Sunday, February 7, 2016

"၂၀၁၅ မန္တလေး"

26.6.2015)စံတော်ချိန်သတင်းစာ

"၂၀၁၅ မန္တလေး"
=============ချမ်းမြ

ဒီမြို့လေးနာမည်က
အင်၊ကြင်း၊ကြာ၊အုံ ရတနာပုံ
အုတ်၊ကျစ်၊ကျော်၊အေး မန္တလေး တဲ့

စကားလုံးတွေစီ အလှပဆုံး
ကဗျာ တစ်ပုဒ်ဖွဲ့ချင်ပေမယ့်
ရင်နာစရာတွေ နဲ့ တွေ့တွေ့နေရတော့
အင်းဝဂုဏ်ရည် အဖေ့ ရဲ့စကား
နားထဲမှာကြားလို့
မန္တလေးဟာအခု
"အရင်တစ်ခေါက်လိုပါပဲ
လင်နှစ်ယောက်ရခဲ့တဲ့ အမေ"

တစ်ခါတစ်လေတော့ မန္တလေးဟာ
ကုသိုလ်တော်ဘုရားပေါ်က
ပန်းသည် ကလေးတွေလို
ဘဝကနာတယ်...။

  လေးစားလျှက်
ချမ်းမြ
8/5/2015

No comments:

Post a Comment