Thursday, February 11, 2016

"ခ​ရေရိပ်​ ကဗျာဝိုင်းကို ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး"




"ခ​ရေရိပ်​ ကဗျာဝိုင်းကို ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး"

ခ​ရေရိပ်​ကဗျာဝိုင်းကို ဟို​ကောင်​​တွေကတစ်​ဆင့်
သမ္မတကြီးသိလို့ကိုမဖြစ်​ဘူး
တော်​ကြာ ​မောင်​​ဆောင်းခ လို့
လူအင်​အားသုံးပြီးလိုက်​ရှာလိမ့်​မယ်
ခ​ရေရိပ်​မှာ ​ဖောင်​တိန်​​​ကျည်​ဆံ ​တွေရှိတယ်
ဓားထက်​ ထက်​တဲ့က​လောင်​တံ​တွေရှိတယ်
စကားလုံး လက်​ပစ်​ဗုံး​တွေရှိတယ်
ခ​ရေရိပ်​ကဗျာဝိုင်းကို သမ္မတကြီးသိလို့မဖြစ်​ဘူး
တနင်္ဂ​နွေ​နေ့တိုင်း ကုသိုလ်​​တော်​ဘုရားထဲမှာ
ကဗျာလာရွတ်​ကြတဲ့ ကဗျာဆရာ​တွေကို
ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး
အဓိက က ဆရာ​နေမိုးညို
သူ့ကိုသိလို့မဖြစ်​ဘူး
သူက စစ်​တပ်​တစ်​​တပ်​အားနဲ့ညီမျှတယ်
အသံတိုးသ​လောက်​ ​ပေါက်​ကွဲအားပြင်းတဲ့
ဟီရိုရှီးမားက အနုမြူဗုံးတစ်​လုံးပဲ
သမ္မတကြီးသိလို့မဖြစ်​ဘူး
ဆရာဖြိုးဟံသာကိုလည်းသိလို့မဖြစ်​ဘူး
သူက လူသိနည်းဗိုလ်​ချုပ်​အ​ကြောင်းကိုသိတယ်
ဟို​ကောင်​​တွေ စိတ်ဝင်​​စားတဲ့ နာမည်​မရှိကြယ်​တစ်​လုံး​ပဲ
သမ္မတကြီးသိလို့မဖြစ်​ဘူး
ဆရာမိုးဇက်​လင်းလက်​ကိုလည်း
ခ​ရေရိပ်​ကဗျာဝိုင်းကလို့သိလို့မဖြစ်​ဘူး

ဆရာမှူး​ဝေကိုသိလို့မဖြစ်​သလို
ကို​ဇော်​ကြီးကိုလည်းသိလို့မဖြစ်​ဘူး
ကျည်​ဆံ​တွေအစား
ငြိမ်​ချမ်း​ရေးပန်း​တွေပွင့်​​စေခြင်​တဲ့
ဆန်း​ကျော်​စွာဝင်းကိုလည်းသိလို့မဖြစ်​ဘူး
နက္ခ​တွေအိတ်​ထဲထည့်
ရာသီဂြိုလ်​ခွင်​​တွေအ​ရေကြို​သောက်
အတိတ်​ကို ပစ္စုပ္ပန်​နဲ့ခြစားတာကျွမ်းတဲ့
ဆရာမဇင်​နှင်း နဲ့ ကိုသူရ​ကျော်​ ကိုလည်းသိလို့မဖြစ်​ဘူး
ဒီကဗျာ​ရေးတဲ့ ကျုပ်​(ချမ်းမြ) ကိုလည်းသိလို့မဖြစ်​ဘူး
မသိ​စေနဲ့ မသိ​စေနဲ့ နည်းနည်း​လေးမှမရိပ်​မိ​စေနဲ့
ခ​ရေရိပ်​ကဗျာဝိုင်းကိုလာရင်
ကဗျာဆရာပုံစံမျိုးမလာနဲ့
ဟို​ကောင်​​တွေက​တစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး
ဆရာ​မောင်​​ချောနွယ်​ ဝိဥာဏ်​​တွေရှိ​ကြောင်း
ဆရာလှသန်း လိပ်​ပြာ​​တွေပူးကပ်​​နေ​ကြောင်း
တစ်​ခါတစ်​ခါ ​ရွှေဘုန်းလူ ရဲ့ ​ကျောင်းဖွင့်​ချိန်​ကဗျာ​ ရွတ်​​ကြောင်း
သမ္မတကြီးသိလို့မဖြစ်​ဘူး
ISO 9001/2015  နဲ့ GMP လက်​မှတ်​ရထားတာမဟုတ်​ဘူး

ခ​ရေရိပ်​ကဗျာဝိုင်းကိုလာလို့ ​ပေါက်​စီစားရင်​​တောင်
သမ္မတကြီး ခုနှစ်​လွှာ​ပေါက်​စီကို မစားမိ​စေနဲ့
ခေတ်​အဆက်​ဆက်​ လာခြင်းမ​ကောင်းခဲ့ကြတဲ့
ကျုပ်​တို့ကဗျာဆရာ​တွေအ​ကြောင်း တီး​တိုးပြောကြ
ခ​ရေရိပ်​ကဗျာဝိုင်းကို ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး

ခ​ရေရိပ်​အ​ကြောင်း​ရေးထားတဲ့ ဒီကဗျာကိုလည်း
Facebook ​ပေါ် Status မတင်​ဘူး
ဖတ်​ချင်​ရင်​စကားဝှက်​နဲ့လှမ်း​တောင်း
Message Box က​နေ​ပေးဖတ်​မယ်
သိန်း(သိမ်း) မထားနဲ့
စိန်​ ​တွေ​ပေးလည်း ဒီကဗျာကို​ပေးမဖတ်​နဲ့
ပြီးရင်​ Delete လုပ်​ပစ်​ကြ
ခ​ရေရိပ်​ကဗျာဝိုင်းကို ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး
ခ​ရေရိပ်​ကဗျာဝိုင်းကို ပြည်​သူ​တွေသိ​အောင်​လုပ်​မယ်
ဒီကဗျာ​ကိုလည်း လူစည်​တဲ့​နေရာ​တွေမှာရွတ်​ပါ
ပြီးရင်​အဲ့ဒီ​နေရာက အမြန်​ထွက်​သွားပါ
ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး
ကဗျာဆရာဆိုတာ
ကဗျာဆရာတစ်​​ယောက်​ရဲ့ဘဝထက်
ပိုပြီးလိုချင်​တဲ့တခြားဘဝမရှိဘူး
ကဗျာဆရာပဲဖြစ်​ချင်​တယ်​ဆိုတာကို
ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး
ပိပိရိရိရှိကြ
ကဗျာအစဆုံးဖတ်​ပြီးရင်​ ​ခေါင်းစဉ်​ကိုတစ်​​ခေါက်​ပြန်​ဖတ်​ပါ
အသဲထဲထိစွဲ​အောင်​မှတ်​ထားပါ
ခ​ရေရိပ်​ကဗျာဝိုင်းကို ဟို​ကောင်​​တွေကတစ်​ဆင့်​ သမ္မတကြီးသိလို့မဖြစ်​ဘူး

ချစ်​ခြင်းအားဖြင့်
ချမ်းမြ

No comments:

Post a Comment