Sunday, February 7, 2016

"မန္တ​လေးကို စာလုံး​ပေါင်းကြည့်​ခြင်း"




"မန္တ​လေးကို စာလုံး​ပေါင်းကြည့်​ခြင်း"


သူရဲ​ကောင်း​တွေ ကျိန်​စာသင့်​ခဲ့တဲ့မြို့​လေး
အခုအဲဒီမြို့​လေးရဲ့
မြို့တံခါး​တွေဖွင့်​​ပေးလိုက်​ရပြီ

သေနတ်​တစ်​ချက်​မှမ​ဖောက်​ဘဲ
ငါ့တို့မြို့​လေးကို သိမ်းပိုက်​သွား​ပေါ့

မြို့လည်​​ခေါင်​ကတိုက်​ခန်း​လေး
ကာလတန်​​ကြေးထက်​ မြင့်​တက်​သွားပြီ
အခုမြို့​လေးဟာ
သွေးဆုံး​နေတဲ့ မိန်းမကြီးအသွင်​နဲ့...
မြို့ဟာအခု
ခြိမ်း​ခြောက်​မှုကိုခံထားရတယ်

မြို့ဟာမသိခြင်း
များစွာကိုလည်းပိုင်​ဆိုင်​ထားတယ်​.....

မြို့ရဲ့အစိတ်​အပိုင်း​တွေကို
မြိန်​​ရေယှက်​​ရေစား​သောက်​ခံ​နေရတယ်​။

အခု​တော့ မြို့​လေးဟာ
ဒီဒဏ်​ရာ​တွေနဲ့ပဲ
အသားကျခြင်းမလှ ကျ​နေ​လေရဲ့....။    ။

လေးစားစွာဖြင့်
ချမ်းမြ

နိုဝင်​ဘာ ၁၄ ၊၂၀၁၄ စံ​တော်​ချိန်​သတင်းစာ

"ကျွန်မရဲ့ ကဗျာဆရာ"

"ကျွန်မရဲ့ ကဗျာဆရာ"

        သူက ကဗျာတစ်ယောက်ပါ။ကဗျာဆရာဆိုတဲ့အတိုင်းပဲ နူးညံ့သိမ်မွေ့အေးဆေးတယ် စကားပြောနည်းပြီး စိတ်နှလုံးကောင်းရှိသူတစ်ယေက်ပါ။သူ့ကြောင့်တစ်ပါးသူပျော်ရွှင်အဆင်ပြေနေရင် စိတ်ကျေနပ် သူပေါ့။သူအလုပ်ပိတ်ရက်တွေဆို ကျွန်မဆိုင်လေးကို အလည်လာတယ်။ကျွန်မ က ရတနာပုံတက္ကသိုလ်မိန်းထဲမှာ ကွန်ပျူတာစာစီစာရိုက်နဲ့ဓာတ်ပုံဆိုင်လေးဖွင့်ထားတယ်။ကျွန်မ ဆိုင်မှာ ကော်ဖီထုတ်က မပြတ်တမ်းဝယ်ထားရတယ်။သူလာပြီဆိုတာနဲ့ ကျွန်မက ကော်ဖီခါးခါးလေးဖျော်တိုက်ပါတယ်။သူက ကော်ဖီခါးခါးဆိုသိပ်ကြိုက်တာ။သူကိုကျွန်မက အရမ်းလေးစားလို့နာမည်တောင်မခေါ်ဘူး။ဆရာ လို့ပဲခေါ်တယ်။သူကလည်းကျွန်မကိုဆရာမ လို့ပဲခေါ်တယ်။ဆရာက ငယ်ငယ်လေးကတည်းကစာပေလောက ၊ ကဗျာလောကထဲကိုခြေစုံပစ်ဝင်ခဲ့တာ။ကျွန်မ ထက် အသက်ငယ်ပေမယ့်လေးစားစရာကောင်းပါတယ်။ကျွန်မကလည်း ဂျာနယ်လေးတွေမှာ ဝတ္ထုတို ၊ ဆောင်းပါးအနည်းလောက်တော့ပါဖူးပါတယ်။စီးပွားရေးက တစ်ဖက်ဆိုတော့ အဲဒီစာရေးဖို့ကစ္စဘက်ကိုမလှည့်ဖြစ်ဘူး။
            ဒီနေ့လည်း တနင်္ဂနွေ နေ့ ရုံးပိတ်ရက်ဆိုတော့ ကျွန်မရဲ့ကဗျာဆရာလေး ကျွန်မဆိုင်ရောက်လာမယ်ဆိုတာ ဗေဒင်သွားမေးစရာမလိုပေ။
                "ဝေါ....တီ....တီ"
    ဟော ပြောရင်းဆိုရင်းနဲ့ ကျွန်မရဲ့ကဗျာဆရာလေးရောက်တော်မူလာပါပြီ။ဒါနဲ့ကျွန်မလည်း ထိုင်နေတဲ့နေရာကနေထပြီး ဆရာကိုထွက်ကြိုလိုက်တယ်။
              "မင်္ဂလာပါ...ဆရာ"
               "မင်္ဂလာပါ...ဆရာမ"
               "ဆရာ ကော်ဖီသောက်မယ်မလို့လား"
                "ဟုတ်...ဆရာမ သောက်မှာပေါ့"
  ဒါနဲ့ကျွန်မ သူ့အတွက် ကော်ဖီခါးခါးလေးတစ်ခွက်ကိုဖျော်တိုက်ပြီး ဧည့်ခံလိုက်တယ်။ပြီးတော့ဆရာနဲ့မျက်နှာခြင်းဆိုင်မှာထိုင်လိုက်တယ်။
                 "ဆရာမ..စာမရေးဘူးလား။အခုလိုဆိုင်လူပါးနေတဲ့အချိန်ဆိုရေးလို့ရတာပဲ။ရေးလို့ရသလောက်သာရေးထားလိုက်။ပြီးရင် ဆရာမ စာမူတွေကျွန်တော်ပို့ပေးမယ်။"
      ကျွန်မထင်ထားသည့်အတိုင်းပင်ဖြစ်သည်။ကျွန်မရဲ့ကဗျာဆရာလေးက ဆိုင်ကိုလာတိုင်း ဒီဓာတ်ပြာဟောင်းကြီးကိုပဲဖွင့်ပြနေကြဖြစ်သည်။ဒါပေမယ့် ကျွန်မကလည်းထိုဓာတ်ပြားဟောင်းကြီးပဲမငြီးမငြူနားထောင်နေမိသည်။ကျွန်မရဲ့ကဗျာဆရာလေးက ကျွန်မကိုတော်တော်လေးမျှော်မှန်းထားသည်။စာပေလောကတွင် သူ့ထက်သာသည့် စာရေးဆရာမကောင်းတ်ယောက်ဖြစ်စေချင်သည်။ပြီးတော့ ကျွန်မ ကနည်းနည်း ခပ်စိုးစိုးနိုင်သည်။ဒါကိုပင်သိသိကြီးနဲ့ဆရာက ကျွန်မကိုခင်မင်စွာပေါင်းသင်းနေရှာသည်။
           "ရေးမှာပေါ့...ဆရာကလည်း နောက်ရက်တွေကျရေးမယ်နော်"
           "အိုကေ....ဒီလိုမှပေါ့"
        "ကဲ....ကော်ဖီလေးသောက်လိုက်ပါအုံး။အေးကုန်တော့မယ်။"
           ကျွန်မလည်းစကားလမ်းကြောင်းလွှဲလိုက်လေသည်။ဆရာကလည်းကော်ဖီကို ကုန်အောင်သောက်ပြီးနောက်ကျွန်မအားနှုတ်ဆက်၍ပြန်သွားလေသည်။ကျွန်မရဲ့ကဗျာဆရာလေးပြန်သွားတော့ ကျွန်မလည်း လုပ်လက်စအလုပ်လေးတွေကိုအစသတ်ပြီးဆိုင်ကိုစောစောသိမ်းခဲ့သည်။
              
                                   ××××××××

         မန္တလေးမြို့ရဲ့နွေရာသီကလည်းသိကြတဲ့အတိုင်းပင်ဖြစ်သည်။ပူလောင်အိုက်စပ်စပ်နှင့်တစ်ရက်တာလုံးကို ကျွန်မရဲ့ဆိုင်ခန်းလေးထဲမှာပြီးဆုံးသွားလေသည်။အခုလော ကျွန်မတစ်ယောက် စိတ်ထဲတွင်မကြည်မလင်ဖြစ်နေသည်။အကြောင်းကတော့တခြားမဟုတ်ပါ။အိမ်ကလူတွေအဆင်မပြေလို့ ကျွန်မရဲ့ချစ်သူကောင်လေစီးဖုန်းဆက်ပါတယ်။ဖုန်မကိုင်ဘူး။တခြားသူငယ်ချင်းတစ်ယောက်ရဲ့ဖုန်းနဲ့ဆက်တော့ဖုန်းကိုင်ပြီး ကျွန်မဧ။် ဟယ်လိုဆိုသောအသံကြားတော့ အလုပ်မအားဘူးဆိုပြီးဖုန်းပြန်ချသွားသည်။ကျွန်မရင်ထဲမှာတော့ နွေနေပူပူမှာ အက်စစ်မိုးတွေရွာသွန်းနေပြီ။ဒီအချိန်မှာ ကျွန်မရင်ဖွင့်စရာဆိုလို့ ဆရာတ်ယောက်သာရှိသည်။ဒါနဲ့ကျွန်မလည်းဖုန်းကိုကောက်ကိုင်လိုက်ပြီး ကျွန်မရဲ့ကဗျာဆရာလေးစီကိုဖုန်းဆက်၍ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်။ဆရာက ကျွန်မကိုအားပေးစကားတွေအများကြီးပြောပေးရှာပါတယ်။ထိုအားပေးစကားများထဲတွင် ယနေ့တိုင်နားထဲစွဲနေသောစကားမှာ
          "ကျွန်တော်တို့က လူသားတွေလေ...ဆရာမ။ရယူလိုမှုနောက်ကို ပေးဆပ်မှု့နဲ့လိုက်နေကြသူတွေလေ။စိတ်မကောင်းဖြစ်မနေပါနဲ့။အနာဂတ်ကို နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်း ဒီဂရီစောင်းကြည့်လိုက်...ဆရာမဟာတစ်နေ့နေ့ရင့်ကျတ်သူတစ်ယောက်ဖြစ်လာမှာပါ"
          ဟုတ်ပါသည်။ကျွန်မသည် ယနေ့အချိန်အထိ မရင့်ကျတ်နိုင်သေးပေ။လွမ်းရေးထက်ဝမ်းရေးခက်တယ်ဆိုတဲ့စကားအတိုင်း ကျွန်မရဲ့စိတ်တွေကိုအလုပ်ထဲတွင်အာရုံနှစ်ခဲ့သည်။အလုပ်နည်းနည်းပါးလျှင် ဆရာစီဖုန်းခေါ်ပြီး ကျွန်မလှမ်းလှမ်းစလေသည်။ကျွန်မဖုန်းဆက်တိုင်းမညည်းမညူ ကျွန်မပြောသမျှကိုနားထောင်ပေးရှာသည်။သုံးလေးပတ်လောက် ဆရာ ကျွန်မဆိုင်ကိုမလာဖြစ်ပေ။သို့သော်လည်း ကျွန်မ နဲ့ဆရာ ဖုန်းအဆက်အသွယ်တော့မပြတ်ပေ။ကျွန်မရဲ့ကဗျာဆရာလေးဆိုင်မလာဖြစ်တဲ့အကြောင်းအရင်းက ပရဟိတ လုပ်ငန်းတွေ လုပ်ကိုင်နေသောကြောင့်ဖြစ်သည်။
           နောက်တစ်ပတ်မှာတော့ ကျွန်မ ရဲ့ကဗျာဆရာလေး ကျွန်မဖတ်ဖို့စာအုပ်တွေနဲ့အတူဆိုင်ကို ဆိုင်ကယ်လေးဖြင့်ရောက်လာလေသည်။ထုံးစံအတိုင်းကျွန်မကတော့ကော်ဖီတိုက်လေသည်။ပြီးတော့ဆရာက ဓာတ်ပြားဟောင်ကြီးဖွင့်လေသည်။
            "ဆရာမ....စာရေးဖြစ်သေးလား"
            "ဟီးးးးမရေးဖြစ်သေးဘူး။ဆိုင်မှာရေးမယ်ဆိုပြီးလည်းမရေးဖြစ်ဘူး။အိမ်ရောက်တော့လည်း ပင်ပန်းလို့အိပ်ပျော်သွားတယ်"
            "အင်း....ဖြစ်ရမယ်ဆရာမတို့ကတော့။ကျွန်တော်ဆိုအလုပ်ဘယ်လောက်ပင်ပန်းပင်ပန်းညပိုင်းစာရေးစားပွဲရှေ့ရောက်ပြီးစာအုပ်တွေမြင်ရင်ပင်ပန်းတာတွေပျောက်သွားတယ်"
             "ကျွန်မ....ဆရာကိုတကယ်လေးစားပါတယ်။ဆရာကတကယ်တော်တဲ့လူပါ"
          "ကျွန်တော်က ဆရာမကို ကျွန်တော်ထက်ပိုတော်စေချင်တာ။ကျွန်တော်ရှိနေတဲ့အချိန်လေးမှာဆရာမစာတွေရေးဖြစ်အောင်ရေးပါ။ကဲ...အဲ့ဒီမှာ ဆရာမဖတ်ဖို့စာအုပ်တွေဖတ်လိုက်အုံး"ဆိုပြီးကျွန်မကိုနှုတ်ဆက်၍ပြန်သွားသည်။
         ဆရာပြောသွာရသောစကားထဲမှာ ကျွန်တော်ရှိနေတဲ့အချိန်လေးမှာ ဆရာမစာတွေရေးဖြစ်အောင်ရေးပါတဲ့။ဆရာကဘယ်သွားမှာမို့လို့လည်း။ပဟေဠိများစွာဖြင့်ဆရာပေးခဲ့သောစာအုပ်တစ်အုပ်ယူပြီးဟိုလှမ်ဒီလှမ်လုပ်နေချိန်တွင်စာအုပ်ကြားထဲက ဆေးစစ်ချက်တစ်ချက်စာရွက်တစ်ရွက်ထွက်ကြလာသည်။ဆရာက လူလောကတွင် အလွန်ဆုံးရတစ်လခွဲလောက်ပဲနေရတော့မယ်။ထိုဆေးစစ်ချက်လေးကိုဖတ်ပြီးမှကျွန်မဆရာပြောခဲ့သောစကားလေးရဲ့အဓိပ္ပာယ်ကိုသိသွားပြီဖြစ်သည်။ကျွန်မရဲ့ကဗျာဆရာလေးဖြစ်စေချင်သည့်အတိုင်းဖြစ်အောင်လုပ်ဖို့ ကျွန်မစိတ်ဆုံးဖြတ်ချက်ချလိုကပြီ။ထိုစာရွက်လေးကိုလည်း စာအုပ်ကြားတွင်ပြန်ညှပ်၍ထားပေးလိုက်သည်။

                                   ×××××××××

           ဒီနေ့ဆိုင်လည်းလူပါးနေသဖြင့် ကျွန်မ ကွန်ပျူတာရှေ့တွင်ထိုင်ပြီးဝတ္ထုတိုတစ်ပုဒ်ကိုစတင်ရေးသားလိုက်သည်။ကျွန်မ အနည်းငယ်လောက်စရေးပြီးချိန်မှာ ဆရာဝမ်းသာအောင်လို့ ဆရာစီဖုန်းလှမ်းဆက်လိုက်တယ်။
                "ဟယ်လို....ဆရာလား"
                "ဟုတ်ကဲ့....ဆရာမ"
              "ဆရာကိုဝမ်းသာစရာပြောမလို့။ဒီနေ့ဝတ္ထုတိုလေးတစ်ပုဒ်စရေးတယ်ဆရာ"
              "ဝမ်းသာလိုက်တာ...ဆရာမရယ်။
               ကြားရတယ်စကားက ကျွန်တော့်အတွက်တော့ မင်္ဂလာပါပဲ
               ကဲ....ဆက်ရေးလိုက်အုံး"          
              "ဟုတ်ကဲ့...ဆရာ"ဆိုပြီးကျွန်မဖုန်းချပြီးစာထဲတွင်ပြန်စိတ်နှစ်၍ဆက်ရေးလေသည်။အားလပ်တဲ့အချိန်တိုင်းရေးသဖြင့် ဝတ္ထုလေးမှာ ကျွန်မ ထင်ထားသည်ထက် အချိန် နှစ်ရက်စော၍ပြီးသွားလေသည်။ထို နှစ်ရက်လေးမှာ ကျွန်မ ကိုယ့်စာမူလေးကိုပြန်ဖတ်ပြီးလိုတာလေးဖြည့် စာလုံးပေါင်းမှားတာလေးတွေလိုက်ပြင်နေသည်။
             ဒီနေ့တနင်္ဂနွေနေ့ ကျွန်မ စိတ်တွေတက်ကြွလမ်းဆန်းပြီးပျော်ရွှင်နေသည်။ဆိုင်ကိုလည်းစောစောသွား၍ဖွင့်ပြီးဘုရားပန်းလည်း ဆိုင်သန့်ရှင်းရေးလုပ်ပြီးတော့ လာအပ်ထားတဲ့အလုပ်လေးတွေ လုပ်ရင်း ကျွန်မရဲ့ကဗျာဆရာလေးကိုမျှော်နေမိသည်။ဒီနေ့မှအချိန်တွေကသိပ်ကြာလို့ကျွန်မထင်မိသည်။နေ့လည်ပိုင်းလောက်မှာကျွန်မရဲ့ကဗျာဆရာလေးရောက်လာပါပြီ။ဆရာက ဆိုင်ကယ်ပေါ်ကဆင်းဆင်းခြင်း မှာ မပြောစဖူး ကျွန်မကိုစကားလေးတစ်ခွန်းလှမ်းပြောသည်။
               "ဟာ....ကျွန်တော်တို့ဆရာမက ဒီနေ့ အရမ်းလှနေတယ်"
ကျွန်မလည်းကိုယ့်ကိုမလုံမလည်းဖြစ်ပြီး ရှက်ကိုးရှက်ကန်းနှင့်
              "လာပါဆရာရယ်.....ကျွန်မကော်ဖီတိုက်မှာပါ"
   ပြီးတော့ ကျွန်မဆရာကိုစာမူတွေထုတ်ပြလိုက်တယ်။ဆရာကဖတ်ကြည့်ပြီးကောင်းတယ်လို့ပြောတယ်။ကျွန်တော်စာမူတွေယူသွားပြီးပို့ထားပေးမယ်။ထိုနေ့က ကျွန်မ ဆရာကို ကတိတစ်ခုပေးခဲ့တယ်။
                "ဆရာ..."
                "ဟုတ်..ပြောလေ ဆရာမ"
               "ကျွန်မ...ဆရာဖြစ်စေချင်တဲ့အတိုင်းဖြစ်အောင်ကြိုးစားပြီးစာတွေကိုလည်းပုံမှန်ရေးပါမယ်လို့ ကတိပေးပါတယ်"
          ထိုစကားလေးကိုပြောလိုက်တော့ ကျွန်မရဲ့ကဗျာဆရာလေးက မျက်နှာလေးဝင်းလက်တောက်ပသွားပြီး အနည်းငယ်ပြုံးလုက်သည်။ထိုအပြုံးဟာ ကျွန်မအတွက် နောက်ဆုံးနှုတ်ဆက်အပြုံးမှန်းကျွန်မ မသိပေ။ထိုနောက်ဆရာကစာမူတွေယူပြီးပြန်သွားသည်။နောက် နှစ်ရက်လောက်နေတော့ ဆရာက စာမူတွေကို ဘယ် မဂ္ဂဇင်းတိုက် ဘယ်ဂျာနယ်တိုက် တွေပို့ထားတယ်ဆိုတဲ့အကြောင်းဖုန်းဆက်၍လှမ်းပြောသည်။ထို့နောက် ကျွန်မ မေ့မေ့ပြောက်ပြောက် နှင့် ဆိုင်အလုပ်လေးလုပ်လိုက် စာလေးရေးလိုက်နဲ့ တစ်လလောက်ကြာတော့ ကျွန်မရဲ့ ကဗျာဆရာလေး ပို့ပေးတဲ့ စာမူ မဂ္ဂဇင်းစာမျက်နှာပေါ်မှာပါလာသည်။စာမူပါလာလို့ အားရဝမ်းသာစွာဖြင့်ဆရာစီဖုန်းလှမ်းဆက်တော့ သူအိမ်ကလူတွေကိုင်သည်။
ကျွန်မရဲ့ကဗျာဆရာလေး လူ့လောကတွင်မရှိတော့ဘူးတဲ့။အဲ့ဒီနေ့က စာမူပါလို့ ကျွန်မပျော်ရွှင်မယ်လို့ထင်ခဲ့တာ။တစ်ကယ်တော့ ကျွန်မ မပျော်ရွှင်ခဲ့ပါဘူး။
            နောက်ရက် ကျွန်မရဲ့ကဗျာဆရာလေးရဲ့ နာရေးကို ကျွန်မရောက်သွားသည်။ကျွန်မရောက်သွားတော့ ဆရာအမေက
             "ဓာတ်ပုံဆိုင်က စာရေးဆရာမလေးလား"
             "ဟုတ်ကဲ့ အန်တီ သမီးပါ" လို့ပြောလိုက်တော့ ဆရာရဲ့အမေက စာအိတ်လေးတစ်ခုထုတ်ပေးတယ်။
              "သားက သူ မသေခင်မှာ သမီးကို ပေးပေးဖို့ အန်တီကိုမှာထားတယ်"
               "ဟုတ်ကဲ့ အန်တီ ကျေးဇူးပါရှင့်"လို့ပြောပြီး ကျွန်မရဲ့ကဗျာဆရာလေးမျက်နှာကိုနောက်ဆုံးသွားကြည့်ပြီးထိုင်ကန့်တော့၍လိုအပ်တာတွေကူညီပြီးကျွန်မပြန်ခဲ့တယ်။အိမ်ရောက်တော့ အခန်းထဲတန်းဝင်ပြီး ဆရာပေးခဲ့တဲ့စာလေးကိုဖောက်၍ဖတ်လိုက်သည်။
          သို့/
               ဆရာမ...ဆရာမဒီစာကိုဖတ်နေချိန်မှာ ကျွန်တော်က ဆရာမ နဲ့ဘဝခြားသွားပါပြီ။ဆရာမကို နှုတ်မဆက်ပဲထွက်သွားတာမဟုတ်ပါဘူး။ကျွန်တော့ကြောင့်ဘယ်သူမှစိတ်မဆင်းရဲစေချင်လို့ပါ။တစ်ချိန်မှာကျွန်တော်ဖြစ်စေချင်တဲ့ နာမည်ကြီးစာရေးဆရာမကြီးဖြစ်အောင်ကြိုးစားပါ။
              စာလေးမှာထိုနေရာမှာတင်အဆုံရသတ်သွားလေသည်။ကျွန်မလေသူ့ကိုဂတိပေးထားတဲ့အတိုင်း နာမည်စာရေးဆရာမဖြစ်အောင်ကြိုးစာနေပါပြီ။သူကိုတော့ကျွန်မအမြဲတမ်းအမှတ်ရနေမှာပါ။သူ့အကြောင်းကို ကျွန်မစာတွေထဲမှာထည့်ရေးမယ်။သူငယ်ချင်းအသစ်တွေကိုလည်းသူ့အကြောင်းပြောပြမယ်။
            သူက ကဗျာဆရာလေ။နူးညံ့တယ်။သိမ်မွေ့တယ်။သူ့ကြောင့်တစ်ပါးသူပျော်ရွှင်ပြီးအဆင်ပြေနေရင်ကျေနပ်နေတဲ့လူ။အခုသူ အားလုံးကိုကြောခိုင်း၍ ထွက်သွားပါပြီ။သူက ကျွန်မဘဝကိုတိုးတက်အောင်လုပ်ပေးခဲ့တဲ့မိတ်ဆွေကောင်းတစ်ယောက် ဘယ်တော့မှမမေ့နိုင်တဲ့ကျွန်မရဲ့ကဗျာဆရာလေးပါ။ အခု ကျွန်မ နာမည်ကြီးစာရေးဆရာမ တစ်ယောက်ဖြစ်နေတာကို ကျွန်မရဲ့ကဗျာဆရာလေးသာမြင်ခဲ့ရင် ဘယ်လောက်ပျော်လိုက်မယ်မသိပေ။ကျွန်မရဲ့ကဗျာဆရာလေးကောင်းရာဘုံဘဝရောက်နေမှာပါ။

လေးစားစွာဖြင့်
ချမ်းမြ

"အလွမ်းတေးတွေ နဲ့ မန္တလေး"


"အလွမ်း​တေး​တွေ နဲ့ မန္တ​လေး"

 ၂၀၁၅ ဇွန်​ ၁၉ ၊ စံ​တော်​ချိန်​သတင်းစာ

ဒီမြို့​လေးမှာ
နန်း​တော်​ကြီး နဲ့ ကျုံးမြို့ရိုးကြီးလည်း ရှိ​သေးတယ်
မဟာမြတ်​မုနိ ဘုရားကြီး
ရွှေကျီးမြင်​ ၊ ချမ်းသာကြီး
ကျောက်​​တော်​ကြီး
တန်​ခိုးကြီးဘုရား​တွေ လည်းရှိ​သေးတယ်
ကုသိုလ်​​တော်​ဘုရား
ကျောက်​စာ​တွေ နဲ့
ဘုရား​ပေါ်ကခ​ရေပန်းသည် က​လေး​တွေလည်းရှိ​တယ်
အတုမရှိ​ကျောင်းနဲ့ ​ရွှေ​ကျောင်းကြီးရှိတယ်
မန္တ​လေး​တောင်​ နဲ့ ​မန္တ​လေး​ထောင်​ လည်းရှိတယ်
တောင်​သမန်​ နဲ့ ဦးပိန်​တံတားလည်း ရှိ​သေးတယ်
ဧရာဝတီ နဲ့ ​အောင်​ပင်​လယ်​ လည်းရှိ​သေးတယ်
ဈေးချို​တော်​ နဲ့ နာရီစင်​ကြီးလည်းရှိ​သေးတယ်
မြင့်​မြင့်​ခင်​ထိုးမုန့်​ နဲ့ အရီး​တောင်းလက်​ဖက်​လည်းရှိ​သေးတယ်
ရတနာပုံတက္ကသိုလ်​ နဲ့ ပန်​တျာ​ကျောင်းကြီးလည်းရှိ​သေးတယ်
မန္တလေးကိုအသက်လိုချစ်သော
"မန္တလေးချစ်သူများ" ရှိသေးတယ်
ဒီမြို့မှာ ကဗျာ​တွေလည်းရှိ​သေးတယ်
စာ​ရေးဆရာ​တွေရှိ​သေးတယ်
ဒီမြို့​လေးက
သမိုင်း​ကြောင်း​ကောင်းခဲ့​ပေမယ့်
နောက်​သမိုင်း​တွေမ​ကောင်း​တော့တဲ့မြို့
ဒီမြို့​လေးကို
သူရဲ​ကောင်း​တွေ​စောင့်​​ရှောက်​ခဲ့တယ်
ဒီမြို့​လေးက
လူစိတ်​ဝင်​စားမှု့များသလို
လူကြိုက်​လည်းများတယ်
ဒီမြို့မှာလူ​တော်​​တွေရှိသလို
လူစွမ်း​ကောင်း​တွေလည်းရှိ​သေးတယ်
ရှိသေး......ရှိသေး..အများကြီးရှိသေးတယ်
ဒီမြို့​လေးကို လက်​တသစ်​ခြင်း
ကယ်​​တင်​နေတဲ့သူ​တွေ ရှိသလို
တတိတိနဲ့ ပိပိရိရိဖဲ့စား​နေတဲ့သူ​တွေလည်းရှိတယ်
ရှိတယ်.....ရှိတယ်....တကယ် ရှိတယ်....။ 

လေးစားလျှက်
ချမ်းမြ

၂၀၁၅ ဇွန်​ ၁၉ ၊ စံ​တော်​ချိန်​သတင်းစာ

ချမ်းမြ - မန္တ​လေးနဲ့ ရှစ်​​လေးလုံး

 
ချမ်းမြ - မန္တ​လေးနဲ့ ရှစ်​​လေးလုံး

“အ​ရေး​တော်​ပုံ​….​အောင်ရမည်​“
“သခင်​မျိုး​ဟေ့…..ဒို့ဗမာ”
“ဆန္ဒ ဆန္ဒ ပြပြ”

ကြက်​သီးဖြန်းဖြန်းထတဲ့
ကြွေး​ကျော်​သံ​တွေနဲ့အတူ
နာရီစင်​ကြီး​ဘေးမှာ
  ဒေါင်းအလံ​တွေ လွှင့်​ခဲ့ဘူးတယ်

ဈေးချို​တော်​ ရုံ​ဟောင်းကြီး​ဘေးမှာ
အစာငတ်​ခံဆန္ဒပြပွဲ ကျင်းပဖူးတယ်

၂၆ ဘီလမ်း (အာဇာနည်​လမ်း)​ ပေါ်မှာ
ဒေါင်းအလံမလဲတဲ့
ကျောင်းသား​တွေ​သွေး စွန်းခဲ့ဘူးတယ်

အိမ်​​တော်​ရာဘုရား ဆယ့်​​လေးခန်းမှာ
ကျောင်းသား​တွေတပ်​စွဲ
နိုင်​ငံ​ရေးတရား​ဟောခဲ့ဖူးတယ်

ဒီမြို့​လေးက
သူရဲ​ကောင်း​တွေထွက်​ခဲ့တယ်
ဒေါင်းအလံ​တွေ ဝဲခဲ့တယ်……။
လေးစားစွာဖြင့်
ချမ်းမြ
၈၊ ၈၊ ၂၀၁၅

ချမ်းမြ ။ ညီဆူးသစ် - "မန္တ​လေးအား​တောင်​ပန်​ခြင်း"

   ဇန်န၀ါရီ ၉ ရက် ။ ၂၀၁၅ သောကြာနေ့ထုတ် စံတော်ချိန်သတင်းစာ
Related Posts Plugin for WordPress, Blogger...

ချမ်းမြ ။ ညီဆူးသစ် - "မန္တ​လေးအား​တောင်​ပန်​ခြင်း"

ရှင်းသလောက် အိမ်ခြေတွေ ရှုပ်ထွေးနေတဲ့ မြို့
ကျယ်သလောက် နန်းမြိုးရိုးဟာ
မနက်ဖြန်တိုင်းအတွက် မရေရာခဲ့ မြို့
အပြောချို နှုတ်မစောင့်စီးတတ်ကြတော့တဲ့ မြို့
စာပေသမိုင်း တွင်ကျယ်နေခဲ့သလောက်
သာ​ကော တွေ တွင်ကျယ်နေတဲ့ မြို့
မြန်မာ့သမိုင်းကို ဘယ်ကြိမ်နဲ့ရိုက်ရိုက်
အညစ်အကြေးတွေ လိမ်းကြံနေခံရဆဲ မြို့
ထောင်လောက် မရှုမလှ ဇာတ်ဆွဲနေဆဲမြို့
မော်တော်ပီကယ်တွေ လမ်းသလားခံ မြို့
အမျိုးသားယာဉ်နောက်လိုက်တွေ ပါးပါးလာ
အမျိုးသမီးယာဉ်နောက်လိုက်တွေ
တွင်ကျယ်တော့မယ်ဆိုတဲ့ မြို့
ဒေးဗစ်ရေ ....
မန္တလေးဟာ ကြက်သီးထလား ?
မန္တလေးက ခင်ဗျား သဝဏ်လွှာစောင့်ဆိုင်းနေရ
မန္တ​လေးဟာ
နန်းရှေ့မှာ ပိတ်မိနေတဲ့  ကားတွေ
ဆိုင်ကယ်တွေ စက်ဘီးတွေနဲ့ အတူ
တစ်နာရီ မိုင် ၄၀အထိ ပို့သ ခံစားရနေရလို့ 
ကျေးလက်သူတွေရဲ့နှုတ်ဖျားမှာ
တဖွားဖွား ရွတ်သခံနေရတဲ့ မြို့
မန္တ​လေးမှာ
မန္တ​လေး မဟာမြတ်မုနိဘုရားရှိတယ်
မန္တ​လေးမှာ
မန္တ​လေး တောင်ရှိတယ်
မန္တ​လေးမှာ
မန္တ​လေး တောင်သမန်ရှိတယ်
မန္တ​လေးမှာ
မန္တ​လေး ကုသိုလ်တော်ရှိတယ်
မန္တ​လေးမှာ
မန္တ​လေးအတုမရှိ​ကျောင်းရှိတယ်
မန္တ​လေးမှာ
မန္တ​လေး​ရွှေ​ကျောင်းကြီးရှိတယ်
မန္တ​လေးမှာ
မန္တ​လေးဘူတာကြီးရှိတယ်
မန္တ​လေးမှာ
မန္တ​လေး​ဈေးချို​တော်​နဲ့နာရီစင်​ကြီးရှိတယ်
မန္တ​လေးမှာ
မန္တ​လေးကိုချစ်​တဲ့ မြို့သူ/သား​တွေရှိတယ်
မန္တ​လေးမှာ
အတွင်ကျယ်ဆုံး မန္တ​လေး နန်းမြို့ကြီး ရှိတယ်
ရတနာပုံတွင်ခေါ် မန္တ​လေးရောက်မှ
လူလားမြောက်တယ် ဟေ့  လို့
ဌာန်ကရိုဏ်းကျကျ ရွတ်​​အော်လိုက်​တယ်
မန္တ​လေးမှာသမိုင်းရှိတယ်
မန္တ​လေးသား/မန္တ​လေးသူရဲ့သတ္တိ
မန္တ​လေးသိတယ်
မန္တ​လေးအသားဖြူ​နေတာ
မန္တ​လေးမသိဘူး
မန္တ​လေးမျက်​လုံး​မှေး​နေတာ
မန္တ​လေးမသိဘူး
မန္တ​လေး​ရွှေ​ခြေကျင်းမဝတ်​​တော့ဘူး
မန္တ​လေးစကားမပြီ​တော့ဘူး
ကာနယ်​ဆ​လေဒင်​ ​ရေ
မင်းသိမ်းပိုက်​သွားတဲ့မြို့မှာ
မင်းကိုပြန်​သိမ်းပိုက်​မယ့်​သူ​တွေများ​နေပြီ
နာရီစင်​ကြီးလဲအချိန်​မမှန်​​တော့ဘူး မန္တ​လေး
ဘာ​တွေဘယ်​လိုပဲဖြစ်​ဖြစ်
ဘယ်​သူဘာပဲ​ပြော​ပြော
ပြာပုံဘဝကိုအကြိမ်​ကြိမ်​​ရောက်​ခဲ့​ပေမယ့်
ဖီးနစ်​ငှက်​လို ဝင့်​ဝါစွာပြန်​နိုင်​တာ မန္တ​လေး
ကဗျာဆရာ​တွေ ညလုံး​ပေါက်
ကဗျာဖွဲ့တဲ့
ကဗျာထဲကမန္တ​လေး
အလိုမတူပဲ အပျိုရည်​ပျက်​ခဲ့ရတဲ့မန္တ​လေး
ကျွန်​​တော်​တို့ ချစ်​တဲ့မန္တ​လေး
မန္တ​လေးမျက်​ရည်​ကျတဲ့ မန္တ​လေး
နာရီစင်​ရဲ့မျက်​​ရည်​​တွေကျုံးထဲကိုစီးတဲ့ မန္တ​လေး
မန္တ​လေး ​ရေ
ဘယ်​လိုအချိန်​ ဘယ်​လိုပဲဖြစ်​ဖြစ်
ငါ့တို့​တွေရဲ့ရင်​ထဲမှာ အမြဲရှိပါတယ်
သမိုင်းက​ပေးတဲ့အ​ခြေ​နေ
အ​ခြေ​နေက​ပေးတဲ့သမိုင်း​ကြောင့်
မကယ်​တင်​နိုင်​​သေးတာ
ခွင့်​လွှတ်​​ပေးပါ......ခွင့်​လွှတ်​ပါ
ခွင့်​လွှတ်​​ပေးပါ.... မန္တ​လေး။
လေးစားစွာဖြင့်
ချမ်းမြ  နှင့်​ ညီဆူးသစ်

"မန္တလေးက စကား"


  "မန္တလေးက စကား"

{၆ ၊ ၂ ၊ ၂၀၁၅}သောကြာနေ့ထုတ် စံတော်ချိန်သတင်းစာ
                                        

ကျွန်တော်တို့ငယ်စဉ်တုန်းကတည်းက အဖိုး အဖွား အဖေ
အမေတွေပြောဆိုနေကြတယ်စကားလေးတစ်ခွန်းရှိတယ်။ထိုစကားလေးကိုယနေ့တိုင်သုံးစွဲနေကြဆဲပါပဲ။
"ရန်ကုန် က အကြွား
မော်လမြိုင် က အစား
မန္တလေး က စကား" တဲ့။
ဟိုးရှေးတုန်းကတည်းက မန္တလေးသူ
မန္တလေးသားတွေကစကားပြောရာမှာလိမ္မာရေးခြားရှိပြီးတက်ကျွမ်းကြတယ်။ဘာကြောင့်ဒီလိုပြောရလည်းဆိုတော့ကျွန်တော်ကြားဖူးတဲ့ဟာသလေးတစ်ပုဒ်ပြောပြပါမယ်။မင်းတုန်းမင်းတရားကြီးဟာ
သူ၏နန်းဆောင်ရှေ့ကဖြတ်သွားလေသူမှန်သမျှကို မည်သူ မည်ဝါ
လည်းဟုလှမ်းမေးတော်မူတယ်။နန်းတွင်းသူများဖြစ်ပါက
မင်းတုန်းမင်းကြီးကခေါ်ထားတော်မူတယ်။မင်းတုန်းမင်းတရားကြီး၏
ဥာဏ်ကိုသိရှိနေသောနန်းတွင်းသူတို့က
မင်းတုန်းမင်းတရားကြီးလှမ်းမေးတော်မူသောအခါ
ကျွန်တော်မျိုးပါဘုရားလို့ လိမ္မာပါးနပ်စွာဖြေကြတယ်။အဲဒီတော့မှ
မင်းတုန်းမင်း၏လက်မှလွတ်ကြရတယ်။အဲနောက်တော့ မန္တလေးသူတွေဟာ
ကျွန်တော် ကျွန်တော် လို့ပဲ
ပြောလာတော့တာပါပဲ။မန္တလေးသားစာရေးဆရာကြီးရွှေဥဒေါင်းကတော့သူ့ရဲ့
"မနေ့ကမန္တလေး ၊ ယနေ့ မန္တလေး" ဆိုတဲ့ဆောင်းပါးထဲမှာ
မန္တလေးသားတွေစကားအပြောအဆိုကြွယ်ဝပုံ ၊
ပြောပုံဆိုပုံစကားလုံးအသုံးအနှုံးနှင့်ပက်သက်၍လည်းမန္တလေးသူ
မန္တလေးသားများသည်
တစ်ပြည်လုံးနှင့်မတူအောင်ကွဲပြားနေပုံကိုဆရာကြီးကသူ၏ကိုယ့်တွေ့ဖြစ်ရပ်တစ်ခုနှင့်တင်ပြထားပေသည်။ဆရာကြီးသခင်ကိုယ်တော်မှိုင်း(ဆရာလွန်း)က
အစည်းအဝေးတစ်ခုတွင် အစည်းအဝေးပြုလုပ်ပြီးသွားသောအခါ၌ ဆရာလွန်းက
"မောင်တို့ မန္တလေးသားတွေက စကားပြောပုံကောင်းပါပေ့ မောင်ရာ ၊
ဒီက ခွေးမသားတွေ တစ်ကကောင်မှလိုက်မမှီဘူး"လို့
ဆရာကြီးရွှေဥဒေါင်းအားပြောဖူးသည်။ရွှေမန်းသားများ၏ပီယဝါစာဖြစ်အောင်ပြောတက်ခြင်းကားယုံမှားဖွယ်ရာရှိမည်မဟုတ်ချေ။အမေလူထုဒေါ်အမာ၏မိခင်
မန္တလေးသူစစ်ကြီးဖြစ်သော ဒေါ်စု သည်လည်း
စကားပြောကောင်းသူတစ်ယောက်ဖြစ်လေသည်။အမေမာရဲ့မိခင်ကြီးဒေါ်စုသည်သာမာန်အရပ်သူဖြစ်သော်လည်း
အရပ်သုံးစကား ဗဟုသုတကြွယ်လွန်းလို့ နယ်ကဧည့်သည်တွေ
မန္တလေးကိုဘုရားဖူးလာကြရင် ဒေါ်စုရဲ့ဧည့်ခံစကားတွေက အင်မတန်မှ
ဗဟုသုတကြွယ်ဝဖွယ်ရှိလှတယ်လို့ ပြောဆိုခြင်းခံရပါတယ်။အမေမာ ကလည်း
မိခင်နည်းတူဖြစ်လေသည်။တကယ်တော့မန္တလေးသူ မန္တလေးသားတိုင်း
စကားတက်လှတယ်တော့မဟုတ်ပါဘူး။ဒါပေမယ့်တခြားဒေသကလူတွေထက်
စကားလုံးအသုံးအနှုန်းဝေါဟာရကပိုပြီးကြွယ်ဝကြတယ်။မန္တလေးကို
လာတဲ့ဧည့်သည် ၊ အထူးသဖြင့် အောက်အရပ်က ဧည့်သည်တွေဆို မန္တလေးသူ
မန္တလေးသားတွေ စကားပြောတာ "ချွဲတယ်"လို့ပြောတက်ပါတယ်။တကယ်တော့
တမင်တကာချွဲနွဲ့ပြီးပြောတာမဟုတ်ပါဘူး။ကျွန်တော်တို့မန္တလေးဟာ
ဘုရင်တည်သွားတဲ့မြို့ ၊ မင်းဆက်
နှစ်ဆက်စိုးစံသွားခဲ့တယ်လေ။ပြီးတော့ မန္တလေးသူ မန္တလေးသားတွေ က
နန်းတော်တိုင်လုံးတွေဖတ်ပြီးမွေးလာတဲ့လူတွေလေ။အဲဒီတော့
ပဒေသရာဇ်အငွေ့သက်လေးတွေအနည်းငယ်တော့ကျန်တာပေါ့။တခြား အရပ်က
ဧည်သည်ကို မုန့်ကျွေးတဲ့အခါ "စားပါအုံး"လို့ပြောပင်မယ့် မန္တလေးသူ
မန္တလေးသားတွေကတော့ "သုံးဆောင်ပါဦး"လို့ ပြောပါတယ်။ဒါ ပဒေသရာဇ်
အငွေ့အသက်တွေပေါ့။တမင်ချွဲတာတော့ဘယ်ဟုတ်မလည်းဗျာ။နို့သောက်လျှင်အသားဖြူမည်ဟု
သမ္မတကြီးက အာမခံသော်လည်း နန်းတော်ရှေ့ဆရာတင်ကတော့
မန္တလေးသွားလျှင် အသားမည်း(မဲ)မည် ၊ မန္တလေးရောက် ရန်ကုန်သူတို့
အသားအရေ မပျက်စီးရန် အင်လျားကန်မှ
ရေကိုရထားနှင့်ယူပြီးရေချိုးစေသလိုရွှေဘိုသနပ်ခါးလိမ်းရန်လည်းသီချင်းစပ်ဆိုအကြံပြုခဲ့သည်။ထိုသီချင်းထဲ၌ဆရာတင်သည်
သူပြောချင်သောစကားကို
စကားလုံးအသုံးအနှုံးပရိယာရ်ကြွယ်ဝလိမ္မာပါးနပ်စွာသုံးစွဲထားခြင်းကိုလည်မြင်တွေ့ရပေသည်။
အခုတော့ မန္တလေးမှာတော့
မန္တလေးသားတွေကပဲစကားမပြောတက်ကြတော့တာလား။ဒါမှမဟုတ်
စကားပြောရမယ့်နေရာတွေရောက်နေတဲ့ မန္တလေးသားတွေက
မန္တလေးသားစစ်စစ်ကြီးမဟုတ်ကြတော့လို့လားမသိပေ။ဆရာကြီးရွှေဥဒေါင်းတို့
အမေမာတို့ ဆရာတင် တို့
ယခုချိန်ရှိနေလျှင်သိပ်ကောင်းမည်။ဆရာကြီးရွှေဥဒေါင်း နှင့်
အမေမာတို့ကတော့ ယနေ့မန္တလေးကိုမြင်လျှင်
မည်သို့ရေးကြမည်ဆိုတာမသိပေမယ့် နန်းတော်ရှေ့ဆရာတင်ကတော့
မန္တလေးသွားလျှင် အသားမည်း(မဲ)မည်ဟု အစား မန္တလေးသွား လျှင်
"ရှဲရှဲ"ဆိုတာပြောတက်အောင်သင်သွားဟုအကြံပြုသီချင်းစပ်ဆိုမည်လို့မြင်ရောင်မိပေသည်။

  လေးစားလျှက်
ချမ်းမြ

{၆ ၊ ၂ ၊ ၂၀၁၅}သောကြာနေ့ထုတ် စံတော်ချိန်သတင်းစာ

ချမ်းမြ - မန်းနာရီစင်ကြီး အချိန်မှန်ပါပြီ

 
 
ဇန်န၀ါရီ ၉ ရက် သောကြာနေ့ထုတ် စံတော်ချိန်သတင်းစာ
 
မန္တ​လေး ​ဈေးချိုနာရီစင်​ကြီးဟာ ​ဈေးချို​တော်​ကြီးအတူတူ​ဆောက်
လုပ်​ခဲ့တာမဟုတ်​ပါဘူး။ဈေးချို​တော်​ကြီးကို​တော့ မြန်​မာ့သက္ကရာဇ်​ ၁၂၆၅ ခုနှစ်​ ၊ အင်္ဂလိပ်​ သက္ကရာဇ်​ ၁၉၀၃ ခုနှစ်​မှာ​ဆောက်​လုပ်​ခဲ့ပါတယ်​။ဈေးချို​တော်​ကြီးကို "အုတ်​ကာသွပ်​မိုး" ဆိုပြီး မှတ်​မှတ်​ရရ သ​ကေ​​င်္တပြုထားပါတယ်​။သို့​ပေမယ့်​ မန္တ​လေး လို့​ပြောလိုက်​လျှင်​တချို့က ​ဈေးချို​တော်​ကြီး နှင့်​ နာရီစင်​ကိုတွဲ၍​ပြေးမြင်​မိသည်​။တချို့က​တော့ နန်း​တော်​ကြီးနဲ့ကျုံးမြို့ရိုး ၊ တချို့က​ မန္တ​လေး​တောင်​နှင့်​​မြွေကြီးနှစ် ​​ကောင်​ ၊ တချို့က​တော့ အတုမရှိ​ကျောင်​ ၊ ​ရွှေ​ကျောင်းကြီး ၊ကုသိုလ်​​တော်​ စသည်​ဖြင့်​တွဲ၍မြင်​ကြ​ ​ပြောကြသည်​။ဈေးချိုနာရီစင်​ကြီးမှာ {၁၈}နှစ်​သမီးကတည်းကဘုရင်​မဖြစ်​လာတဲ့ အင်္ဂလန်​ ဘုရင်​မကြီး ဝိတိုရိယ ၏နန်းသက်​နှစ်​{၆၀}​မြောက်​ စိန်​ရတုသဘင်​အထိမ်းအမှတ်​ဖြင့်​ ​အေဒီ {၁၉၀၉}တွင်​တည်​​ဆောက်​ခဲ့သည်​။အသက်​ {၈၂} မှာ​တော့ ဘုရင်​မကြီး နတ်​ရွာစံသွားပါတယ်​။အဲဒီ​ခေတ်​တုန်းက နာရီကိုင်​​ဆောင်​နိုင်​တဲ့သူက အလွန်​ရှားပါး​တော့ နာရီစင်​ကြီးဟာ ​ရွှေအမျှ အလွန်​အဖိုးထိုက်​တန်​လှပါတယ်​။ဒီနာရီစင်​ကြီးကို မြူနီစပယ်​ကရပ်​မသွားရ​အောင် ၊ မပျက်​​အောင်​ထိန်းသိမ်း​စောင့်​​ရှောက်​ဂရုစိုက်​ပါတယ်​။ဒုတိယကမ္ဘာစစ်​အတွင်း စစ်​​ဘေးဒဏ်​မခံခဲ့ရဘဲမူရင်းအတိုင်းကြွင်းကျန်​ရစ်​​သောမူလလက်​​ဟောင်​နာရီစင်​ကြီးဖြစ်​သည်​။
       ထိုမူလလက်​​ဟောင်း မန္တ​လေးမြို့ရဲ့ကျက်​သ​ရေ​ဆောင်​ ​ဈေးချိုနာရီစင်​ကြီးမှ နာရီအသစ်​လည်းလည်​​လိုက်​ပါတယ်​။မူလ အင်္ဂလန်​နာရီကြီးကို​တော့ {၁၉၈၅}ခုနှစ်​တွင်​ SEIKO{ဂျပန်​}နာရီကြီးဖြင့်​လည်းလည်​ခဲ့ပါတယ်​။ထိုဂျပန်​ SEIKO နာရီကြီးကိုသက်​တမ်းအားဖြင့်​ ၂၉ နှစ်​ကြာသုံးစွဲခဲ့ပြီး ​နောက်​ပိုင်း နှစ်​များတွင်​ သဘာ​ဘေးဒဏ်​​ကြောင့်​​သော်​လည်း​ကောင်း ၊ ခို ငှက်​များ​ကြောင့်​​သော်​လည်း​ကောင်း ၊ သက်​တမ်းအရ​သော်​လည်း​ကောင်း နာရီတစ်​လုံး နဲ့တစ်​လုံးမှာပြိုင်​ဆိုင်​လာကြသည် ​။အ​ရှေ့ဘက်​ကနာရီက 6 နာရီဆိုရင်​ အ​နောက်​ဘက်​ကနာရီက 7 နာရီမတ်​တင်း ​တောင်​ဘက်​ကနာရီက 8 နာရီ 15 မိနစ်​ ​မြောက်​ဘက်​ကနာရီက 9 နာရီမတ်​တင်း စသည့်​ဖြင့်​မာနများထားလာမှု​ကြောင့်​ M.C.D.C {မန်းစည်​ပင်​}မှနာရီအသစ်​လည်းဖို့အတွက်​ ၂၀၁၄ နိုဝင်​ဘာလတွင်​ စီစဉ်​ခဲ့ပြီး ဒီဇင်​ဘာလ အလယ်​မှာ​ဆောင်​ရွက်​ပြီးစီးခဲ့ပါတယ်​။နာရီအချင်းမှာ ၃ ​ပေရှိသဖြင့်​ပြင်​ပ​ဈေးကွက်​တွင်​ထိုနာရီမျိုးကိုဝယ်​ယူ၍မရသဖြင့်​ ပြည်​တွင်း Electronic ပညာရှင်​ဦးရဲဝင်းက နိုင်​ငံခြားမှ လိုအပ်​သည့်​ပစ္စည်းများဝယ်​ယူခဲ့သည် ​။နာရီအသစ်​တွင်​ နာရီစက်​ကိရိယာအပိုင်းများ ၊ လျှပ်​စစ်​ပိုင်းဆိုင်​ရာများ ၊ အသံပိုင်းဆိုင်​ရာတို့ဖြင့်​ နာရီအသစ်​ကိုထုတ်​လုပ်​တပ်​ဆင်​ခဲ့သည်​။ထိုနာရီအသစ်​တွင်​ Battery Back Up System ပါဝင်​မှု​ကြောင့်​မီးပျက်​လျှင်​လည်း နာရီမှာရပ်​မ​နေဘဲ ဆက်​လက်​လည်​ပတ်​နိုင်​​ပေမည်​။ယခုနာရီအသစ်​တွင်​ နာရီထိုး​မောင်းစနစ်​ကိုအသုံးပြုထားသဖြင့်တစ်​နာရီတစ်​ကြိမ်​ ထိုး​မောင်း စနစ်​ဖြင့်​ အသံမြည်​​နေမည်​။သို့​သော်​ ည ၁၀ နာရီ မှ နံနက်​ ၄ နာရီအတွင်း အများပြည်​သူ အ​နှောက်​အယှက်​ မဖြစ်​​စေရန်​အတွက်​နာရီထိုး​မောင်းစနစ်​ကိုအလိုအ​လျှောက်​ပိတ်​ထားမည်​ဖြစ်​သည်​။
          ကျုံးမြို့ရိုးကြီး နဲ့ မန္တ​လေး ၊ ဦးပိန်​ရဲ့ ရင်​ခွင်​ကိုခိုလှုံ​နေတဲ့ မန္တ​လေး ၊ ထိုမုန့်​ ​တွေ ​ပေါက်​စီဖြစ်​ကုန်​တဲ့ မန္တလေး ၊ စက်​ဘီး​တွေ ​မော်​တာတပ်​ခံလိုက်​ရတဲ့ မန္တ​လေး ၊ အ​မော​ပြေ​သောက်​စရာ လမ်း​ဘေး​ရေချမ်းအိုးစဉ်​​လေး​တွေ ​ပျောက်​ကုန်​တဲ့ မန္တ​လေး.... မန္တ​လေး.... မန္တ​လေး..... မန္တ​လေး ။ဟုတ်​ပါတယ်​....အခုဆိုရင်​ နာရီစင်​ကြီး​အောက်​မှာ အချိန်​မမှန်​ဖြစ်​​နေတဲ့မန္တ​လေး အချိန်​မှန်​သွားပါပြီ.....။ ။
 ချစ်ခြင်းအားဖြင့်


ချမ်းမြ