Sunday, February 7, 2016

"အလွမ်းတေးတွေ နဲ့ မန္တလေး"


"အလွမ်း​တေး​တွေ နဲ့ မန္တ​လေး"

 ၂၀၁၅ ဇွန်​ ၁၉ ၊ စံ​တော်​ချိန်​သတင်းစာ

ဒီမြို့​လေးမှာ
နန်း​တော်​ကြီး နဲ့ ကျုံးမြို့ရိုးကြီးလည်း ရှိ​သေးတယ်
မဟာမြတ်​မုနိ ဘုရားကြီး
ရွှေကျီးမြင်​ ၊ ချမ်းသာကြီး
ကျောက်​​တော်​ကြီး
တန်​ခိုးကြီးဘုရား​တွေ လည်းရှိ​သေးတယ်
ကုသိုလ်​​တော်​ဘုရား
ကျောက်​စာ​တွေ နဲ့
ဘုရား​ပေါ်ကခ​ရေပန်းသည် က​လေး​တွေလည်းရှိ​တယ်
အတုမရှိ​ကျောင်းနဲ့ ​ရွှေ​ကျောင်းကြီးရှိတယ်
မန္တ​လေး​တောင်​ နဲ့ ​မန္တ​လေး​ထောင်​ လည်းရှိတယ်
တောင်​သမန်​ နဲ့ ဦးပိန်​တံတားလည်း ရှိ​သေးတယ်
ဧရာဝတီ နဲ့ ​အောင်​ပင်​လယ်​ လည်းရှိ​သေးတယ်
ဈေးချို​တော်​ နဲ့ နာရီစင်​ကြီးလည်းရှိ​သေးတယ်
မြင့်​မြင့်​ခင်​ထိုးမုန့်​ နဲ့ အရီး​တောင်းလက်​ဖက်​လည်းရှိ​သေးတယ်
ရတနာပုံတက္ကသိုလ်​ နဲ့ ပန်​တျာ​ကျောင်းကြီးလည်းရှိ​သေးတယ်
မန္တလေးကိုအသက်လိုချစ်သော
"မန္တလေးချစ်သူများ" ရှိသေးတယ်
ဒီမြို့မှာ ကဗျာ​တွေလည်းရှိ​သေးတယ်
စာ​ရေးဆရာ​တွေရှိ​သေးတယ်
ဒီမြို့​လေးက
သမိုင်း​ကြောင်း​ကောင်းခဲ့​ပေမယ့်
နောက်​သမိုင်း​တွေမ​ကောင်း​တော့တဲ့မြို့
ဒီမြို့​လေးကို
သူရဲ​ကောင်း​တွေ​စောင့်​​ရှောက်​ခဲ့တယ်
ဒီမြို့​လေးက
လူစိတ်​ဝင်​စားမှု့များသလို
လူကြိုက်​လည်းများတယ်
ဒီမြို့မှာလူ​တော်​​တွေရှိသလို
လူစွမ်း​ကောင်း​တွေလည်းရှိ​သေးတယ်
ရှိသေး......ရှိသေး..အများကြီးရှိသေးတယ်
ဒီမြို့​လေးကို လက်​တသစ်​ခြင်း
ကယ်​​တင်​နေတဲ့သူ​တွေ ရှိသလို
တတိတိနဲ့ ပိပိရိရိဖဲ့စား​နေတဲ့သူ​တွေလည်းရှိတယ်
ရှိတယ်.....ရှိတယ်....တကယ် ရှိတယ်....။ 

လေးစားလျှက်
ချမ်းမြ

၂၀၁၅ ဇွန်​ ၁၉ ၊ စံ​တော်​ချိန်​သတင်းစာ

No comments:

Post a Comment