(၈.၁၂.၂၀၁၅)မန္တလေးနေ့စဉ်သတင်းစာ
"နာမည်လေးက မစီမာ"
ရောင်စုံစက္ကူလေးနဲ့ပတ်ထားတဲ့
အချဉ်ပေါင်းထုတ်လေးပေါ်က
အဖွားရဲ့ နာမည်ကို ဦးစံဖေ ကြောင့်
နားထဲစွဲနေတာ ခုထိပေါ့
အချဉ်ပေါင်းထုတ်လေးပေါ်က
အဖွားရဲ့ နာမည်ကို ဦးစံဖေ ကြောင့်
နားထဲစွဲနေတာ ခုထိပေါ့
ယူပါ ယူပါ တစ်ဆယ်
ဝယ်ပါ ဝယ်ပါ တစ်ဆယ်
တစ်ထုတ်မှတစ်ဆယ်ထဲ
ဇီးမလိုင် ဇီးငန်ပြား သရက်ပြား
နာမည်လေးက မစီမာ
အဖွားမစီမာ မရှိတော့ပေမယ့်
ရောင်စုံစက္ကူလေးပေါ်က
အဖွားနာမည် နဲ့ ဦးစံဖေ ရဲ့အော်သံတွေဟာ
မန္တလေးနန်းမြို့ရိုးလေးပေါ်မှာလွှင့်ပျံ့နေအုံးမှာပါ
(၂၀၁၅ ဒီဇင်ဘာ ၅ ရက်နေ့က ကွယ်လွန်သွားသော
အဖွားမစီမာသို့ ကြေကွဲလွမ်းဆွတ်ခြင်း)
ချစ်ခြင်းအားဖြင့်
ချမ်းမြ
ဝယ်ပါ ဝယ်ပါ တစ်ဆယ်
တစ်ထုတ်မှတစ်ဆယ်ထဲ
ဇီးမလိုင် ဇီးငန်ပြား သရက်ပြား
နာမည်လေးက မစီမာ
အဖွားမစီမာ မရှိတော့ပေမယ့်
ရောင်စုံစက္ကူလေးပေါ်က
အဖွားနာမည် နဲ့ ဦးစံဖေ ရဲ့အော်သံတွေဟာ
မန္တလေးနန်းမြို့ရိုးလေးပေါ်မှာလွှင့်ပျံ့နေအုံးမှာပါ
(၂၀၁၅ ဒီဇင်ဘာ ၅ ရက်နေ့က ကွယ်လွန်သွားသော
အဖွားမစီမာသို့ ကြေကွဲလွမ်းဆွတ်ခြင်း)
ချစ်ခြင်းအားဖြင့်
ချမ်းမြ
No comments:
Post a Comment