Thursday, February 11, 2016

" သို့......ကဗျာဆရာ"

" သို့......ကဗျာဆရာ"

သို့/
ကဗျာဆရာ
အခုချိန်မှာ အချစ်အတွက် စစ်ခင်းမှာလား???

ကဗျာဆရာ
အခုချိန်မှာ ဘဝအတွက် စစ်တိုက်မှာလား???

ကဗျာဆရာ
အခုချိန်မှာ သမိုင်းအတွက်ဆို
နှောင်းပြနေပြီလား???

ကဗျာဆရာ
မြို့ကိုမေးကြည့်လိုက်
မြို့ဟာရွှေခြေကျင်းဝတ်သေးလားလို့

ကဗျာဆရာ
မြို့ကိုမေးကြည့်လိုက်
မြို့မှာလူမျိုးခြားဘယ်နှစ်ယောက်ပါလဲလို့

ကဗျာဆရာ
မြို့ကိုမေးကြည့်လိုက်
မြို့ကိုရေရောထားလားလို့

ကဗျာဆရာ
နန်းတော်ကြီးကိုမေးကြည့်လိုက်
လမ်းဘေးရေချမ်းအိုးစဉ်လေးတေ
ရှိသေးလားလို့

ကဗျာဆရာ
ဈေးချိုတော်ကြီးကိုမေးကြည့်လိုက်
နာရီစင်ကြီးအချိန်မှန်သေးလားလို့

ကဗျာဆရာ ရေ.......
ကျုံးရေတွေခမ်းခြောက်စပြုနေချိန်မှာ
မန္တလေးတောင်ဟာ
အမောက်ထောင်ပြတော့မှာမဟုတ်တော့ဘူး။

ကဗျာဆရာ ရေ......
မြို့ဟာ ဆိုင်ကယ်သံတွေ ၊ ပြိုင်ကားသံတွေနဲ့
မနက်ဖြန်တိုင်းအတွက် မရေရာခဲ့တာကြာပြီ

ကဗျာဆရာ
မြို့ကို ဆက်မေးကြည့်လိုက်
ဘယ်နှစ်ခါ ငိုကြွေးပြီးသွားပြီလဲလို့....

ကဗျာဆရာရေ......မေးကြည့်လိုက်
မေးကြည့်......မေးလိုက်
သေချာတာတစ်ခုက
မြို့ဟာအရင်လိုမဟုတ်တော့ဘူး......

ချမ်းမြ
 စံတော်ချိန်သတင်းစာ (12.12.2014)

No comments:

Post a Comment