Sunday, February 7, 2016

"မန္တ​လေးကို စာလုံး​ပေါင်းကြည့်​ခြင်း"




"မန္တ​လေးကို စာလုံး​ပေါင်းကြည့်​ခြင်း"


သူရဲ​ကောင်း​တွေ ကျိန်​စာသင့်​ခဲ့တဲ့မြို့​လေး
အခုအဲဒီမြို့​လေးရဲ့
မြို့တံခါး​တွေဖွင့်​​ပေးလိုက်​ရပြီ

သေနတ်​တစ်​ချက်​မှမ​ဖောက်​ဘဲ
ငါ့တို့မြို့​လေးကို သိမ်းပိုက်​သွား​ပေါ့

မြို့လည်​​ခေါင်​ကတိုက်​ခန်း​လေး
ကာလတန်​​ကြေးထက်​ မြင့်​တက်​သွားပြီ
အခုမြို့​လေးဟာ
သွေးဆုံး​နေတဲ့ မိန်းမကြီးအသွင်​နဲ့...
မြို့ဟာအခု
ခြိမ်း​ခြောက်​မှုကိုခံထားရတယ်

မြို့ဟာမသိခြင်း
များစွာကိုလည်းပိုင်​ဆိုင်​ထားတယ်​.....

မြို့ရဲ့အစိတ်​အပိုင်း​တွေကို
မြိန်​​ရေယှက်​​ရေစား​သောက်​ခံ​နေရတယ်​။

အခု​တော့ မြို့​လေးဟာ
ဒီဒဏ်​ရာ​တွေနဲ့ပဲ
အသားကျခြင်းမလှ ကျ​နေ​လေရဲ့....။    ။

လေးစားစွာဖြင့်
ချမ်းမြ

နိုဝင်​ဘာ ၁၄ ၊၂၀၁၄ စံ​တော်​ချိန်​သတင်းစာ

No comments:

Post a Comment