Sunday, February 7, 2016

"မန္တလေးရဲ့ မရောက်မဖြစ်နေရာများ"

(၂၇.၇.၂၀၁၅)မန္တလေးနေ့စဉ်သတင်းစာမှ

"မန္တလေးရဲ့ မရောက်မဖြစ်နေရာများ"
==========================ချမ်းမြ

"မဟာမြတ်မုနိရုပ်ရှင်တော်မြတ်(ဘုရားကြီး)"


မန္တလေးမြို့ရဲ့အထင်ကရနေရာတစ်ခုပါ။ရန်ကုန်ရောက်လို့ ရွှေတိဂုံဘုရားမရောက်ရင်ရန်ကုန်ရောက်တယ်လို့ ခေါ်လို့မရသလို မန္တလေးရောက်လို့ မဟာမြတ်မုနိ(ဘုရားကြီး)ကိုမဖူးခဲ့ရဘူးဆိုရင် မန္တလေးကိုရောက်တယ်လို့ဆိုလို့မရပါဘူး။မန္တလေးသူ ၊ မန္တလေးသား တွေကတော့ မဟာမြတ်မုနိရုပ်ရှင်တော်မြတ် ကို အလွယ်တကူ ဘုရားကြီးလို့ခေါ်ကြပါတယ်။မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးက မင်းတုန်းမင်းတရားကြီး မန္တလေးမြို့ကိုတည်ထားခြင်းမပြုမီကပင်တည်ရှိခဲ့တာဖြစ်ပြီး ယခုဆို နှစ်ပေါင်း နှစ်ရာကျော်ကြာစံတော်မူပြီးဖြစ်သည်။ဘုရားကြီးတွင် တပို့တွဲလ ၊ တပေါင်းလ ၊ နယုန်လ ၊ ဝါဆိုလ ၊ သီတင်းကျွတ် စသည့်လများမှာတော့ ပွဲတော်များကိုစည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပါတယ်။ပွဲတော်ရက်တွေမှာဆို အငြိမ့်ပွဲ ၊ ဇာတ်ပွဲ များကိုဘုရားကြီးဘောလုံးကွင်းအတွင်းတွင်ဗလာပွဲများအဖြစ်ဖျော်ဖေတင်ဆက်လေ့ရှိသဖြင့် ဘုရားဖူးလာပြည်သူများလည်းလွှတ်လပ်စွာအပန်းဖြေကြည့်ရှု့နိုင်လေသည်။ထို့အပြင် အခါကြီးရက်ကြီးများတွင်လည်း ဘုရားဖူးလာပြည်သူများနှင့်ပြည့်ညက်လျက်ရှိပေသည်။မဟာမြတ်မုနိရုပ်ရှင်တော်မြတ်(ဘုရားကြီး)သည် ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်တွင်တည်ရှိသည်။

"ဦးပိန်တံတား"


အမရပူရမြို့နယ်အတွင်းရှိတောင်သမန်အင်းကိုဖြတ်ကျော်ပြီး အမရပူရမြို့ဟောင်းနှင့်ရတနာပုံတက္ကသိုလ်ကိုဆက်သွယ်တည်ဆောက်ထားပါတယ်။ဦးပိန်တံတားဟာ မြန်မာနှင့်ကမ္ဘာ့ကျော်ရှု့ခင်းကောင်းတစ်ခု ၊ အပန်းဖြေလေ့လာရန်နေရာတစ်ခုအဖြစ်ကျော်ကြားသည်။ကမ္ဘာ့အရှည်ဆုံးကျွန်းတံတားတစ်ခုလည်းဖြစ်သည်။အမရပူရမြို့ဝန်ဘိုင်ဆပ် ရဲ့မြို့စား စာရေးဦးပိန်တည်ဆောက်ခဲ့သောကြောင့် ဦးပိန်တံတားလို့အမည်တွင်ပါတယ်။ဦးပိန်တံတားကြီးဟာ အမရပူရ ရှေးဟောင်းမြို့ရဲ့အမှတ်သင်္ကေတစ်ခုဖြစ်လို မန္တလေးမြို့ ရဲ့ပြရုပ်တစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်မန္တလေးရောက်ရင်ဦးပိန်တံတားကိုအရောက်လာပြီးအပန်းဖြေနိုင်ပါတယ်။နိုင်ငံခြားကမ္ဘာ့လှည့်ခရီးသည်များပါနေ့စဉ်လာရောက်ကြည့်ရှု့ကြပါတယ်။တောင်သမန်အင်းစောင်းမှာလည်း သပ်ရပ်သောစားသောက်ဆိုင် ဈေးဆိုင်ခန်းများစွာရှိ၍ ပုဇွန်ကြော်၊အကြော်စုံနှင့်ရေနွေးကြမ်းလေးသောက်ရင်း တောင်သမန်ရဲ့ နေဝင်ဆည်းဆာလေးကိုခံစားရင်းပင်ပန်းခဲ့သမျှတွေအပန်းဖြေလို့ရတာပေါ့။ဒါကြောင့် ဦးပိန်တံတားဟာ မန္တလေးမြို့ရဲ့မရောက်မဖြစ်နေရာများထဲကတစ်ခုပါပဲ။

"ဈေးချိုတော်"


မန္တလေးကိုလာတဲ့ဧည့်သည်မှန်ရင် မန္တလေးနန်းတော်ကြီး ၊ မန္တလေးတောင် ၊ မဟာမြတ်မုနိဘုရားကြီး ၊ ဦးပိန်တံတား စတာတွေလည်ပတ်ပြီးလို့ ကိုယ့်မြို့ ကိုယ့်ရွာပြန်မယ်ဆိုရင် ဈေးချိုတော်ကို မဝင်ပဲမပြန်ပါဘူး။ကျွန်တော်တို့လူမျိုးတွေက တစ်မြို့တစ်ရွာကို အလည်သွားတယ်ဆိုရင် ပြန်လာတဲ့အခါမှာ အိမ်မှာကျန်ရစ်တဲ့သူတွေနဲ့ မိတ်ဆွေသူငယ်ချင်းအတွက် ရန်ကုန်သွားရင် ရန်ကုန်ပြန်လက်ဆောင် ၊ မန္တလေးလာရင် မန္တလေးပြန်လက်ဆောင်မျိုးဆိုတာတွေပေးနေကြလေ။အဲဒီတော့ မန္တလေးကပြန်မယ့်ဧည့်သည်က မန္တလေးပြန်လက်ဆောင်ဝယ်ပြီးမှပြန်ကြစမြဲပါ။ဒါကြောင့် မန္တလေးကိုရောက်ရင်ဈေးချိုတော်ကြီးကို မဝင်ပဲမရောက်ပဲနဲ့မပြန်ပါဘူး။မန္တလေးပြန်လက်ဆောင်တွေကဘာဝယ်ရမှာဆိုရင် လက်ဖက်ရယ် ထိုးမုန့်ရယ် ကအဓိကပေါ့လို့။ဒါကြောင့် ဈေးချိုတော်ကြီးကလည်း မန္တလေးရဲ့မရောက်မဖြစ်နေရာများထဲက တစ်ခုပါပဲ။မန္တလေးဈေးချိုတော်ကြီးဟာ ၂၆ လမ်း ၊ ၈၄-၈၅လမ်းကြားမှာတည်ရှိပါတယ်။

လေးစားစွာဖြင့်
ချမ်းမြ

No comments:

Post a Comment