“ကျွန်တော့် အချစ်ဦး”
၅ ရက် ၊ ဖေဖော်ဝါရီ ၊ ၂၀၁၆ (သောကြာနေ့) စံတော်ချိန်နေ့စဉ်သတင်းစာ
"အုတ်ကျစ်ကျော်အေး မန္တလေး အောင်ကျော်ချမ်းအေး မန္တလေး" တဲ့။ကျွန်တော်ဒီမြို့လေးကိုသံယောဇဉ်ကြီးနေပါပြီ။တချို့စာရေးဖော်သူငယ်ချင်းတွေကဆို ကျွန်တော့်ကို ဒေသစွဲကြီးတယ်အမြင်ကျဉ်းတယ်ဆိုပြီးပြောကြပါတယ်။တကယ်တော့ကျွန်တော်ကအမြင်ကျဉ်းတာမဟုတ်ပါဘူး။ဒေသစွဲကြီးတာလည်းမဟုတ်ပါဘူး။ဒါဖြင့်ဘာလည်းဆိုတော့ မြတ်နိုးတာချစ်တာပါ။ဘာတွေမြတ်နိုးတာလည်းဆိုတော့မြန်မာ့ယဉ်ကျေးမှုအနုပညာမြို့တော်အဖြစ်ယနေ့တိုင်တည်ရှိနေတာကိုဂုဏ်ယူတာပါ။ရှေးဟောင်းယဉ်ကျေးမှုတွေကို မြတ်နိုးတာပါ။မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများကိုထိန်းသိမ်းစောင့်ရှောက်ထားတဲ့ နောက်ဆုံးခံတပ်ကြီး (The last bastion of Myanmar language and culture) အဖြစ်တည်ရှိနေခြင်းကြောင့်ပါ။ ဒါကြောင့် မန္တလေးမြို့ကိုသံယောဇဉ်ကြီးနေပြီလို့ဆိုရတာပါ။ပြီးတော့မန္တလေးကနေစာပေပညာရှင်တွေအများအပြားလည်းပေါ်ထွက်ခဲ့ပါတယ်။ဒါတွေကိုချစ်ခင်မြတ်နိုးလို့မန္တလေးကနေလည်းဘယ်မြို့ကိုမှစွန့်ခွာမသွားဘူးလို့လည်းဆုံဖြတ်ထားတာပါ၊
နောက်သမိုင်းတွေမကောင်းလူကြီးတွေမကောင်းတော့ပေမယ့်ကျွန်တော်ဒီမြို့လေးကိုချစ်နေတုန်းပါပဲ။လက်ဖက်ရည်ဆိုင်မှာသူငယ်ချင်းတစ်စုစကားပြောလို့ မန္တလေးမြို့ကို ဘာဖြစ်တယ်ညာဖြစ်တယ် တရုတ်မြို့ဖြစ်နေပြီဘာညာပြောရင်အရင်ဆံုးကျွန်တော်နဲ့ စကားများတာပဲ။ဒါကြောင့်တချို့သူငယ်ချင်းတွေက ကျွန်တော်ကို ရွှေမန်း လို့ဆိုပြီးနာမည်ပြောင်ပေးထာကြပါတယ်။ဒုတိယသမ္မတတော့မဟုတ်ဘူးဗျ။မန္တလေးကိုတအားချစ်လို့ပါ။ကျွန်တော် မန္တလေးကို စချစ်မိတဲ့အချိန်က အထက်တန်းကျောင်းသားဘ၀ တုန်းကဆရာမ ကျွန်တော်တို့ချစ်သောမြို့ဆိုတဲ့ခေါင်းစဉ်နဲ့ စာစီစာကုံးရေးခိုင်းပါတယ်။ကျောင်းဆင်း အိမ်ရောက်တော့ အိမ်ကလူတွေကိုပြောတာပေါ့။ကျွန်တော်ဘယ်မြို့အကြောင်းရေးရမလည်းဆိုတော့ ဦးလေးဖြစ်သူက နောက်ရက်ငါနဲ့လိုက်ခဲ့ပြီးရင် အဲဒီမြို့လေးအကြောင်းရေးတဲ့။နောက်ရက် ဦးလေး ကျွန်တော် မောင်ဗမာ စက်ဘီးလေးနဲ့ မနက်ကတည်းကထွက်လာတယ်။ကျွန်တော့်ကို မန္တလေးနန်းတွင်းအရင်ပို့ပေးတယ်။ပြီးတော့ ကုသိုလ်တော် ၊ အတုမရှိကျောင်း ၊ သုဓမ္မဇရပ်တန်း ၊ ဦးပိန်တံတားမန္တလေးမြို့ရဲ့အလှတရားတွေနဲ့ကျွန်တော်ကိုမိတ်ဆက်ပေးတယ်။ချစ်တက်အောင်လို့စသင်ပေးတယ်လေ။ကျွန်တော့်အချစ်ဦး က မန္တလေး ပေါ့။နောက်ပြီးတော့ဦးလေးက ကျွန်တော့်ကိုမန္တလေးသမိုင်းကြောင်းပြောပြတယ်။လူထုသတင်းစာတိုက်အကြောင်း ၊ အဘိုး လူထုဦးလှ နဲ့အဘွားလူထုဒေါ်အမာတို့အကြောင်းတွေပြောပြတယ်။ပြီးတော့ဦးလေးက ပြောတယ်။ကဲ မင်းချစ်တဲ့မြို့အကြောင်းရေးတော့တဲ့။ကျွန်တော်ချစ်တဲ့မြို့အကြောင်းရေးလာတာဟာ အဲဒီတုန်းကနေ ယနေ့ထိပဲပေါ့။ရေးလို့ကိုမဆုံးပါဘူး။သိပ်ချစ်စရာကောင်းတဲ့မြို့လေးပါ။တတိယမြိုကတော်ဖြစ်နေသော်လည်း ကမ္ဘာ့အဖော်ရွေဆုံးမြို့တွင် မန္တလေးမြို့ကပါဝင်နေသည်။ကျွန်တော်ချစ်သလိုမျိုး အခြားသူတွေကို ဒီမြို့လေးကိုချစ်စေချင်သည်။မြင်လှည်းသံတွေပြောက်သွားပြီး တရုတ်ဆိုင်ကယ်တွေပေါလာပေမယ့် မန္တလေးဟာ မန္တလေးပါပဲ။ရုံကြီးဆယ်နှစ်ရုံမဟုတ်တော့မဟုတ်တော့ပေမယ့် မန္တလေးဟာ မန္တလေးပါပဲ။
အရင်လို အငြိမ့်ပွဲတွေမပေါတော့ပေမယ့် မန္တလေးဟာ မန္တလေးပါပဲ။
ကျွန်တော်က မန္တလေးကို ရင်ထဲက လှုပ်ရှားတုန်ယင်စွာချစ်နေဆဲပါ။မန္တလေးကို ချစ်သူဖြစ်၏။မန္တလေးသည် ချစ်သူဖြစ်၏။အရင်တုန်းကမန္တလေး မဟုတ်တော့သော်လည်း ရင်ထဲက အလွမ်းတေးများစီစွာနဲ့မန္တလေးကိုချစ်နေအုံးမှာအမှန်ပင်ဖြစ်သည်။
မန္တလေးကျန်းမာပါစေ
မန္တလေး လွတ်မြောက်ပါစေ
မန္တလေးငြိမ်းချမ်းပါစေ
မန္တလေး အတွက်
ကျွန်တော့်ဆုတောင်းသံတွေ
မန္တလေး ကြားနိုင်ပါစေသား…။
မန္တလေး လွတ်မြောက်ပါစေ
မန္တလေးငြိမ်းချမ်းပါစေ
မန္တလေး အတွက်
ကျွန်တော့်ဆုတောင်းသံတွေ
မန္တလေး ကြားနိုင်ပါစေသား…။
ချစ်ခြင်းအားဖြင့်
ချမ်းမြ
၅ ရက် ၊ ဖေဖော်ဝါရီ ၊ ၂၀၁၆ (သောကြာနေ့)
စံတော်ချိန်နေ့စဉ်သတင်းစာ
No comments:
Post a Comment