
ချမ်းမြ ။ ညီဆူးသစ် - "မန္တလေးအားတောင်ပန်ခြင်း"
ရှင်းသလောက် အိမ်ခြေတွေ ရှုပ်ထွေးနေတဲ့ မြို့
ကျယ်သလောက် နန်းမြိုးရိုးဟာ
မနက်ဖြန်တိုင်းအတွက် မရေရာခဲ့ မြို့
အပြောချို နှုတ်မစောင့်စီးတတ်ကြတော့တဲ့ မြို့
စာပေသမိုင်း တွင်ကျယ်နေခဲ့သလောက်
သာကော တွေ တွင်ကျယ်နေတဲ့ မြို့
မြန်မာ့သမိုင်းကို ဘယ်ကြိမ်နဲ့ရိုက်ရိုက်
အညစ်အကြေးတွေ လိမ်းကြံနေခံရဆဲ မြို့
ထောင်လောက် မရှုမလှ ဇာတ်ဆွဲနေဆဲမြို့
မော်တော်ပီကယ်တွေ လမ်းသလားခံ မြို့
အမျိုးသားယာဉ်နောက်လိုက်တွေ ပါးပါးလာ
အမျိုးသမီးယာဉ်နောက်လိုက်တွေ
တွင်ကျယ်တော့မယ်ဆိုတဲ့ မြို့
ဒေးဗစ်ရေ ....
မန္တလေးဟာ ကြက်သီးထလား ?
မန္တလေးက ခင်ဗျား သဝဏ်လွှာစောင့်ဆိုင်းနေရ
မန္တလေးဟာ
နန်းရှေ့မှာ ပိတ်မိနေတဲ့ ကားတွေ
ဆိုင်ကယ်တွေ စက်ဘီးတွေနဲ့ အတူ
တစ်နာရီ မိုင် ၄၀အထိ ပို့သ ခံစားရနေရလို့
ကျေးလက်သူတွေရဲ့နှုတ်ဖျားမှာ
တဖွားဖွား ရွတ်သခံနေရတဲ့ မြို့
မန္တလေးမှာ
မန္တလေး မဟာမြတ်မုနိဘုရားရှိတယ်
မန္တလေးမှာ
မန္တလေး တောင်ရှိတယ်
မန္တလေးမှာ
မန္တလေး တောင်သမန်ရှိတယ်
မန္တလေးမှာ
မန္တလေး ကုသိုလ်တော်ရှိတယ်
မန္တလေးမှာ
မန္တလေးအတုမရှိကျောင်းရှိတယ်
မန္တလေးမှာ
မန္တလေးရွှေကျောင်းကြီးရှိတယ်
မန္တလေးမှာ
မန္တလေးဘူတာကြီးရှိတယ်
မန္တလေးမှာ
မန္တလေးဈေးချိုတော်နဲ့နာရီ စင်ကြီးရှိတယ်
မန္တလေးမှာ
မန္တလေးကိုချစ်တဲ့ မြို့သူ/သားတွေရှိတယ်
မန္တလေးမှာ
အတွင်ကျယ်ဆုံး မန္တလေး နန်းမြို့ကြီး ရှိတယ်
ရတနာပုံတွင်ခေါ် မန္တလေးရောက်မှ
လူလားမြောက်တယ် ဟေ့ လို့
ဌာန်ကရိုဏ်းကျကျ ရွတ်အော်လိုက်တယ်
မန္တလေးမှာသမိုင်းရှိတယ်
မန္တလေးသား/မန္တလေးသူရဲ့သတ္တိ
မန္တလေးသိတယ်
မန္တလေးအသားဖြူနေတာ
မန္တလေးမသိဘူး
မန္တလေးမျက်လုံးမှေးနေတာ
မန္တလေးမသိဘူး
မန္တလေးရွှေခြေကျင်းမဝတ်တော့ ဘူး
မန္တလေးစကားမပြီတော့ဘူး
ကာနယ်ဆလေဒင် ရေ
မင်းသိမ်းပိုက်သွားတဲ့မြို့ မှာ
မင်းကိုပြန်သိမ်းပိုက်မယ့် သူတွေများနေပြီ
နာရီစင်ကြီးလဲအချိန်မမှန်ေ တာ့ဘူး မန္တလေး
ဘာတွေဘယ်လိုပဲဖြစ်ဖြစ်
ဘယ်သူဘာပဲပြောပြော
ပြာပုံဘဝကိုအကြိမ်ကြိမ်ရောက် ခဲ့ပေမယ့်
ဖီးနစ်ငှက်လို ဝင့်ဝါစွာပြန်နိုင်တာ မန္တလေး
ကဗျာဆရာတွေ ညလုံးပေါက်
ကဗျာဖွဲ့တဲ့
ကဗျာထဲကမန္တလေး
အလိုမတူပဲ အပျိုရည်ပျက်ခဲ့ရတဲ့မန္တလေး
ကျွန်တော်တို့ ချစ်တဲ့မန္တလေး
မန္တလေးမျက်ရည်ကျတဲ့ မန္တလေး
နာရီစင်ရဲ့မျက်ရည်တွေကျုံးထဲကိုစီးတဲ့ မန္တလေး
မန္တလေး ရေ
ဘယ်လိုအချိန် ဘယ်လိုပဲဖြစ်ဖြစ်
ငါ့တို့တွေရဲ့ရင်ထဲမှာ အမြဲရှိပါတယ်
သမိုင်းကပေးတဲ့အခြေနေ
အခြေနေကပေးတဲ့သမိုင်းကြော င့်
မကယ်တင်နိုင်သေးတာ
ခွင့်လွှတ်ပေးပါ......ခွင့် လွှတ်ပါ
ခွင့်လွှတ်ပေးပါ.... မန္တလေး။
ကျယ်သလောက် နန်းမြိုးရိုးဟာ
မနက်ဖြန်တိုင်းအတွက် မရေရာခဲ့ မြို့
အပြောချို နှုတ်မစောင့်စီးတတ်ကြတော့တဲ့ မြို့
စာပေသမိုင်း တွင်ကျယ်နေခဲ့သလောက်
သာကော တွေ တွင်ကျယ်နေတဲ့ မြို့
မြန်မာ့သမိုင်းကို ဘယ်ကြိမ်နဲ့ရိုက်ရိုက်
အညစ်အကြေးတွေ လိမ်းကြံနေခံရဆဲ မြို့
ထောင်လောက် မရှုမလှ ဇာတ်ဆွဲနေဆဲမြို့
မော်တော်ပီကယ်တွေ လမ်းသလားခံ မြို့
အမျိုးသားယာဉ်နောက်လိုက်တွေ ပါးပါးလာ
အမျိုးသမီးယာဉ်နောက်လိုက်တွေ
တွင်ကျယ်တော့မယ်ဆိုတဲ့ မြို့
ဒေးဗစ်ရေ ....
မန္တလေးဟာ ကြက်သီးထလား ?
မန္တလေးက ခင်ဗျား သဝဏ်လွှာစောင့်ဆိုင်းနေရ
မန္တလေးဟာ
နန်းရှေ့မှာ ပိတ်မိနေတဲ့ ကားတွေ
ဆိုင်ကယ်တွေ စက်ဘီးတွေနဲ့ အတူ
တစ်နာရီ မိုင် ၄၀အထိ ပို့သ ခံစားရနေရလို့
ကျေးလက်သူတွေရဲ့နှုတ်ဖျားမှာ
တဖွားဖွား ရွတ်သခံနေရတဲ့ မြို့
မန္တလေးမှာ
မန္တလေး မဟာမြတ်မုနိဘုရားရှိတယ်
မန္တလေးမှာ
မန္တလေး တောင်ရှိတယ်
မန္တလေးမှာ
မန္တလေး တောင်သမန်ရှိတယ်
မန္တလေးမှာ
မန္တလေး ကုသိုလ်တော်ရှိတယ်
မန္တလေးမှာ
မန္တလေးအတုမရှိကျောင်းရှိတယ်
မန္တလေးမှာ
မန္တလေးရွှေကျောင်းကြီးရှိတယ်
မန္တလေးမှာ
မန္တလေးဘူတာကြီးရှိတယ်
မန္တလေးမှာ
မန္တလေးဈေးချိုတော်နဲ့နာရီ
မန္တလေးမှာ
မန္တလေးကိုချစ်တဲ့ မြို့သူ/သားတွေရှိတယ်
မန္တလေးမှာ
အတွင်ကျယ်ဆုံး မန္တလေး နန်းမြို့ကြီး ရှိတယ်
ရတနာပုံတွင်ခေါ် မန္တလေးရောက်မှ
လူလားမြောက်တယ် ဟေ့ လို့
ဌာန်ကရိုဏ်းကျကျ ရွတ်အော်လိုက်တယ်
မန္တလေးမှာသမိုင်းရှိတယ်
မန္တလေးသား/မန္တလေးသူရဲ့သတ္တိ
မန္တလေးသိတယ်
မန္တလေးအသားဖြူနေတာ
မန္တလေးမသိဘူး
မန္တလေးမျက်လုံးမှေးနေတာ
မန္တလေးမသိဘူး
မန္တလေးရွှေခြေကျင်းမဝတ်တော
မန္တလေးစကားမပြီတော့ဘူး
ကာနယ်ဆလေဒင် ရေ
မင်းသိမ်းပိုက်သွားတဲ့မြို
မင်းကိုပြန်သိမ်းပိုက်မယ့်
နာရီစင်ကြီးလဲအချိန်မမှန်ေ
ဘာတွေဘယ်လိုပဲဖြစ်ဖြစ်
ဘယ်သူဘာပဲပြောပြော
ပြာပုံဘဝကိုအကြိမ်ကြိမ်ရောက်
ဖီးနစ်ငှက်လို ဝင့်ဝါစွာပြန်နိုင်တာ မန္တလေး
ကဗျာဆရာတွေ ညလုံးပေါက်
ကဗျာဖွဲ့တဲ့
ကဗျာထဲကမန္တလေး
အလိုမတူပဲ အပျိုရည်ပျက်ခဲ့ရတဲ့မန္တလေး
ကျွန်တော်တို့ ချစ်တဲ့မန္တလေး
မန္တလေးမျက်ရည်ကျတဲ့ မန္တလေး
နာရီစင်ရဲ့မျက်ရည်တွေကျုံ
မန္တလေး ရေ
ဘယ်လိုအချိန် ဘယ်လိုပဲဖြစ်ဖြစ်
ငါ့တို့တွေရဲ့ရင်ထဲမှာ အမြဲရှိပါတယ်
သမိုင်းကပေးတဲ့အခြေနေ
အခြေနေကပေးတဲ့သမိုင်းကြော
မကယ်တင်နိုင်သေးတာ
ခွင့်လွှတ်ပေးပါ......ခွင့်
ခွင့်လွှတ်ပေးပါ.... မန္တလေး။
လေးစားစွာဖြင့်
ချမ်းမြ နှင့် ညီဆူးသစ်
ချမ်းမြ နှင့် ညီဆူးသစ်
No comments:
Post a Comment