူ၊မန္တလေးသား တွေထင်ထားသည့်အတိုင်းမဟုတ်သည့်အတွက် ကြောင်တောင်တောင်ဖြစ်နေပြီး။ဗိုလ်ချုပ်ကဟက်ဟက်ပက်ပက်ရယ်တော့မှအားလုံးကလိုက်ရယ်ကြလေသည်။သိပ်ချစ်စရာကောင်းတဲ့စကားလေး ငါဗိုလ်ချုပ်ကွဆိုပြီးဆူပူကြိမ်းမောင်းခြင်းမပြုဘူး။အညာသားကြီးအခုချိန်ထိကျုပ်တို့ရင်ဘတ်ထဲကိုဆိုးမိုးထားတုံး။ဇူလိုင်၁၉ရက်မှာမကျဆုံးခဲ့ဘူးဆိုရင်ကျုပ်တို့ ဗိုလ်ချုပ် ရေးတဲ့စာတွေကိုဒီချိန်ဆိုစာအုပ်လေးပုံစံနဲ့သိမ်းထားနိုင်ပြီပေါ့။ဒီနှစ်ဗိုလ်ချုပ်မွေး နေ့မှာလည်း နှစ်တစ်ရာတုန်းကလိုမင်္ဂရှိသောအသံလေးတွေပဲကြားချင်သးည်။ဟိုနေရာကဗိုလ်ချုပ် မွေးနေ့ ပဲပြုတ်နံပြားကြွေးနေတယ်။စတုဒီသာကြွေးတယ်စသည်ဖြင့်အသံလေးတွေနားဆင်ချင်မိသည်။ပီတိတွေကိုမျှဝေခံစားချင်သည်။ကျွန်တော်ကတော့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းစာသားလေးအတိုင်း“အောင်ဆန်းတို့သေပုံနှမြောပါဘိ”အတူကဗျာလေးနဲ့အဖိုး အောင်ဆန်းကို လွမ်းဆွတ်တမ်းတမိလိုက်သည်။
“အောင်ဆန်း ဆိုတာ….”
အောင်ဆန်း ဆို တာ အဆောင်ကျငှန်းတွေမလိုဘူး
အောင်ဆန်း ဆိုတာ ဂုဏ်ပကာသနတွေမလိုတဲ့လူ
အောင်ဆန်း ဆိုတာ ကမ္ဘာမှာရှားတဲ့သမိုင်း
အောင်ဆန်း ဆို တာ ကမ္ဘာတည်သရွေ့ရှိနေမယ့် ကဗျာ
အောင်ဆန်း ဆို တာ ဘယ်တော့မသေသူ
ချစ်ခြင်းအားဖြင့်
ချမ်းမြ
“တချိန်တုန်းက ထောင် ဆိုတာ”
 “တချိန်တုန်းက ထောင် ဆိုတာ”
အခုခေတ်လူငယ် လေးတွေပြောနေကြပါတယ်။ ထောင်ကျတော့ ဘာဖြစ်လဲတဲ့။ အဲလို အသံတွေ မကြာမကြာ ကြားလာရတော့။ အသိပညာ ဗဟုသုတ ရစေ၊ ရေးမယ်ဆိုပြီး  ထောင်ကျဘူးသည့် ဦးလေးတစ်ယာက် နှင့် အလုပ်ပြီးချိန်တိုင်း တစ်ပတ်တိတိ မပျက်မကွက်ဘဲ စကားသွားပြောဖြစ်ခဲ့သည်။ လွန်ခဲ့သော အနှစ် (၂၀) ခန့် ထောင်တွင်း နေထိုင်မှုများကို ရေးသားတင်ပြပါမည်။
သူ ထောင်ကျသည့် သက်တမ်းမှာ ရှစ်လ သာရှိပေသည်။ သက်တမ်းမှာ မများလှသော်လည်း နားထောင်ခဲ့ရသည့် ကျွန်ုပ်အဖို့မှာတော့ ကြက်သီး ဖျန်းဖျန်းထခဲ့သည်။ အမှတ် ၅ ရဲစခန်း၌ တစ်လကြာ ထိန်းသိမ်းခံရပြီးနောက် အိုးဘိုထောင်ကြီးချုပ်သို့ ပြောင်းရွေ့ခဲ့ရသည်။ သူ၏ထောင်ဝင်နံပါတ်မှာ ၄၇၂၃/ခ ဖြစ်သည်။ (ခ) ဆိုသည်မှာ အချုပ်ကျခြင်းကို ဆိုလိုသည်။ ၄၇၂၃/က(က) ဆိုတာကတော့ (အကျ) ထောင်ကျခြင်းကို ကိုယ်စားပြုသည်။ ထိုဦးလေးမှာ (ခ) ဘဲရှိသေးသည်။
အိုးဘိုထောင်ရောက်သည့် ရက်မှစ၍ တစ်ပတ်တိတိ ထမင်းမစားပေ။ အဘယ်ကြောင့်ဆိုသော် စားဖိုချောင်မှ ချက်သည့် ထမင်းသည် ဝက် တောင် မတောင်းပေ။ ထမင်းချက်ပြီဆိုရင်လဲ နှာခေါင်း ထဲတွင် ဖွဲနံ့များ ဝင်လာသဖြင့် ပျို့တက်ပြီးစားလို့မရပေ။နောက်တော့မှ ကျင့်သားရပြီး ထမင်း စားလို့ရသွားသည်။မနက်ကို ငါးပိအစိမ်း နဲ့ ပဲဟင်းကျွေးပြီး ညနေပိုင်းတွင် “တာလဘော” ဟင်းရည်နှင့် စားရသည်။ တာလဘောဆိုတာက ထောင်တွင်းမှာစိုက်ထားတဲ့ ဟင်းရွက်တစ်မျိုးကို ခူးပြီး တောက်တောက်စင်း အမြစ်တွေလဲပါ၊ အရိုးတွေလဲပါတာပေါ့။ ထောင်ထဲမှာ သူတို့အချင်းချင်းနာမည်ပေးထားတာက ဝက်ခေါင်းရမ်း ဟင်းရည်တဲ့။ဝက်ကို သွားတိုက်ရင်တောင် မသောက်ဘဲ ခေါင်းရမ်း ပြမယ့် ဟင်းရည်လို့ အဓိပ္ပာယ်ရတယ်။
ဗုဒ္ဓဟူးနေ့ဆိုရင် အမဲသား ကျွေးသည်။ အမဲသား မစားသူက ကြက်ဥတစ်လုံး ရသည်။ အမဲသားကလည်း ကောင်းကောင်း ကန်းကန်း ချက်ပြုတ်ထားခြင်း မဟုတ်ပေ။ ထမင်းထဲတွင်လည်း စပါးလုံးအဖွေးသားနှင့်။ ဖယ်ပစ်ရင်လဲ အရိုက်ခံရသည်။
“ထောင်ပိုင်ကိုတင်ပြတော့ ထမင်းကလည်း အကောင်း။ အသားဟင်းကလည်း အကောင်း။ ငါးပိဆိုရင်လဲ ရှယ်မှရှယ်ဘဲ။ ငါတို့ကို ကျွေးတာကြ တခြားပါ ကိုနေ … ရာ။ ငါးပိမရတဲ့ နေ့တောင်ရှိသေးတယ်။ အဲလိုမျိုးနေ့ရှိမယ်ဆိုတာသိလို့ ငါးပိကို တစ်ဝက်စား တစ်ဝက်ကို သိမ်းထားရပေါ့။ ငါက တစ်ကောင်ကြွက်လေ ကိုနေ … ရ။ ဘယ်သူမှထောင်ဝင်စာ လာမတွေ့ဘူး။”
နောက်တော့ သူတို့မသိအောင် စပါးလုံး ဖယ်စားရသည်။ ရေချိုးပြီဆိုရင်လဲ ဝဝလင်လင် မချိုးရပေ။ “ပုံစံ” နှင့် ချိုးရပေသည်။ တန်စီးတို့အမိန့်ပေးမှုကို စောင့်နေရသေးသည်။ ခပ်ဆိုလျှင် ခပ်ထားရသည်။ ချိုးဆိုမှ ချိုးရသည်။ ခပ်ပြီးတန်းချိုးလို့ကတော့ ဘာပြောကောင်းမလဲ။ ရေစိုစိုနဲ့ ကျောပြင်ကို ကြိမ်လုံးက လာတော့တာပဲဟေ့။  ရေမချိုးရတဲ့ရက်တွေက ရှိသေးတယ်။ အဲဒီလို ရက်မျိုးတွေဆိုရင် ချိုးပြီးသားရေကိုပြန်ချိုးရတယ်။ ရေကမလောက်ဘူးလေ။
ည အိပ်ရာဝင်ရင်လည်း ၅ မိနစ် သက်သာခွင့် ပေးတယ်လေ။ အဲဒီချိန်ဆိုရင် စကားပြောသူကပြော၊ အနှိပ်ခံတဲ့လူက အနှိပ်ခံပေါ့။ တစ်ခါအနှိပ်ခံရင် ငွေနဂါးဆေးလိပ် သုံးလိပ်ပေးရတယ်။ ပိုက်ဆံအစားပေါ့ကွာ။ ပိုက်ဆံကမသုံးရဘူးလေ။ ရုံးထုတ်ရက်ဆို ငါပျော်တယ် ကိုနေ … ရ။ အပြင်ထွက်ရတယ်။ လက်ဖက်ရည် သောက်ရတယ်။ ထောင်ထဲမှာက လက်ဖက်ရည်ကို “ဒေါင်”လို့ခေါ်တာကွ။ အစကတော့မသိပါဘူးကွာ။ ဒေါင်တွေရမယ်၊ ဒေါင်တွေလို့ လိုက်ရောင်းနေတာ ငါက မေးကြည့်တာပေါ့။ ဒေါင်ဆိုတာဘာလဲလို့။ သူတို့ကပြောတယ်။ လက်ဖက်ရည်ကို အင်္ဂလိပ်လို ဘယ်လို ခေါ်လဲတဲ့။ ငါလဲပြောတာပေါ့ “တီး” လို့။ သူတို့ကဆက်ပြောတယ်။ တီးတော့ ဘယ်လိုအသံထွက်လဲ။ “ဒေါင်” လို့ထွက်တာမဟုတ်လား။ အေး.. အဲဒါပဲ။
ငါ့မှာကွာ ရယ်လိုက်ရတာ။ တချို့ အရက်သမားတွေက အရက်နဲ့ ဒေါင်ကို ရောသောက်ရတယ်။ ခိုးသောက်ရတာဆိုတော့ မရှိ၊ ရှိတာ သောက်ရတာပေါ့ကွာ။ နောက်တစ်ခုက လက်နှိပ်စက် စာရေးကြီးက ကွမ်းယာရောင်းတာကွ။ အဲဒီထဲမှာ နံပါတ်ဖိုးပါတယ်ကွ။ ငါ့ကိုလဲ ဖိုးသမားကပြောလို့သိတာဟေ့။
နောက်တစ်ခုက ထောင်ထဲမှာညပိုင်း ရေသောက်၊ သေးပေါက်၊ အီးပါ အစီစဉ်အတိုင်း ပြောရတာကွ။ ဥပမာကွာ ထောင်ဝင်နံပါတ် ၄၇၂၃/ခ ရေသောက် လို့ အိပ်နေရင်းက အော်ရတယ်။ တန်းစီးရဲ့ သွား လို့ ပြောတဲ့ အသံကြားမှ သွားရတာ။
ရေသောက်ဆို ရေပဲသောက်ရတယ်။ သေးမပေါက်ရဘူး။ သေးပေါက်ချင်ရင် ရေသောက်သေးပေါက်လို့အော်ရသည်။ အီးပါချင်တယ်ဆိုရင်လဲ။ အီးပါလို့ အော်လို့မရပေ။ သေးပေါက်အီးပါလို့ အော်ရသည်။ ငါတို့တွေ ပေါက်တဲ့သေးတွေကို ငါ့တို့ကိုကျွေးတဲ့ ဟင်းရွက်တွေမှာဖြန်းတယ်ဟေ့။တစ်ကယ်တန်းငါ ကျတာက ၆ လပဲကွ။ ငါနေရတာက ၈ လ။ ၂လပိုတယ်။ အလျော် မရဘူးကွ။ မြန်မာနိုင်ငံလေ။ နိုင်ငံခြားတွေမှာ အလျော်ရတယ် ကိုနေ။
ဟုတ်ကဲ့ပါ လေးလေး။ အခုလို ပြောပြပေးလို့ လေးလေးကို ကျေးဇူးတင်ပါတယ်
“ထောင်ဆိုတာ သွားလို့ကောင်းတဲ့နေရာမဟုတ်။”
ချစ်ခြင်းအားဖြင့်
ချမ်းမြ
Tuesday, February 9, 2016
"မင်းကွန်းသို့ အလည်​တစ်​​ခေါက်​"
      "မင်းကွန်းသို့ အလည်​တစ်​​ခေါက်​"
             မင်းကွန်းသို့ ရုံးကအကို​တွေအမ​တွေနှင့်​ မင်းကွန်းဘိုးဘွားရိပ်​သာကိုသွား​ရောက်​လှူဒါန်းရင်း ​လျှောက်​လည်​ဖြစ်​ခဲ့သည်​။မန္တ​လေးမှမင်းကွန်းသို့အသွားတွင်​ စက်​​လှေကို တစ်​နာရီနှင့်​မိနစ်​သုံးဆယ်​တိတိစီးရ​လေသည်​။ကျွန်​​တော်​အ​နေနှင့်​ ဗဟုသုတ​တွေ နှင့်​ ​စာ​ရေးဖို့ခရီးသွား​ဆောင်းပါးတစ်​ပုဒ်​ရရှိခဲ့သည်​။ပထမဆုံး မင်းကွန်းဘိုးဘွားရိပ်​သာမှဘိုးဘွား (၈၀)ခန့်​ကိုလှူဒါန်းရင်း "ကမ္ဘာအာဇာနည်​ကြီး"လို့အမည်​တပ်​ထား​သော ဖွားဦးဇွန်းအ​ကြောင်းကိုသိရှိခဲ့ရ​လေသည်​။
"ကမ္ဘာအာဇာနည်​ကြီး ဖွားဦးဇွန်း"
               မန္တ​လေးမြို့ဖွားရာဇာတိဖြစ်​​သော အဘ ပိုးကုန်​သည်​ကြီး ဘိုးအိ ၊ အမိ ဖွားမြင့်​ တို့၏တစ်​ဦးတည်း​သောသမီးဖြစ်​​လေသည်​။ကမ္ဘာအာဇာနည်​ကြီးဖွားဦးဇွန်းသည်​ မိမိတစ်​ဦးတည်းပိုင်​​ငွေဖြင့်​ ၁၂၇၆ ခုနှစ်​တွင်​မင်းကွန်း ဗုဒ္ဓဘာသာလူအိုရုံကြီးကိုတည်​​ဆောက်​ပြီး​နောက်​ သထုံ ၊ ​ပေါင်းတည်​ ၊ ရန်​ကုန်​ နှင်းဆီကုန်း ၊ ပခုက္ကူ စသည်​ လူအိုရုံ (၅)ရုံကို မိမိပိုင်​ပစ္စည်းများဖြင့်​ လှူဒါန်း​ဆောက်​လုပ်​ခဲ့ပြီး ၁၃၀၆ ခုနှစ်​ ၊ ကဆုန်​လဆုတ်​ (၅) ရက်​​နေ့တွင်​အဖွားဦးဇွန်းသည်​လူ့ပြည်​ငြီး၍နတ်​နန်းစံမြန်းသွား​လေသည်​။ထို့​နောက်​ကျွန်​​တော်​တို့သည်​မင်းကွန်း​ခေါင်း​လောင်းကြီးဘက်​သို့ကြည်​ရှူရန်​​လျှောက်​လှမ်းခဲ့​လေသည်​။
"မင်းကွန်း​ခေါင်း​လောင်း​တော်​ကြီး"
               မင်းကွန်း​ခေါင်း​​တော်​ကြီးကို ဘိုး​တော်​ဘုရားကပုထိုး​တော်​ကြီးတွင်​ထာရှိရန်​မြန်​မာသက္ကရာဇ်​ ၁၁၇၀ ပြည့်​နှစ်​ ကဆုန်​လ ၊ ခရစ်​နှစ်​ ၁၈၀၈ ခုနှစ်​ ဧပြီလ တွင်​သွန်းလုပ်​​စေခဲ့သည်​။ပုထိုး​တော်​ကြီးကိုမူကားအပြီးသတ်​တည်​​ဆောက်​နိုင်​ခြင်းမရှိ​ခဲ့​ပေ။အ​လေးချိန်​ပိသာမှာ "မင်းဖြူမှန်​မှန်​​ပြော" {၅၅၅၅၅} ၊တန်​ချိန်​အားဖြင့်​ {၉၀}ရှိသည်​။၎င်းထက်​(၃)ဆခန့်​ကြီး​သော  ​မော်​စကိုမှ​ခေါင်း​လောင်းကြီးပြီးလျှင်​ကမ္ဘာ​ပေါ်တွင်​ဒုတိယ အကြီးဆုံး​ခေါင်း​လောင်းကြီးဖြစ်​​လေသည်​။မင်းကွန်း​ခေါင်း​လောင်းကြီး၏အတိုင်းတာမှာ-
နှုတ်​ခမ်းဝအချင်း(အပြင်​ဖက်​မှတိုင်းတာလျှင်​)   ၁၆​ပေ ၊ ၃လက္မ
အတွင်းပိုင်းအချင်း(နှုတ်​ခမ်းဝအထက်​ (၄)​ပေ (၈)လက္မအမြင့်​မှတိုင်းတာလျှင်​) ၁၀​ပေ ရှိသည်​။
အမြင့်​(အတွင်းပိုင်းမှတိုင်းတာလျှင်​)  ၁၁ပေ ၊ ၆လက္မ
အမြင့်​(အပြင်​ပိုင်းမှတိုင်းတာလျှင်​)  ၁၂ ​ပေ
အတွင်းပိုင်းအချင်း(ထိပ်​ပိုင်းတိုင်းတာလျှင်​) ၈​ပေ နဲ့ ၆လက္မရှိ​လေသည်​။
ခေါင်း​လောင်းကြီးကို ဧရာဝတီမြစ်​အ​ရှေ့ဘက်​ကမ်း သွန်းလွန်း ရွာတွင်​ ပန်းတည်းဝန်​ မဟာနန္ဒ​ကျော်​စွာ ကြီးမတ်​၍ ​ကြေးနီ ၊ ​ကြေးဝါ ၊ ​ဘော်​ ၊ သံကြွပ်​ တို့ဖြင့်​သွန်းလုပ်​​စေခဲ့သည်​။ခေါင်း​လောင်းကြီးသွန်းလုပ်​ရာအရပ်​မှ ယခုထားရှိရာအရပ်​သို့ သယ်​ယူရန်​ ​ရေကျချိန်​တွင်​​ခေါင်း​လောင်းကြီး​အောက်​ရှိ​မြေသားများကိုတူးထုတ်​ပြီးဆင့်​တန်းများဖြင့်​ ကရိတ်​​ဖောင်​ နှစ်​စင်းကိုခိုင်​ခံစွာပြုလုပ်​ပြီး ​ခေါင်း​လောင်းကြီးချထားရာ​နေရာမှဧရာဝတီမြစ်​ထဲအ​ရောက်​​ပေ (၂၀)ကျယ်​ ​မြောင်းကြီးတစ်​ခုတူး​ဖော်​လိုက်​သည်​။ဝါဆို ၊ ဝါ​ခေါင်​​ရေကြီးချိန်​ဖြစ်​၍​မြောင်းထဲသို့​ရေများဝင်​လာပြီးကရဝိတ်​​ဖောင်​ကြွတက်​လာပြီး သွန်းလွန်းရွာဘက်​မှမင်းကွန်းဘက်​သို့ သယ်​ယူနိုင်​ခဲ့သည်​။
မင်းကွန်းဘက်​တွင်​လည်း ဧရာဝတီကမ်းစပ်​မှ ယ​နေ့​ခေါင်း​လောင်းကြီးထားရှိရာ ​နေသို့လည်း ​ရှေ့နီးအတိုင်းသယ်​ယူနိုင်​ခဲ့ကြသည်​။ခရစ်​နှစ်​ ၁၈၃၉ ၊ မြန်​မာသက္ကရာဇ်​ ၁၂၀၀ ပြည့်​နှစ်​တွင်​ မင်းကွန်း​မြေငလျင်​​ကြောင့်​​ခေါင်း​လောင်းကြီး​မြေသို့ကျခဲ့ရသည်​။အင်္ဂလိပ်​ မြန်​မာစစ်​ပွဲအပြီး ဆယ်​နှစ်​အကြာ ခရစ်​နှစ်​ ၁၉၀၄ ခုနှစ်​တွင်​ဧရာဝတီသ​ဘောင်္ကုမ္ပဏီမှ C.E.John ဦး​ဆောင်​ပြီး သံရက်​မ၊သံတိုင်​ အမိုးပြသာဒ်​ဘုံသုံးဆင့်​နှင့်​တိုင်​​ပေါင်း ၁၆ရှိ ဗိမာန်​​တော်​ကြီးအတွင်းတွင်​ပြန်​လည်​ချိတ်​ဆွဲ​ပေးခဲ့သည်​။ထို့​နောက်​ပုထိုး​တော်​ကြီးဘက်​သို့ ချီတက်​လာပြန်​သည်​။
"မင်းကွန်း ပုထိုး​တော်​ကြီး"
     မပြီးပြတ်​ခဲ့​သောမင်းကွန်းပုထိုး​တော်​ကြီးကို ၁၁၅၂ ခုနှစ်​ ၊ တပို့တွဲလဆန်း ၅ ရက်​​နေ့တွင်​ဘိုး​တော်​မင်းတရားတည်​ခဲ့သည်​။ဘိုး​တော်​ဘုရားသည်​ အမြင့်​​ပေ ၅၀၀ အထိတည်​ထားရန်​ရည်​ရွယ်​ခဲ့​သော်​လည်း ပထမပစ္စယံသာပြီးစီးခဲ့​လေသည်​။ပတ်​လည်​အကျယ်​​ပေ​ပေါင်း ၄၅၀ ၊ ​မြေပြင်​မှအထက်​ ၁၆၅ ​ပေသာမြင့်​သည်​။မျက်​နှာ​လေးဘက်​တွင်​မုခ်​​ပေါက်​ငယ်​တစ်​ခုစီရှိသည်​။ဘိုး​တော်​ဘုရားသည်​ ပုထိုး​တော်​ကြီး အားအပြီးသတ်​တည်​​ဆောက်​နိုင်​ပါက ကမ္ဘာ​ပေါ်တွင်​ ဥာဏ်​​တော်​အမြင့်​ဆုံးနှင့်​အကြီးဆုံးဖြစ်​မည့်​ ပုထိုး​တော်​ကြီးပင်​ဖြစ်​​လေသည်​။ပုထိုး​တော်​ကြီး​ပေါ်မှ ဆင်းလာပြီး ​မော​မောနှင့်​ အ​ကြော်​ဆိုင်​မှာ အဖွဲ့ထိုင်​ကာ ဧရာဝတီမြစ်​ကမ်း အ​ရှေ့မုခ်​​စောင်းတန်းထိပ်​၌တည်​ထားတဲ့ခြ​င်္သေ့ကြီး​တွေအ​ကြောင်း​ပြောဖြစ်​ခဲ့သည်​။
"ခြ​င်္သေ့ကြီး"
          ထို​ခြ​င်္သေ့ ရုပ်​ကြီးများကိုလည်း ဘိုး​တော်​ဘုရားကတည်​​ဆောက်​ခဲ့​လေသည်​။ခြ​င်္သေ့​နောက်​ပိုင်းမှ ဦး​ခေါင်းစွန်းထိ အ​တောင်​​ခြောက်​ဆယ်​ရှိသည်​။မြန်​မာပြည်​တွင်​အကြီးခြ​င်္သေ့ရုပ်​ဖြစ်​သည်​။အမြင့်​​ပေ ၉၅ ​ပေ ရှိပြီး မျက်​လုံးအဝန်း ၉ ​ပေ ၊ ​ခြေသည်း လက်​သည်းတစ်​​ချောင်းစီ၏အလျားမှာ ၅ ​ပေခွဲရှိသည်​။မျက်​လုံးများကိုစကျင်​​ကျောက်​နှင့်​ပြုလုပ်​ထားသည်​။သက္ကရာဇ်​(၁၂၀၀)ပြည့်​နှစ်​ ​မြေငလျင်​​ကြောင့်​ မင်းကွန်းပုထိုး​တော်​ကြီးနှင့်​ ခြ​င်္သေ့ကြီးတို့အက်​ကွဲပျက်​စီးခဲ့ရ​လေသည်​။
     အဲဒီ​နောက်​​တော့ မြသိန်းတန်​ဘုရားဘက်​ကိုဆက်​လက်​မသွား​တော့ပဲစက်​​လှေမမှီမှာဆိုးသဖြင့်​ပြန်​လာခဲ့သည်​။ အပြန်​တွင်​ မင်းကွန်းမှ မန္တ​လေးသို့ မိနစ်​သုံးဆယ်​ကြာမြင့်​​လေသည်​။ကျွန်​​တော့်​အတွက်​​တော့​ပျော်​ရွှင်​ဖွယ်​ရာ ဗဟုသုတ ရစရာ ခရီးတစ်​ခုဖြစ်​​လေသည်​။
လေးစားစွာဖြင့်
ချမ်းမြ
၂၀၁၄ ၊ဒီဇင်​ဘာ ၅ စံ​တော်​ချိန်​သတင်းစာ
"​ရွှေမန်းသာသနာ"
"​ရွှေမန်းသာသနာ"
၂၀၁၅ ဇန်​နဝါရီ ၂၃ ၊ စံ​တော်​ချိန်​သတင်းစာ
                မန္တ​လေးနှင့်​သာသနာ ၊ သာသနာ နှင့်​ မန္တ​လေးခွဲခြား၍မရနိုင်​။အမြဲပင်​ဒွန်​တွဲလာခဲ့သည်​။ထို့ကဲ့သို့ သာသနာနှင့်​မန္တ​လေး အမြဲဒွန်​တွဲလာနိုင်​​အောင်​လည်း သာသနာပြုဘုရင်​ အရှင်​မင်းတုန်းမင်းတရားကြီးကသာသနာ့ မျိုး​စေ့​ကောင်းများစိုက်​ပျိုးခဲ့ခြင်း​ကြောင့်​ဖြစ်​သည်​။မင်းတုန်းမင်းတရားကြီးပြုစုပျိုး​ထောင်​ခဲ့​သောသာသနာသည်​ မန္တ​လေးမြို့၌ ယ​နေ့တိုင် ထွန်း​ပြောင်​​နေခဲ့သည်​။ဤသို့ပြုစုပျိုး​ထောင်​ခဲ့သည့်​သာသနာပြုစိတ်​သည်​ ယ​နေ့တိုင်​ မန္တ​လေးသူ မန္တ​လေးသားများစိတ်​၌အမြစ်​တွယ်​လျက်​ရှိ​သော သာသနာပြုစိတ်​ကို "၁၂၅၇ ခုနှစ်​" ကတည်းကတည်​​ထောင်​ထားသည့်​ သာသနာ့မိခင်​ကြီးဖြစ်​သည့်​ "မလွန်​ဆန်​လှူအသင်းကြီး"ကမီး​မောင်းထိုးပြထား​ပေသည်​။
            မန္တ​လေးမြို့ဗြိတိသျှနယ်​ချဲ့လက်​​အောက်​ကျ​ရောက်​သွားပြီးမန္တ​လေးမြို့သူ မြို့သား​တွေအ​နေနဲ့ရုတ်​တရက်​ဘာလုပ်​လို့ဘာကိုင်​ရမှန်းမသိ​တော့​ပေ။သို့​ပေမယ်​ ​လေးငါးဆယ်​နှစ်​ကြာတဲ့အခါမှာ​တော့ ဘာသာ ၊ သာသနာ့အ​ရေး​တွေကို စုရုံးပြီးစတင်​လှုပ်​ရှားကြတယ်​။မန္တ​လေးအ​ရှေ့ပြင်​သား​တွေကလည်း အသင်းအဖွဲ့တစ်​ခုဖွဲ့စည်းပြီး ​လောကမာရဇိန်​ ကုသိုလ်​​တော်​ဘုရားပြန်​လည်​ပြုပြင်​မွမ်းမံကြတယ်​​။
မန္တ​လေးအ​နောက်​ပြင်​တွင်​လည်း ဆရာ​တော်​ဦးဝိစိတ္တသာရဘိဝံသ က"သာသနာ့မိခင်​ကြီး နဲ့ ဖခင်​အသင်းကြီးများ"လို့​ခေါ်တဲ့ မလွန်​ဆန်လှူအသင်းကြီးနဲ့ပရိယတ္ထိသာသနာ့ဟိတအသင်​ကြီး နှစ်​သင်းကိုတည်​​ထောင်​လိုက်​ကြတယ်​။နောက်​ထပ်​ မန္တ​လေးမြို့ရဲ့ တက်​ကြွတိုးတက်​​နေတဲ့လူငယ်​​တွေက ခရစ်​ယာန်​သာသနာ့ပြု​တွေ ပညာ​ရေးနဲ့ထိုး​ဖောက်​ဝင်​​ရောက်​စည်းရုံးလာတာကိုပြန်​လည်​တုံ့ပြနိဖို့အတွက်​ ဗုဒ္ဓသာသနာ့နုဂ္ဂဟ​ကျောင်း{ဘီတီအင်​}ကိုဖွဲ့စည်းတည်​​ထောင်​ကြပြန်​တယ်​။
                  စစ်​ကိုင်း​တောင်​ရိုး ၊ မင်းကွန်း​တောင်​ရိုး ၊ ရန်​ကင်း​တောင်​ စသည့်​ သာသနာ့​တွေဝန်းရံထားတဲ့ မန္တ​လေးမြို့​နေ ရဟန်းသံဃာ​တော်​များကို အချို့​ကျေးလက်​​တောမြို့​လေး​တွေက "မန္တ​လေးမှာလည်း ဒီကိုယ်​​တော်​က ဘုရားကြီးတိုက်​ ၊ မဟာဝိသုဒ္ဓါရုံတိုက်​ ၊ မစိုးရိမ်​တိုက်​ အဲ့ဒီစာသင်​တိုက်​ကြီး​တွေမှာ အနှံ့​နေလာတာ စာမတက်​ဘဲဘယ်​ရှိမလဲ စသည်​ဖြင့်​​ပြောကြားကြ​လေသည်​။မန္တ​လေး၌​နေထိုင်​ဖူးသည့်​ ရဟန်းသံဃာ​တော်​များသည်​  ဂုဏ်​သတင်းတင့်​၍ အဆင့်​တန်းမြင့်​​ပေသည်​။မန္တ​လေး၌မ​နေထိုင်​ဖူးလျှင်​ ဂုဏ်​သတင်း​သေးသိမ်​၍​မှေးမှိန်​၏ဟုလည်းဆိုကြပြန်​​သေးသည်​။မန္တ​လေးမြို့ကို​တော​မြို့များက အထင်​ကြီးမည်​ဆိုလျှင်​လည်းကြီးမား​လောက်​ပါ​ပေသည်​။ယခုအခါသာသနာသည်​ကမ္ဘာနှင့်​ရင်​​ဘောင်​တန်း​နေရသည်​ဖြစ်​သဖြင့်​ ကမ္ဘာနှင့်​ဆက်​ဆံရန်​ ရဟန်းသံဃာ​တော်​များ အင်္ဂလိပ်​စာသင်​ကြားကြရသည်​။ထို့​ကြောင့်​​ရွှေမန်းသာသနာ့၌ အင်္ဂလိပ်​စာသည်​ အသက်​ဝင်​အ​ရေးပါ​နေ​ပေသည်​။ဒုတိယကမ္ဘာစစ်​ကြီးမဖြစ်​မှီက အင်္ဂလိပ်​စာသင်​ကြားခြင်းကို ရှုတ်​ချခဲ့​သော်​လည်း သာသနာ့ချစ်​​သော ​ရွှေမန်းလူထုက နှစ်​သက်​သ​ဘောကြလက်​ခံထား​ပေးကြသည်​။မန္တ​လေးမြို့၌သီတင်းသုံး​နေထိုင်​​တော်​မူသည့်​ စာသင်​သားတို့သည်​ မြို့​နေလူထု နှင့်​မမျှ​အောင်​ပြားလာကြ​ပေသည်​။သို့​ပေမယ့်​ စာသင်​သားရဟန်းသာမ​ဏေများဆွမ်း​ရေး မခက်​ခဲ​စေရန်​ အတွက်​ မန္တ​လေးမြို့ရှိရပ်​ကွပ်​တိုင်းတွင်​ လူငယ်​​လေး​တွေစုပြီး လူငယ်​ဘုံဆွမ်း​လောင်းအသင်းများကိုတည်​​ထောင်​ထားကြ​ပေသည်​။
        အချုပ်အားဖြင့်ဆိုရလျှင်မန္တလေးသူ၊မန္တလေးသားသားတို့၏စိတ်​ဓာတ်​က ခိုင်​မာလှ​ပေသည်​။မန္တ​လေးသူ ၊ မန္တ​လေးသား တို့ သဒ္ဓါတရားကား မည်​သည့်​အရပ်​ မည်​သည့်​မြို့ရွာနှင့်​မျှမနှိုင်းယှဉ်​အပ်​ အထွက်​မြတ်​ဆုံးဖြစ်​​​ပေသည်​ဟု ဆိုရပါမည်​။မဆုတ်​မနစ်​ဇွဲ တို့ဖြင့်​ ​ရွှေမန်းသာသနာ ဆတက်​ထမ်းပိုး တိုးတက်​၍ အဓွန့်​ရှည်​တည်​တံ့ပါ​စေလို့ လှိုက်​လှိုက်​လှဲလှဲဆု​တောင်းလိုက်​ရ​ပါတယ်​။
လေးစားစွာဖြင့်
ချမ်းမြ
၂၀၁၅ ဇန်​နဝါရီ ၂၃ ၊ စံ​တော်​ချိန်​သတင်းစာ
"ဆိုင်​ကယ်​ မြို့​တော်​"
            ၂၀၁၄ ဒီဇင်​ဘာ ၅ စံ​တော်​ချိန်​သတင်းစာ
"ဆိုင်​ကယ်​ မြို့​တော်​"
                  အခုဆိုရင်​မန္တ​လေးမြို့​လေးဟာ ဓာတ်​ဆီနံ့​တွေ မီးခိုး​ငွေ့​တွေနဲ့အသားကျ​နေပါပြီ။
လေးစားလျှက်
ချမ်းမြ
၂၀၁၄ ဒီဇင်​ဘာ ၅ စံ​တော်​ချိန်​သတင်းစာ