Sunday, February 7, 2016

"နေပြည်တော်"

Chan Mya's photo.
"နေပြည်တော်"

ပင်နီတိုက်ပုံတွေ မြို့လေးကိုလာတော့
မြို့လေးက အလိုက်သိစွာ မိုးအုံ့ပေးတယ်

လွှတ်တော်ကို ပင်နီတိုက်ပုံတွေဝိုင်းတဲ့နေ့က
ဆင်ဖြူတော်တွေက မြူးပြီးကတယ်

ဒါ.....အတိတ်တွေ လား....?
ဒါ.....နမိတ်တွေလား.....?

ကဲ....အခု
ပင်နီတွေမြို့လေးကို ဝိုင်းထားလိုက်ပြီ
ခရိုနီအားလုံးငြိမ်......။ ။

{နေပြည်တော် စည်ပင်ဧည့်ရိပ်သာ
အဆောင် ၃၁ / အခန်း ၀၈}

ချစ်ခြင်းအားဖြင့်
ချမ်းမြ

၁ ရက် ၊ ဖေဖော်ဝါရီလ ၊ ၂၀၁၆

Photo by MoeMaKa Media

No comments:

Post a Comment