Saturday, March 5, 2016

"သူမထွက်သွားပြီးနောက်....ကျွန်တော်"

"သူမထွက်သွားပြီးနောက်....ကျွန်တော်"

ငါ့အတွက်တော့
မင်းနှုတ်ခမ်း နီတွေ စွန်းထင်သွားတဲ့
ကော်ဖီခွက်ကို ဆက်သောက်ခွင့်ရနေတာ
အချစ်ပေါ့.....။ ။

ကဗျာမဆန်ချင်တော့ပါဘူး
သစ်ရွက်ခြောက်တွေကိုကြည့်ရင်း
လွမ်းချင်သလိုလိုဖြစ်မိတာလွဲလို့ပေါ့....။ ။

ကံမကုန်သေးရင် ထိုင်နေကြ
ထိုင်ခုံလေးမှာ မင်းအတွက်ရေးထားတဲ့
ကဗျာတွေကိုရွတ်ပြချင်သေးတယ်.....။ ။

ချစ်ခြင်းအားဖြင့်
ချမ်းမြ

ချမ်းမြ – “ရုပ်​​သေးရုပ်​”


ချမ်းမြ – “ရုပ်​​သေးရုပ်​” 

လိုသလိုကြိုးဆွဲ ကခိုင်းလို့ရတယ်
ဘုရင်​လည်းရှိတယ်
ဘီလူးလည်းရှိတယ်
ဝန်​ကြီးလည်းရှိတယ်
လူကြမ်း​တွေလည်း ရှိတယ်

စိတ်​တိုင်းကျ ဖြစ်​​စေတယ်
လိုအပ်​သလို ခိုင်းလို့ရတယ်
ကြိုးဆွဲတိုင်းပဲ ကတယ်
ခိုင်းတာပဲ လုပ်​တယ်

အဓိက က
ဘုရင်​​ပဲဖြစ်​ဖြစ်​ ၊ ဘီလူးပဲဖြစ်​ဖြစ်
ဝန်​ကြီးပဲဖြစ်​ဖြစ် ၊ လူကြမ်းပဲဖြစ်​ဖြစ်
ကြိုးကိုင်​တတ်​ဖို့​ပဲ….။ ။

ချစ်​ခြင်းအားဖြင့်
ချမ်းမြ၊ ၁၈ ရက်​ ၊ ဖေ​ဖော်​ဝါရီလ ၊ ၂၀၁၆
(ပုဂံ ​​ရှေး​ဟောင်းယဉ်​​ကျေးမှုနယ်​​မြေ၌)

"ငြိမ်းချမ်းရေး FM"

"ငြိမ်းချမ်းရေး FM"

ဒိုင်း...ဒိုင်း...ဒိုင်း
ဒတ်..ဒတ်...ဒတ်
ဝုန်း...ဟောဟိုမှာ
ဂျိုးဖြူငှက်လေးတစ်ကောင်
သွေးရဲ သန်ရဲပျံလာနေပြီ....။  ။

ချစ်ခြင်းအားဖြင့်
ချမ်းမြ

Friday, March 4, 2016

ချမ်းမြ – “​သတင်းစာ”

ချမ်းမြ – “​သတင်းစာ” 

နောက်​​ကျောစာမျက်​နှာက ​နာ​ရေးသတင်းကို
အဖွင့်​ အမှာစကား ​ပြောကြားပြီး
စက်​ခလုပ်​နှိပ်​၍ ဖွင့်​လှစ်​ခဲ့သည်

လင်​မယားနှစ်​ဦး ကွာရှင်းပြတ်​စဲခြင်းကို
ဝန်​ကြီးများ မိတ်​ဆုံစားပွဲ ကျင်းပခဲ့သည်

အမျိုးသားပြည်​သူ့လွှတ်​​တော်​မှ
ဥပ​ဒေအသစ်​တစ်​ခု ပြဌာန်း​လိုက်​ကြောင်း
သတင်းကို စုံစမ်း​မေးမြန်းခြင်း သီးခံပါ​ ။     ။

Thursday, February 11, 2016

" သို့......ကဗျာဆရာ"

" သို့......ကဗျာဆရာ"

သို့/
ကဗျာဆရာ
အခုချိန်မှာ အချစ်အတွက် စစ်ခင်းမှာလား???

ကဗျာဆရာ
အခုချိန်မှာ ဘဝအတွက် စစ်တိုက်မှာလား???

ကဗျာဆရာ
အခုချိန်မှာ သမိုင်းအတွက်ဆို
နှောင်းပြနေပြီလား???

ကဗျာဆရာ
မြို့ကိုမေးကြည့်လိုက်
မြို့ဟာရွှေခြေကျင်းဝတ်သေးလားလို့

ကဗျာဆရာ
မြို့ကိုမေးကြည့်လိုက်
မြို့မှာလူမျိုးခြားဘယ်နှစ်ယောက်ပါလဲလို့

ကဗျာဆရာ
မြို့ကိုမေးကြည့်လိုက်
မြို့ကိုရေရောထားလားလို့

ကဗျာဆရာ
နန်းတော်ကြီးကိုမေးကြည့်လိုက်
လမ်းဘေးရေချမ်းအိုးစဉ်လေးတွေ
ရှိသေးလားလို့

ကဗျာဆရာ
ဈေးချိုတော်ကြီးကိုမေးကြည့်လိုက်
နာရီစင်ကြီးအချိန်မှန်သေးလားလို့

ကဗျာဆရာ ရေ.......
ကျုံးရေတွေခမ်းခြောက်စပြုနေချိန်မှာ
မန္တလေးတောင်ဟာ
အမောက်ထောင်ပြတော့မှာမဟုတ်တော့ဘူး။

ကဗျာဆရာ ရေ......
မြို့ဟာ ဆိုင်ကယ်သံတွေ ၊ ပြိုင်ကားသံတွေနဲ့
မနက်ဖြန်တိုင်းအတွက် မရေရာခဲ့တာကြာပြီ

ကဗျာဆရာ
မြို့ကို ဆက်မေးကြည့်လိုက်
ဘယ်နှစ်ခါ ငိုကြွေးပြီးသွားပြီလဲလို့....

ကဗျာဆရာရေ......မေးကြည့်လိုက်
မေးကြည့်......မေးလိုက်
သေချာတာတစ်ခုက
မြို့ဟာအရင်လိုမဟုတ်တော့ဘူး......

ချမ်းမြ
 စံတော်ချိန်သတင်းစာ (12.12.2014)

"ခ​ရေရိပ်​ ကဗျာဝိုင်းကို ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး"




"ခ​ရေရိပ်​ ကဗျာဝိုင်းကို ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး"

ခ​ရေရိပ်​ကဗျာဝိုင်းကို ဟို​ကောင်​​တွေကတစ်​ဆင့်
သမ္မတကြီးသိလို့ကိုမဖြစ်​ဘူး
တော်​ကြာ ​မောင်​​ဆောင်းခ လို့
လူအင်​အားသုံးပြီးလိုက်​ရှာလိမ့်​မယ်
ခ​ရေရိပ်​မှာ ​ဖောင်​တိန်​​​ကျည်​ဆံ ​တွေရှိတယ်
ဓားထက်​ ထက်​တဲ့က​လောင်​တံ​တွေရှိတယ်
စကားလုံး လက်​ပစ်​ဗုံး​တွေရှိတယ်
ခ​ရေရိပ်​ကဗျာဝိုင်းကို သမ္မတကြီးသိလို့မဖြစ်​ဘူး
တနင်္ဂ​နွေ​နေ့တိုင်း ကုသိုလ်​​တော်​ဘုရားထဲမှာ
ကဗျာလာရွတ်​ကြတဲ့ ကဗျာဆရာ​တွေကို
ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး
အဓိက က ဆရာ​နေမိုးညို
သူ့ကိုသိလို့မဖြစ်​ဘူး
သူက စစ်​တပ်​တစ်​​တပ်​အားနဲ့ညီမျှတယ်
အသံတိုးသ​လောက်​ ​ပေါက်​ကွဲအားပြင်းတဲ့
ဟီရိုရှီးမားက အနုမြူဗုံးတစ်​လုံးပဲ
သမ္မတကြီးသိလို့မဖြစ်​ဘူး
ဆရာဖြိုးဟံသာကိုလည်းသိလို့မဖြစ်​ဘူး
သူက လူသိနည်းဗိုလ်​ချုပ်​အ​ကြောင်းကိုသိတယ်
ဟို​ကောင်​​တွေ စိတ်ဝင်​​စားတဲ့ နာမည်​မရှိကြယ်​တစ်​လုံး​ပဲ
သမ္မတကြီးသိလို့မဖြစ်​ဘူး
ဆရာမိုးဇက်​လင်းလက်​ကိုလည်း
ခ​ရေရိပ်​ကဗျာဝိုင်းကလို့သိလို့မဖြစ်​ဘူး

ဆရာမှူး​ဝေကိုသိလို့မဖြစ်​သလို
ကို​ဇော်​ကြီးကိုလည်းသိလို့မဖြစ်​ဘူး
ကျည်​ဆံ​တွေအစား
ငြိမ်​ချမ်း​ရေးပန်း​တွေပွင့်​​စေခြင်​တဲ့
ဆန်း​ကျော်​စွာဝင်းကိုလည်းသိလို့မဖြစ်​ဘူး
နက္ခ​တွေအိတ်​ထဲထည့်
ရာသီဂြိုလ်​ခွင်​​တွေအ​ရေကြို​သောက်
အတိတ်​ကို ပစ္စုပ္ပန်​နဲ့ခြစားတာကျွမ်းတဲ့
ဆရာမဇင်​နှင်း နဲ့ ကိုသူရ​ကျော်​ ကိုလည်းသိလို့မဖြစ်​ဘူး
ဒီကဗျာ​ရေးတဲ့ ကျုပ်​(ချမ်းမြ) ကိုလည်းသိလို့မဖြစ်​ဘူး
မသိ​စေနဲ့ မသိ​စေနဲ့ နည်းနည်း​လေးမှမရိပ်​မိ​စေနဲ့
ခ​ရေရိပ်​ကဗျာဝိုင်းကိုလာရင်
ကဗျာဆရာပုံစံမျိုးမလာနဲ့
ဟို​ကောင်​​တွေက​တစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး
ဆရာ​မောင်​​ချောနွယ်​ ဝိဥာဏ်​​တွေရှိ​ကြောင်း
ဆရာလှသန်း လိပ်​ပြာ​​တွေပူးကပ်​​နေ​ကြောင်း
တစ်​ခါတစ်​ခါ ​ရွှေဘုန်းလူ ရဲ့ ​ကျောင်းဖွင့်​ချိန်​ကဗျာ​ ရွတ်​​ကြောင်း
သမ္မတကြီးသိလို့မဖြစ်​ဘူး
ISO 9001/2015  နဲ့ GMP လက်​မှတ်​ရထားတာမဟုတ်​ဘူး

ခ​ရေရိပ်​ကဗျာဝိုင်းကိုလာလို့ ​ပေါက်​စီစားရင်​​တောင်
သမ္မတကြီး ခုနှစ်​လွှာ​ပေါက်​စီကို မစားမိ​စေနဲ့
ခေတ်​အဆက်​ဆက်​ လာခြင်းမ​ကောင်းခဲ့ကြတဲ့
ကျုပ်​တို့ကဗျာဆရာ​တွေအ​ကြောင်း တီး​တိုးပြောကြ
ခ​ရေရိပ်​ကဗျာဝိုင်းကို ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး

ခ​ရေရိပ်​အ​ကြောင်း​ရေးထားတဲ့ ဒီကဗျာကိုလည်း
Facebook ​ပေါ် Status မတင်​ဘူး
ဖတ်​ချင်​ရင်​စကားဝှက်​နဲ့လှမ်း​တောင်း
Message Box က​နေ​ပေးဖတ်​မယ်
သိန်း(သိမ်း) မထားနဲ့
စိန်​ ​တွေ​ပေးလည်း ဒီကဗျာကို​ပေးမဖတ်​နဲ့
ပြီးရင်​ Delete လုပ်​ပစ်​ကြ
ခ​ရေရိပ်​ကဗျာဝိုင်းကို ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး
ခ​ရေရိပ်​ကဗျာဝိုင်းကို ပြည်​သူ​တွေသိ​အောင်​လုပ်​မယ်
ဒီကဗျာ​ကိုလည်း လူစည်​တဲ့​နေရာ​တွေမှာရွတ်​ပါ
ပြီးရင်​အဲ့ဒီ​နေရာက အမြန်​ထွက်​သွားပါ
ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး
ကဗျာဆရာဆိုတာ
ကဗျာဆရာတစ်​​ယောက်​ရဲ့ဘဝထက်
ပိုပြီးလိုချင်​တဲ့တခြားဘဝမရှိဘူး
ကဗျာဆရာပဲဖြစ်​ချင်​တယ်​ဆိုတာကို
ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး
ပိပိရိရိရှိကြ
ကဗျာအစဆုံးဖတ်​ပြီးရင်​ ​ခေါင်းစဉ်​ကိုတစ်​​ခေါက်​ပြန်​ဖတ်​ပါ
အသဲထဲထိစွဲ​အောင်​မှတ်​ထားပါ
ခ​ရေရိပ်​ကဗျာဝိုင်းကို ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး

ချစ်​ခြင်းအားဖြင့်
ချမ်းမြ

"ကျုပ်တို့ ဗိုလ်ချုပ် မန္တလေးရောက်တုန်းက...."

၁၂ ရက် ၊ ဖေဖော်ဝါရီ ၊ ၂၀၁၆ (သောကြာနေ့)
စံတော်ချိန်နေ့စဉ်သတင်းစာ
Chan Mya's photo.
"ကျုပ်တို့ ဗိုလ်ချုပ် မန္တလေးရောက်တုန်းက...."
ချမ်းမြ


၂၀၁၆ ဖေဖော်ဝါရီလ၁၃ရက်နေ့ဟာဗိုလ်ချုပ်အောင်ဆန်းရဲ့တစ်ရာ့တစ်နှစ်မွေးနေ့ပါ။အရင်နှစ်တုန်းကလည်းဗိုလ်ချုပ်ရာပြည့်ပွဲတော်ကိုတစ်တိုင်းပြည်လုံးမှာစည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုသည့်မှာမင်္ဂလာတစ်ပါးပင်ဖြစ်သည်။ကဗျာဆရာစာရေးဆရာတို့ကလည်းဗိုလ်ချုပ်ရာပြည့်ကိုစာပေများဖြင့်ဂုဏ်ပြုကြသလိုပန်းချီဆရာ၊သဘင်အဖွဲ့၊ရုပ်ရှင်သရုပ်ဆောင်အဖွဲ့ တို့စသည် ဖြင့်ကိုယ်ကျွမ်းကျင်ရာအပိုင်းလေးတွေနဲ့တွေတင်ဆက်ဂုဏ်ပြုကြလေ။ဗိုလ်ချုပ် အောင်ဆန်းဘ၀ကို တော်တော်များများသိလာသည်။အခြားလူသိနည်းသည်အကြောင်းများကို ပြည်သူလူထုကသိရှိလာသည်။
ဗိုလ်ချုပ် အောင်ဆန်း ဒေါ်ခင်ကြည်ကိုပါးရိုက်တဲ့ကစ္စ၊သူ့တပ်သားလေကမင်္ဂလာလက်ဖွဲ့တဲ့ ငွေသော်တာရောင်ခြည်သီချင်းအကြောင်း ၊စသည့်လူသိနည်းတဲ့အကြောင်းအရာတွေကိုသိရှိလာရသည့်အတွက်ကျေးဇူးအထူးတင်မိသည်။ဒီထဲတွင်မတွေ့မိသည့်ဗိုလ်ချုပ်အကြောင်းကဗိုလ်ချုပ်အောင်ဆန်းမန္တလေးကို ဒေါ်ခင်ကြည်အလည်လာတာကို တင်ပြထားမတွေ့မိခဲ့ဘူး။ကျွန်တော်တို့ဗိုလ်ချုပ်မန္တလေးကိုရောက်ဖူးပါတယ်။မန္တလေးကိုချစ်တဲ့သူတစ်ယောက်အနေနဲ့လည်းဂုဏ်ယူမိပါသည်။ကိုယ်နေတဲ့မြို့လေးကိုလွပ်လပ်ရေးရဲ့ဖခင်ကြီးလာဖူးတယ်ဆိုပြီး နောက်လူငယ်တွေလည်းပြောပြလို့ရသွားပြီ။မန္တလေးကိုဗိုလ်ချုပ်လာတုန်း က နိုင်ငံအကြီးအကဲမဟုတ်သေးပါဘူး။ပြည်သူ့ရဲဘော်ဥက္ကဌပဲရှိပါသေးတယ်။အလည်လာတယ်ဆိုလို့ဒီအတိုင်းလာသွားတာမဟုတ်ဘူးပါဘူး။ကျွန်တော့်တို့အတွက်မန္တလေးအတွက် မိန့်ခွန်းတွေကိုပြောသွားပါသေးတယ်။အညာသားကြီးအရမ်းချစ်ဖို့ကောင်းတယ်။ပွင့်လင်းတယ်။ဟန်ဆောင်မှုကင်းတယ်။ဂုဏ်တွေပကာသနတွေမရှိဘူး။ဘာလို့ဒီလိုပြောရတာလည်းဆိုတဲ့အကြောင်းကို ဗိုလ်ချုပ်မိန့်ခွန်းလေးကိုနည်းနည်းပြောပြပါမယ်။
        မန္တလေးသူ၊မန္တလေးသားတွေကဗိုလ်ချုပ်အောင်ဆန်းမန္တလေးလာတယ်လို့ကြားကတည်းကထိပ်လန့်နေကြပြီ။ကြောက်နေကြပြီ။မန္တလေးသူ၊မန္တလေးသားတွေ ကိုတာဝန်မကြေဘူးဆိုပြီးဆူတော့မယ် ငေါက်တော့မယ်။ပြောတော့မယ်လို့အားလုံးကတွက်ထားခြင်းဖြစ်သည်။သို့ပေမယ့်လည်းဒီလိုမဟုတ်ပေ။ကျွန်တော်တို့ဗိုလ်ချုပ်အညာသားကြီးပြောသွားတဲ့ စကားက - 
“အဲ…..ကျုပ် မန္တလေးကိုမရောက်ဖြစ်တာကြာ ပြီ ။ မရောက်ဆို မွေးကတည်းကပဲ။ဟာ…ဟား…ဟား..။”
 မန္တလေးသူ၊မန္တလေးသား တွေထင်ထားသည့်အတိုင်းမဟုတ်သည့်အတွက် ကြောင်တောင်တောင်ဖြစ်နေပြီး။ဗိုလ်ချုပ်ကဟက်ဟက်ပက်ပက်ရယ်တော့မှအားလုံးကလိုက်ရယ်ကြလေသည်။သိပ်ချစ်စရာကောင်းတဲ့စကားလေး ငါဗိုလ်ချုပ်ကွဆိုပြီးဆူပူကြိမ်းမောင်းခြင်းမပြုဘူး။အညာသားကြီးအခုချိန်ထိကျုပ်တို့ရင်ဘတ်ထဲကိုဆိုးမိုးထားတုံး။ဇူလိုင်၁၉ရက်မှာမကျဆုံးခဲ့ဘူးဆိုရင်ကျုပ်တို့ ဗိုလ်ချုပ် ရေးတဲ့စာတွေကိုဒီချိန်ဆိုစာအုပ်လေးပုံစံနဲ့သိမ်းထားနိုင်ပြီပေါ့။ဒီနှစ်ဗိုလ်ချုပ်မွေး နေ့မှာလည်း နှစ်တစ်ရာတုန်းကလိုမင်္ဂရှိသောအသံလေးတွေပဲကြားချင်သးည်။ဟိုနေရာကဗိုလ်ချုပ် မွေးနေ့ ပဲပြုတ်နံပြားကြွေးနေတယ်။စတုဒီသာကြွေးတယ်စသည်ဖြင့်အသံလေးတွေနားဆင်ချင်မိသည်။ပီတိတွေကိုမျှဝေခံစားချင်သည်။ကျွန်တော်ကတော့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းစာသားလေးအတိုင်း“အောင်ဆန်းတို့သေပုံနှမြောပါဘိ”အတူကဗျာလေးနဲ့အဖိုး အောင်ဆန်းကို လွမ်းဆွတ်တမ်းတမိလိုက်သည်။
“အောင်ဆန်း ဆိုတာ….”
အောင်ဆန်း ဆို တာ အဆောင်ကျငှန်းတွေမလိုဘူး
အောင်ဆန်း ဆိုတာ ဂုဏ်ပကာသနတွေမလိုတဲ့လူ
အောင်ဆန်း ဆိုတာ ကမ္ဘာမှာရှားတဲ့သမိုင်း
အောင်ဆန်း ဆို တာ ကမ္ဘာတည်သရွေ့ရှိနေမယ့် ကဗျာ
အောင်ဆန်း ဆို တာ ဘယ်တော့မသေသူ

ချစ်ခြင်းအားဖြင့်
ချမ်းမြ