Sunday, February 7, 2016

"ကမ္ဘာမကြေသီချင်း ရဲ့ နောက်ဆုံးနေ့ရက်များဆီသို့"

Chan Mya's photo.
"ကမ္ဘာမကြေသီချင်း ရဲ့ နောက်ဆုံးနေ့ရက်များဆီသို့"

   နိုဗယ် - မြန်မာ စာပေပွဲတော် ၂ ၀ ၁ ၆ အမှတ်တရ ကဗျာများ

အမှတ်(၉)စိန့်ပီတာကျောင်းမှာ
ကမ္ဘာမကြေသီချင်းကိုမညီမညာအော်ဆိုခဲ့ကြတာ
မင်းတို့ မှတ်မိနေအုံး မယ်ဆိုရင်
ငါတို့တွေ ကမ္ဘာမကြေဘူးသီချင်း ကိုတော့
ညီညီညာညာဆိုရအောင်

မှတ်မိအုံးမလား သူငယ်ချင်းတို့
မင်းတို့နဲ့ဘောလုံးကန်လို့ မဲသွားတဲ့ ကျောင်းအင်္ကျီအဖြူလေးလေ
အခုတော့ သွေးအစွန်းကွပ်တွေနဲ့ပေါ့
ငါလေ ဒေါင်းအလံကို ဆုပ်ကိုင်မိချိန်
အတန်းထဲမှာ မင်းတို့ကို ငါရွတ်ပြနေကြ
ရွှေဘုန်းလူ ရဲ့ "ကျောင်းဖွင့်ချိန်"ကဗျာက
ငါ့ နှလုံးသားမှာလာချိတ်နေတာ သတိမထားခဲ့မိဘူး
သူငယ်ချင်းတို့ မှတ်မိသေးလား
အတန်းထဲမှာ ငါ့ကို တွေ့တိုင်း
မင်းတို့ရေးထားတဲ့ အချစ်ကဗျာတွေ လာပြီးပြကြတယ်လေ
ဒီတစ်ခါ မင်းတို့ နဲ့ ငါ လမ်းမှာဆုံဖြစ်ကြရင်
သူငယ်ချင်းတို့ ရေးထားတဲ့ ကဗျာတွေထဲက
တော်လှန်ရေး ကဗျာတစ်ပုဒ်လောက် ငါ့ကိုပြစမ်းပါကွာ
တကယ်တော့
ငါတို့ လူငယ်တွေရဲ့ ဘဝဆိုတာ
ပန်းခင်းလမ်းထဲမှာလမ်းလျှောက်နေရတာမဟုတ်ဘူး
လေးဖြူ ရဲ့ အမဲလိုက်က သီချင်းလို
တောနက်ထဲမှာ လမ်းလျှောက်နေရတာ သူငယ်ချင်း
မတော်တဆ ဒီကဗျာကို မင်းတို့ ဖတ်ခဲ့မိရင်
ကမ္ဘာမကြေသီချင်း ရဲ့ နောက်ဆုံးနေ့ရက်တွေကို
ငါတို့ သူငယ်ချင်းတွေအားလုံး
ပြန်လည်အသက်သွင်း လွမ်းဆွတ်ကြမယ်။

ချစ်ခြင်းအားဖြင့်
ချမ်းမြ

န   နိုဗယ် - မြန်မာ စာပေပွဲတော်
၂ ၀ ၁ ၆
အမှတ်တရ ကဗျာများ

No comments:

Post a Comment