Tuesday, February 9, 2016

"ငါ့တို့ ​ခေတ်​မှာ နိုင်​ငံတကာအဆင့်​မှီဖို့အတွက်​....."



"ငါ့တို့ ​ခေတ်​မှာ နိုင်​ငံတကာအဆင့်​မှီဖို့အတွက်​....."

ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီ ဖို့အတွက်
မျိုးဆက်​သစ်​လူ​ငယ်​​တွေ
နိုက်​ကလပ်​ ၊ KTV ၊ မာဆက်​​တွေမှာ အပြည့်​ပဲ

ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီ ဖို့အတွက်
မိန်းမပျို​လေး​တွေ
ပျော်​​တော်​ဆက်​ဘဝ​ရောက်​နေတယ်

ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီ ဖို့အတွက်
မော်​ဒယ်​​တွေဖင်​​ပေါ်ပြီး
ပြိုင်​ပွဲဝင်​​နေတယ်

ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီ ဖို့အတွက်
ဝမ်​​ပေါင်​ဆီကို ဧရာဝတီပို့ထားတယ်
ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီ ဖို့အတွက်
ပြည်​သူ​တွေကို ဓားစာခံ ဖမ်းပြ​နေတယ်

ငါ့တို့​ခေတ်​မှာ
နိုင်​ငံတကာ​အဆင့်​မှီ ဖို့အတွက်
နိုင်​ငံတကာမှာ ​တောင်းစား​နေတယ်

ချမ်းမြ
၂၀၁၄ ဒီဇင်​ဘာလ မိုးမခမဂ္ဂဇင်း အတွဲ ၁ ၊ အမှတ်​ ၉

No comments:

Post a Comment