Monday, February 8, 2016

"မိနီ တို့ အဘိုး ဂျမ်း"

(17.7.2015)စံတော်ချိန်သတင်းစာ

"မိနီ တို့ အဘိုး ဂျမ်း"
===========ချမ်းမြ

မိနီ တို့ အဘိုး
ကယ်လီဖိုးနီးယားမှာ
  ဆေးလိပ်လည်းတို
  နေလည်းညိုခဲ့ပြီ....

အညာလမ်းက တမာတန်းမှာ
မိနီတစ်ယောက်တည်း
ကိုရင်ဂျမ်းအစမ်းစာကိုဖတ်လို့
အမေ့ကျောင်းက
က....ကလေးငယ်တွေအတွက်
ယုန်ကလေးက နားရွက်ထောင်
  ကြောင် ကလေးကလက်သည်းဝှက်
ညအခါလသာသာ
မမ ဝဝ ထထ က ဆိုတဲ့
ကလေးကဗျာတွေ အဘိုးဂျမ်းချန်ထားခဲ့တယ်.....။ ။

ပန်းဈေးခင်းက
အဘိုးဂျမ်း ရဲ့ ပန်းလက်ဆောင်နဲ့အတူ
ဖန်မီးအိမ်လေးတစ်လုံး
ထီးကလေးနဲ့မိနီတို့အဘိုး
ပုဂံကျောင်းက
  ခေါင်းလောင်းသံတွေမတိတ်ခင်
  နှင်းဆီပန်းပွင့်ပေါ်မှာမအိပ်ဆက်ပဲ
ကံ့ကော်ရိပ်မှအိမ်မက်များနဲ့အတူ
  လော့စ်အိန်ဂျလစ် နေအိမ်နီးက
လက်ဖက်ရည်ဆိုင်မှာ
မိနီ တို့ အဘိုး ဂျမ်း
ထာဝရအိပ်ဆက်ခဲ့ပြီ....။ ။

{ကဗျာဆရာကြီးတင်မိုးသို့ သတိရလွမ်းဆွတ်မိခြင်း}

  လေးစားစွာဖြင့်
ချမ်းမြ

No comments:

Post a Comment