(2.9.2015)မန္တလေးနေ့စဉ်သတင်းစာ
"ပုဂံ"
ပုဂံဟာ
မြန်မာတို့ရဲ့ အလှတရားသစ်
မြန်မာတို့ရဲ့ ယဉ်ကျေးမှုအစစ်
သူရဲကောင်း တွေ မွေးဖွားခဲ့တဲ့
သူရဲကောင်း တို့ ရဲ့ ကမ္ဘာ
အာနန္ဒာ ၊ ရွှေစည်းခုံ
တန်ခိုးကြီးဘုရားတွေ နဲ့
ဓမ္မအောင်လံလွှင့်နေဆဲ
ကမ္ဘာ့အလည်မှာ ပုဂံဟာ
ဒေါင်းပျိုမလေးတစ်ကောင်
ဒါမှမဟုတ်
လှပချိုမြိန်တဲ့ ကဗျာတစ်ပုဒ်
အနုပညာ နှလုံးခုန်သံ
ကဗျာ ရွတ်ဆိုသံတွေ နဲ့
ကမ္ဘာ့အလယ် မှာ
အမြဲတမ်း ရှင်သန်နေမယ့်....ပုဂံ
ချစ်ခြင်းအားဖြင့်
ချမ်းမြ
No comments:
Post a Comment