Tuesday, February 9, 2016

"အငြိမ့်​ပွဲ သွားမယ်​"


"အငြိမ့်​ပွဲ သွားမယ်​"

မန္တ​လေးသား​တွေ
စက်​ဘီး​လေး နဲ့ လိမ့်​လို့
လာ...အငြိမ့်​ပွဲသွားမယ်

အိမ်​​တော်​ဘုရား​တောင်​​ပေါက်​က
"သစ်​လွင်"အငြိမ့်
ရွှေမန်းသူမြင့်​မြင့်​သန်း ကသိမ့်​သိမ့်​တုန်​​အောင်
ညပွဲခင်းမှာ ​"​ရွှေမန်းဆီသို့"သီချင်းဆိုပြီးကမယ်
မြောက်​ဘက်​က "မြတရာ"အငြိမ့်
ဦးဒီပါ နဲ့ ​လေးချစ်​စရာကြီးလည်းပါသဗျ
  
မန္တ​လေးကအငြိမ့်​ပွဲ
တစ်​လမ်းဝင်​ တစ်​လမ်းထွက်
တစ်​ပွဲပြီး တစ်​ပွဲ
တစ်​ငြိမ့်​ပြီး တစ်​ငြိမ့်​ နဲ့

ဟုတ်​ပ...အခု​တော့
မန္တ​လေးအငြိမ့်​တစ်​​ခေတ်
လွမ်းလို့ကျန်​ရစ်​ပြီ....။  ။

လေးစားလျှက်
ချမ်းမြ
၂၀၁၅ ​မေလ ၁၅ ၊ စံ​တော်​ချိန်​​သတင်းစာ

No comments:

Post a Comment