"ရွှေမန်းသာသနာ"
မန္တလေးနှင့်သာသနာ ၊ သာသနာ နှင့် မန္တလေးခွဲခြား၍မရနိုင်။အမြဲပင်ဒွန်တွဲလာခဲ့သည်။ထို့ကဲ့သို့
သာသနာနှင့်မန္တလေး အမြဲဒွန်တွဲလာနိုင်အောင်လည်း သာသနာပြုဘုရင် အရှင်မင်းတုန်းမင်းတရားကြီးကသာသနာ့
မျိုးစေ့ကောင်းများစိုက်ပျိုးခဲ့ခြင်းကြောင့်ဖြစ်သည်။မင်းတုန်းမင်းတရားကြီးပြုစုပျိုးထောင်ခဲ့သောသာသနာသည်
မန္တလေးမြို့၌ ယနေ့တိုင် ထွန်းပြောင်နေခဲ့သည်။ဤသို့ပြုစုပျိုးထောင်ခဲ့သည့်သာသနာပြုစိတ်သည်
ယနေ့တိုင် မန္တလေးသူ မန္တလေးသားများစိတ်၌အမြစ်တွယ်လျက်ရှိသော သာသနာပြုစိတ်ကို
"၁၂၅၇ ခုနှစ်" ကတည်းကတည်ထောင်ထားသည့် သာသနာ့မိခင်ကြီးဖြစ်သည့်
"မလွန်ဆန်လှူအသင်းကြီး"ကမီးမောင်းထိုးပြထားပေသည်။
မန္တလေးမြို့ဗြိတိသျှနယ်ချဲ့လက်အောက်ကျရောက်သွားပြီးမန္တလေးမြို့သူ မြို့သားတွေအနေနဲ့ရုတ်တရက်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ပေ။သို့ပေမယ်
လေးငါးဆယ်နှစ်ကြာတဲ့အခါမှာတော့ ဘာသာ ၊ သာသနာ့အရေးတွေကို စုရုံးပြီးစတင်လှုပ်ရှားကြတယ်။မန္တလေးအရှေ့ပြင်သားတွေကလည်း
အသင်းအဖွဲ့တစ်ခုဖွဲ့စည်းပြီး လောကမာရဇိန် ကုသိုလ်တော်ဘုရားပြန်လည်ပြုပြင်မွမ်းမံကြတယ်။
မန္တလေးအနောက်ပြင်တွင်လည်း
ဆရာတော်ဦးဝိစိတ္တသာရဘိဝံသ က"သာသနာ့မိခင်ကြီး နဲ့ ဖခင်အသင်းကြီးများ"လို့ခေါ်တဲ့
မလွန်ဆန်လှူအသင်းကြီးနဲ့ပရိယတ္ထိသာသနာ့ဟိတအသင်ကြီး နှစ်သင်းကိုတည်ထောင်လိုက်ကြတယ်။နောက်ထပ်
မန္တလေးမြို့ရဲ့ တက်ကြွတိုးတက်နေတဲ့လူငယ်တွေက ခရစ်ယာန်သာသနာ့ပြုတွေ ပညာရေးနဲ့ထိုးဖောက်ဝင်ရောက်စည်းရုံးလာတာကိုပြန်လည်တုံ့ပြနိဖို့အတွက်
ဗုဒ္ဓသာသနာ့နုဂ္ဂဟကျောင်း{ဘီတီအင်}ကိုဖွဲ့စည်းတည်ထောင်ကြပြန်တယ်။
စစ်ကိုင်းတောင်ရိုး ၊ မင်းကွန်းတောင်ရိုး ၊ ရန်ကင်းတောင် စသည့် သာသနာ့တွေဝန်းရံထားတဲ့
မန္တလေးမြို့နေ ရဟန်းသံဃာတော်များကို အချို့ကျေးလက်တောမြို့လေးတွေက
"မန္တလေးမှာလည်း ဒီကိုယ်တော်က ဘုရားကြီးတိုက် ၊ မဟာဝိသုဒ္ဓါရုံတိုက် ၊ မစိုးရိမ်တိုက်
အဲ့ဒီစာသင်တိုက်ကြီးတွေမှာ အနှံ့နေလာတာ စာမတက်ဘဲဘယ်ရှိမလဲ စသည်ဖြင့်ပြောကြားကြလေသည်။မန္တလေး၌နေထိုင်ဖူးသည့်
ရဟန်းသံဃာတော်များသည် ဂုဏ်သတင်းတင့်၍ အဆင့်တန်းမြင့်ပေသည်။မန္တလေး၌မနေထိုင်ဖူးလျှင်
ဂုဏ်သတင်းသေးသိမ်၍မှေးမှိန်၏ဟုလည်းဆိုကြပြန်သေးသည်။မန္တလေးမြို့ကိုတောမြို့များက
အထင်ကြီးမည်ဆိုလျှင်လည်းကြီးမားလောက်ပါပေသည်။ယခုအခါသာသနာသည်ကမ္ဘာနှင့်ရင်ဘောင်တန်းနေရသည်ဖြစ်သဖြင့်
ကမ္ဘာနှင့်ဆက်ဆံရန် ရဟန်းသံဃာတော်များ အင်္ဂလိပ်စာသင်ကြားကြရသည်။ထို့ကြောင့်ရွှေမန်းသာသနာ့၌
အင်္ဂလိပ်စာသည် အသက်ဝင်အရေးပါနေပေသည်။ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မှီက အင်္ဂလိပ်စာသင်ကြားခြင်းကို
ရှုတ်ချခဲ့သော်လည်း သာသနာ့ချစ်သော ရွှေမန်းလူထုက နှစ်သက်သဘောကြလက်ခံထားပေးကြသည်။မန္တလေးမြို့၌သီတင်းသုံးနေထိုင်တော်မူသည့်
စာသင်သားတို့သည် မြို့နေလူထု နှင့်မမျှအောင်ပြားလာကြပေသည်။သို့ပေမယ့် စာသင်သားရဟန်းသာမဏေများဆွမ်းရေး
မခက်ခဲစေရန် အတွက် မန္တလေးမြို့ရှိရပ်ကွပ်တိုင်းတွင် လူငယ်လေးတွေစုပြီး
လူငယ်ဘုံဆွမ်းလောင်းအသင်းများကိုတည်ထောင်ထားကြပေသည်။
အချုပ်အားဖြင့်ဆိုရလျှင်မန္တလေးသူ၊မန္တလေးသားသားတို့၏စိတ်ဓာတ်က ခိုင်မာလှပေသည်။မန္တလေးသူ
၊ မန္တလေးသား တို့ သဒ္ဓါတရားကား မည်သည့်အရပ် မည်သည့်မြို့ရွာနှင့်မျှမနှိုင်းယှဉ်အပ်
အထွက်မြတ်ဆုံးဖြစ်ပေသည်ဟု ဆိုရပါမည်။မဆုတ်မနစ်ဇွဲ တို့ဖြင့် ရွှေမန်းသာသနာ
ဆတက်ထမ်းပိုး တိုးတက်၍ အဓွန့်ရှည်တည်တံ့ပါစေလို့ လှိုက်လှိုက်လှဲလှဲဆုတောင်းလိုက်ရပါတယ်။
လေးစားစွာဖြင့်
ချမ်းမြ
၂၀၁၅ ဇန်နဝါရီ
၂၃ ၊ စံတော်ချိန်သတင်းစာ
No comments:
Post a Comment