Sunday, February 7, 2016

"မရိုင်းတဲ့ သမိုင်း မသေတဲ့ အမည်"


 စံတော်ချိန်နေ့စဉ်သတင်းစာ ၂၇ ၊ နိုဝင်ဘာ ၊ ၂၀၁၅ သောကြာနေ့
   
"မရိုင်းတဲ့ သမိုင်း မသေတဲ့ အမည်"


ဗမာပြည် အမှောင်ခေတ်မှာ

အလင်းရောင်တွေဝေဖြာစေဖို့....


နတ်မောက် က

ဗိုလ်ချုပ်အောင်ဆန်း ကိုပေးတယ်။


မန္တလေး က

လူထုဒေါ်အမာ ကိုပေးတယ်။


ဗိုလ်ချုပ်အောင်ဆန်း က

ပြည်သူချစ်တဲ့ ခေါင်းဆောင်....။


လူထုဒေါ်အမာ က

ပြည်သူချစ်သောအနုပညာသည်...။


သူတို့အကြောင်း ခပ်ရိုးရိုးလေးပဲ


အမေမာတဲ့

လူသာသေပြီး နာမည်မသေတဲ့သူ

လူသာသေပြီး သမိုင်းမသေတဲ့သူ


၂၀၁၅ နိုဝင်ဘာ(၂၉)မှာ

အနှစ်တစ်ရာပြည့်ပြီ...။


အနှစ်တစ်ရာမဟုတ်ဘူး

ကမ္ဘာပျက်သုဉ်း အမှောင်ဖုံးတောင်

  ပြည်သူတွေရင်ထဲ ကျွန်တော့်ရင်ထဲ

အမြဲတမ်းစီးဆင်းနေမယ့် သမိုင်း...။

အမြဲတမ်းစီးဆင်းနေမယ့် နာမည်...။


{ချစ်ခြင်းအားဖြင့် အမေလူထုဒေါ်အမာ နှစ်တစ်ရာပြည့်သို့}

  မြေး - ချမ်းမြ

No comments:

Post a Comment