ချမ်းမြ ။ "မန္တလေးကို ချစ်တယ်"
ဧပြီ ၁၀ ရက်၊ ၂၀၁၅ နေ့ထုတ် စံတော်ချိန်သတင်းစာ
ကျုံးမြို့ရိုးကို သက်သေတည်ပြီး
ပြောမယ်....မန္တလေးမြို့ကိုချစ်တယ်
နာရီစင်နဲ့ဈေးချိုတော်ကို
သက်သေတည်ပြီးပြောမယ်
မန္တလေးမြို့ကိုချစ်တယ်
အတုမရှိကျောင်း တုန်လှုပ်သွားမယ်
မန္တလေးမြို့ကိုချစ်တယ်
မဟာမြတ်မုနိဘုရားကြီး
မန္တတောင်နဲ့မြွေကြီးနှစ်ကောင်
ကုသိုလ်တော်ဘုရားနဲ့ကျောက်စာတွေ
ဦးပိန်တံတားနဲ့မယ်ဇယ်ပင်တန်း
ရတနာပုံကျောင်းနဲ့ကျောက်တော်ကြီးဘုရား
အားလုံးကိုသက်သေတည်ပြီးပြောမယ်
ဟေ့ ငါ....မန္တလေးမြို့ကို တအားချစ်တယ်
ချစ်ခြင်းအားဖြင့်
ချမ်းမြ
No comments:
Post a Comment